Laptop တစ်လုံးကို အသစ်ဝယ်ယူပြီဆိုရင် များသောအားဖြင့် ဝယ်ယူတဲ့ဆိုင်တွေမှာပဲ ရွေးချယ်ဝယ်ယူပြီး လိုအပ်တဲ့ Software တွေနဲ့ အစပိုင်းပြင်ဆင်မှုတွေကို လက်တန်းသုံးလို့ရတဲ့အဆင့်ထိရောက်အောင် အပ်လိုက်ပြီး အကုန်လုံးပြီးမှ တစ်ခါတည်းတန်းသုံးကြတာများပါတယ်။ အခုဒီ Article ကနေပြီးတော့ ကိုယ့်စိတ်တိုင်းကျပြင်ဆင်နိုင်ဖို့နဲ့ နောက်ပိုင်းသုံးနေတဲ့အချိန်မှာ error မတက်အောင် ဝယ်ယူပြီးတာနဲ့ ဘာတွေပြုလုပ်သင့်လဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
(၁) Windows ကို အသစ်ပြန်တင်နိုင်တယ်ဆိုရင် ပြန်တင်ပါ
Windows 10
လက်ရှိ ရောင်းချနေတဲ့ Laptop ကွန်ပျူတာတွေက Cracked Windows နဲ့ အခြား Software အနည်းငယ်ပါဝင်ပြီးသားပါ။ ဒါပေမယ့် သူ့မှာပါတဲ့ Windows တွေက Windows 10 ဆိုရင်တောင် Version နိမ့်နေတတ်တဲ့အတွက် ဖြစ်နိုင်ရင် Latest Windows CD တစ်ချပ်ဝယ်ပြီး Windows အသစ်ပြန်တင်လိုက်တာက နောက်ပိုင်း Internet ချိတ်သုံးတဲ့အခါမှာ နောက်ကွယ်ကနေ အလိုအလျောက် Windows Update download ဆွဲနေတာကို ကာကွယ်ပြီးဖြစ်သလို Features အသစ်တွေကိုလည်း သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ပိုပြီးကောင်းတဲ့အချက်က Hard disk Partition ကို Windows အသစ်ပြန်တင်တာဖြစ်တဲ့အတွက် ကိုယ်နှစ်သက်သလို ပြန်ပိုင်းလို့ရတာပါ။