menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
Showing posts with label Apple ID ကို Secure ဖြစ်အောင်လုပ်နည်း. Show all posts
Showing posts with label Apple ID ကို Secure ဖြစ်အောင်လုပ်နည်း. Show all posts

Apple ID ကို Secure ဖြစ်အောင်လုပ်နည်း


ပို့စ်က နည်းနည်းတော့ ရှည်ပါတယ် ။ အချိန်လေးပေးပြီး သေချာ ဖတ်ကြည့်ကြစေချင်ပါတယ်ခင်ဗျ ။

Apple ID

iPhone , iPad , iPod Touch & Mac တို့ကို စတင် အသုံးပြုပြီ ဆိုတာနဲ့ တပြိုင်နက် သိလာရမှာ , သိထားရမှာက Apple ID အကြောင်းပါပဲ ။

ဒီဂျစ်တယ်မှတ်ပုံတင် တစ်ခုအဖြစ် မှတ်ယူနိုင်တဲ့ Apple ID ဟာ Apple ထုတ် iDevices တွေရဲ့ အသက်ပဲ ဖြစ်ပါတယ် ။

Apple ID နဲ့ iCloud ကို Sign in ဝင်နိုင်တယ် ။ App Store ပေါ်က Applications တွေကို ဒေါင်းလုတ်ဆွဲနိုင်မယ် ။ ဂိမ်းတွေရောပေါ့ ။ ဒီ ID ကြောင့်ပဲ iDevices တွေရဲ့ လုံခြုံမှုဟာ ပိုမိုကောင်းမွန်နေရတာပဲ ဖြစ်ပါတယ် ။

ဒီတော့ Apple ID ဟာ ကျနော်တို့အတွက် အရေးကြီးတာဖြစ်လို့ သူ့ရဲ့ Security ကို လုံခြုံစိတ်ချအောင်လို့ လုပ်ထား , စီမံထားဖို့ လုပ်ထားရတော့မှာပေါ့ ။ ( မဖြစ်မနေ လုပ်ကို လုပ်ထား ရပါမယ် ။ )

ဘယ်လို ID မျိုးကို အသုံးပြုနေကြလဲ ?
အခြားနိုင်ငံက ယူစာတွေကို မပြောပါဘူး ။ မြန်မာပြည်က ယူစာတွေအကြောင်းကို ပြောပါမယ် ။
iPhone တစ်လုံးကို သွားဝယ်တယ် ဆိုပါစို့ ။