32-bit and 64-bit
=============
ကွန်ပျူတာမှာ 32-bit Windows OS တင်မလား၊
64-bit Windows OS တင်မလားဆိုတာ မပြောခင် Processor (CPU) အကြောင်းကို ဦးစွာ အနည်းငယ် ပြောချင်ပါတယ်။
32bit နဲ့ 64bit Processor
.........................................
Processor တစ်လုံးရဲ့ အတွင်းပိုင်းမှာ Register ဆိုတဲ့ အစိတ်အပိုင်းတစ်ခု ရှိပါတယ်။ Processor မှ လက်ရှိ execute လုပ်ဖို့ လိုအပ်တဲ့ data များကို ထည့်ထားတဲ့နေရာဖြစ်ပါတယ်။
Processor ထဲမှာ data/ instruction တွေ တစ်နေရာနဲ့တစ်နေရာ ပေးပို့သယ်ဆောင်ပေးတဲ့ Internal Data Bus ဆိုတဲ့ လမ်းကြောင်းတစ်ခုလည်း ရှိပါတယ်။ ၎င်း Internal data bus ပေါ်မှာ တစ်ကြိမ် တွင် data ပမာဏ ဘယ်လောက်ထိ သယ်ယူပေးနိုင် သလဲဆိုတာ Register ရဲ့ size အပေါ် မူတည်ပါတယ်။