ကျနော်တို့ Photoshop စသင်ခါစက အရင်ဆုံး စစချင်းထဲမှာပါတဲ့ ဒီပုံရိပ်ထင်အောင် လုပ်နည်းလေးကို လေ့ကျင့်ခန်းတခု အနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ ဒီနည်းလေးနဲ့ မိမိတို့ရဲ့ ပုံလေးတွေကို ပုံရိပ်လေးတွေထင်အောင် အလွယ်တကူ ဖန်တီးယူလို့ ရမှာ ဖြစ်ပါတယ်..။ စာတွေအများကြီး ရေးမနေတော့ပါဘူး.. အောက်ကပုံလေးတွေ အတိုင်းသာ လိုက်လုပ်ကြည့်ကြပါဗျာ.. တဆင့်ချင်းစီပြထားလို့ ပုံတွေတော့ နည်းနည်းများပါတယ်.. ဒီပိုစ့်ကို ကျနော် PDF ဖိုင်နဲ့ ထုတ်ပေးထားပါတယ်.. အရင်တုန်းက Photoshop လေ့ကျင့်ခန်းလေးတွေကိုလည်း နောက်တင်မယ့် ပိုစ့်မှာ PDF ဖိုင်နဲ့ စုပြီးပြန်လည် ထုတ်ပေးသွားပါအုန်းမယ်..
ကျနော် ဒီလေ့ကျင့်ခန်းလေးကို Photoshop CS3 Portable နဲ့ ဖန်တီးပြထားတာ ဖြစ်ပါတယ်.. Photoshop Portable တွေထဲမှာတော့ ဒီ CS3 လေးက အတော်လေး အသုံးပြုရ အဆင်ပြေလို့ပါ.. ကျနော့်ဆိုဒ်ထဲမှာ တင်ပေးထားတာ ရှိပါတယ်.. လိုအပ်တဲ့သူများ ဒီနေရာကနေ သွားယူလိုက်ပါဗျာ.. Photoshop CS3 ရှိပြီဆိုရင်တော့ ဒီလေ့ကျင့်ခန်းလေးကို စလိုက်ကြရအောင်..
Photoshop CS3 ကိုဖွင့်ပါ.. အောက်ကပုံအတိုင်း မိမိတို့ ပြုလုပ်ချင်တဲ့ ပုံတပုံကို ယူလိုက်ပါ.. ကျနော်ကတော့ ကာတွန်းပုံလေးတွေနဲ့ လုပ်ပြထားပါတယ်..