ကျွန်တော်မကြာခဏအမေးခံရသောမေးခွန်းတစ်ခုရှိသည်။ ထိုမေးခွန်းမှာ
“ကျွန်တော် Web Developer ဖြစ်ချင်တယ်။ ဘယ်ကစလေ့လာရမလဲ”
ဆိုသောမေးခွန်းဖြစ်သည်။
မေးမြန်းသူအများစု၏ ပြဿနာမှာ HTML,CSS, JavaScript, PHP, Java,.NET,SQL စသည့် Markup Language,Programming Language များ၏ အမည်များကြားတွင်ပိတ်မိနေပြီး ဘယ်ဟာကဘယ်လို စလေ့လာရမှန်းမသိဖြစ်နေကြခြင်းဖြစ်သည်။
နားလည်ပြီးသူများအဖို့ ဘာမှမခက်ခဲသော်လည်း ယခုမှ စတင် လေ့လာမည့်လူတစ်ယောက်အတွက်တော့ ထိုမြောက်များလှစွာသော နည်းပညာအမည်များသည် စိတ်ရှုပ် စရာဖြစ်သည်။