menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
Showing posts with label iPhone fb မှ video များကို ဒေါင်းနည်း. Show all posts
Showing posts with label iPhone fb မှ video များကို ဒေါင်းနည်း. Show all posts

iPhone fb မှ video များကို ဒေါင်းနည်း





[ Zawgyi ]
Facebook က ရေပန်းစားတဲ့ လူမှုမီဒီယာဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ တစ်ရက်ကို တစ်ကမ္ဘာလုံး အသုံးပြုပေါင်း ၂.၃ သန်းကျော် ရှိပါတယ်။ အများစုက မိုဘိုင်းဖုန်းကနေ အသုံးပြုကြတာဖြစ်ပါ တယ်။ iOS မှာသုံးတဲ့ Facebook app ကလည်း အသုံးပြုရတာ ကောင်းမွန်ပေမယ့် ဖုန်းထဲကို ဗီဒီယိုဖိုင်တွေတော့ Download လုပ်ဖို့ ခွင့်မပြုထားပါဘူး။ မိမိအနေနဲ့ iPhone ဒါမှမဟုတ် iPad ကိုသုံးနေတယ်ဆိုရင်တော့ Facebook ဗီဒီယိုတွေကို Download လုပ်ဖို့အတွက် third-party app တစ်ခုရှိပါတယ်။ အဲဒါက MyMedia app ပါ။
MyMedia app က တကယ်တော့ File Manager app ပဲဖြစ်ပါတယ်။ ဒီ App က ဖုန်းထဲကို ဘယ်ဗီဒီယိုဖိုင် အမျိုးအစားကိုမဆို Download လုပ်ခွင့်ပြုတဲ့အတွက် မိမိအနေနဲ့ Facebook က ဗီဒီယိုတွေကို အလွယ်တကူ Download ပြုလုပ်နိုင်မှာဖြစ်သလို အဲဒီ App က အခမဲ့ အသုံးပြုနိုင်တဲ့ App ဖြစ်ပါတယ်။
MyMedia App ကို အောက်က QR ကတစ်ဆင့် Download လုပ်ပါ။