
Windows Network Profiles (Network Locations) များရဲ့သတိပြုစရာများ
+-+-+-+-+-+-+-+-+-+-+-+-+-+-+-+-
Network အသစ်တစ်ခု ကို ချိတ်ဆက်လိုက်ပြီဆိုတာနဲ့ Windows 7 ဟာ ဖော်ပြပါ ပုံအတိုင်း အသုံးပြုသူကို Network Profile Type (Network Location) ကိုမေးပါတယ်။
Home ရယ် Work ရယ် Public ရယ်ဆိုတဲ့ Network Profile Type သုံးမျိုးကို ရွေးချယ်ခိုင်းပါတယ်။
အသုံးပြုသူ အများစုဟာ ဘယ် Network ကို ဝင်ဝင် Home ဆိုတဲ့ အပေါ်ဆုံးမှာ ရှိတဲ့ Profile ကိုပဲ အလွယ်တကူ နှိပ်လိုက်မိကြတာ များပါတယ်။
မိမိ တကယ်ရောက်ရှိနေတဲ့ နေရာ မိမိ Network ရဲ့ လုံခြုံရေးအခြေအနေ ဒါတွေပေါ်မှာ အခြေခံပြီး မှန်ကန်တဲ့ Location ကိုရွေးခြယ်ပေးနိုင်ဖို့ လိုပါတယ်။