Error 404 ဆိုတာကို Internet သုံးနေရင်း Link တွေကိုနိုပ်လိုက်ရင်တစ်ခါတရံတွေ့မြင်ရမဲ့စာသားဖြစ်ပါတယ်။ဒါပေမဲ့ 404 ဆိုတာဘာကိုဆိုလိုတာလဲ?
တစ်ကယ်တော့ error 404 ဆိုတာ HTTP status code ဖြစ်ပါတယ်။
HTTP status code တွေက 100 ကနေ 599 အထိရှိပါတယ်။ HTTP ဆိုတာ Hypertext transfer protocol ဖြစ်ပြီး server နဲ့ client ကြားမှာအလုပ်လုပ်တဲ့ Internet Protocol တစ်ခုဖြစ်ပါတယ်။ HTTP က unsecure ဖြစ်ပြီး HTTPS က secure ပိုဖြစ်ပါတယ်။ HTTP က data ကို Port 80 ကပို့လွှတ်ပြီး HTTPS က Port 443 ကိုသုံးပါတယ်။ secure ပိုဖြစ်တယ်ဆိုတာ HTTPS က SSL certificate ကိုသုံးထားလို့ပါ။ Information ကို encrypted လုပ်ထားပြီး connection ကိုပိုပြီးလုံခြုံစေပါတယ်။အဲ့တာကြောင့် ကိုယ်မသိတဲ့ website တွေဆို HTTPS မဟုတ်ရင်မဝင်တာကောင်းပါတယ်။