menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
Showing posts with label Tripod ဝယ်တော့မယ်ဆို ဒါအရင်ဖတ်. Show all posts
Showing posts with label Tripod ဝယ်တော့မယ်ဆို ဒါအရင်ဖတ်. Show all posts

Tripod ဝယ်တော့မယ်ဆို ဒါအရင်ဖတ်

 

Tripod ဝယ်တော့မယ်ဆို ဒါအရင်ဖတ်ပါ
ဓာတ်ပုံသမားတယောက် Tripod ဘယ်လောက်များများ ဝယ်ဖို့လိုသလည်းဆိုတော့ စစ်စစ်ပေါက်ပေါက် ပြောရရင် တချောင်း ရှိရင် ရပါတယ်။ ဒါထက်ပိုရင် Tripod ၂ ချောင်းဆို လုံလောက်ပါတယ်။ ကိုယ်က ကင်မရာတွေအမျိုးမျိုး လျှောက်ကိုင်နေမယ်၊ ဓာတ်ပုံတွေလည်း အကြောင်းအရာအစုံရိုက်မယ်၊ ကိုယ်သုံးမယ့်ကင်မရာ၊ ကိုယ်ရိုက်မယ့်ဓာတ်ပုံအမျိုးအစားနဲ့ လိုက်ဖက်တဲ့ Tripod တွေကိုပဲ သုံးမယ်ဆိုရင်တော့ Tripod တွေလည်း အမျိုးမျိုး လိုလာပါလိမ့်မယ်။ ဒီလိုမဟုတ်ပဲ အခုမှ ဓာတ်ပုံတွေ စရိုက်မယ် ၊ ဘယ်လို Tripod မျိုး ဝယ်ရမလည်းဆိုရင်တော့ ထည့်ပြီး စဉ်းစားရမယ့်အချက်တွေ ရှိလာပါတယ်။ အတွေ့အကြုံတွေကို အခြေခံပြီး အကြံပြုပေးပါမယ်။