menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
Showing posts with label Digital Multimeter တိုင်းနည်းနှင့် မှားနိုင်သည့် အယူအဆများ. Show all posts
Showing posts with label Digital Multimeter တိုင်းနည်းနှင့် မှားနိုင်သည့် အယူအဆများ. Show all posts

Digital Multimeter တိုင်းနည်းနှင့် မှားနိုင်သည့် အယူအဆများ

မီတာတိုင်းနည်းကို ပုံသေမှတ်စရာ မလိုအောင်
ယူဆခြင်းနှင့် မှားနိုင်သည့် အယူအဆများ

ရိုးရိုး analog မီတာသည် 1X လိုင်း၌ထားတိုင်းစဉ်
မီတာလက်တံအရောင်နှင့် ဆန့်ကျင်ဘက်ဖြစ်သော
ဗို့အား 3V ခန့်ထွက်ရှိပြီး

Digital မီတာမှာကြတော့ မီတာအနီတံသည် အပေါင်း
အနက်တံသည် အနှုတ်ဗို့ မှန်ကန်စွာ ထွက်ရှိနေတာမို့

မီတာတိုင်းသည့်အခါ
ရိုးရိုးမီတာနှင့် Digital မီတာသည် ပြောင်းပြန်ယူဆရပါမည်

Digital Multimeter အသုံးပြုနည်း

Short ရှိ မရှိ သိလို၍ အုမ်းမီတာဖြင့်
တိုင်းကြည့်မိသည့်အခါ လျှပ်သိုခေါ် Capacitorများ၏ဗို့အားသိုလှောင်ထားမှုကြောင့်
အုမ်းမီတာ ပျက်ယွင်းရမှုများကြုံဖူးကြမှာပါ

ဗို့အားပေးသွင်းထားချိန် short မတိုင်းရပါဘူး
လမ်းကြောင်းကောင်းမကောင်း အုမ်းတန်ဖိုးမတိုင်းရပါဘူး
မီတာပျက်တတ်ပါတယ်