ပုံနှိပ် လုပ်ငန်းသုံး စာရွက် အချိုးတွက်နည်း
( အပိုင်း - ၁ )
****************************
ကျနော်တို့ ပုံနှိပ်သမားတွေ သုံးတဲ့စာရွက်တွေထဲမှာ ချွင်းချက် တချို့ကို ထားခဲ့ပြီး အသုံး အများဆုံး စာရွက်ဆိုဒ်တွေနဲ့ အရင်ဆုံး မိတ်ဆက်ပေးပါရစေ... စာရွက်ဆိုဒ်တွေကတော့
• Wood free (or) ကိုရီးယားစာရွက် (W/F)
========================
မိတ္တူ ဆိုင်တွေမှာ လက်ရှိသုံးနေတဲ့ စာရွက် အဖြူတွေပါ ပုံမှန် အသုံး အများဆုံးကတော့ 70g, 80g, တွေဖြစ်ပြီး 60g တွေလည်း ရှိပါသေးတယ်
• China Paper တရုတ်စက္ကူ
================
အထက်ပါ wood free လိုဖြစ်ပြီး သူ့ထက် အရည်အသွေး နိမ့်ပါတယ် နည်းနည်း ပါးပြီး ကြမ်းပါတယ် 55g, 60g, 70g တွေ ရှိပါတယ်