menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

ရိုးရိုး { Manual Gear car } ကို ဘယ်လို မောင်းမလဲ.....?

 Manual Gear car




ရိုးရိုး {Manual Gear}  ကို ဘယ်လို မောင်းမလဲ.....? 

-------------------------------------------------------------------------------------------------------

ကား မ မောင်းတတ်သေး တဲ့ fri များ အတွက် ဗဟုသုတ နှင့် အခြေခံနားစေလည် ရန် ရည်ရွယ်ထားပါသည် ။ 

( manual gear type )ကို ဖော်ပြ ပါမည် ။

manual gear သည် အောက် တွင် ပြထားသည့် နမူနာပုံစံအတိုင်း ထိုးရမည်။

manual gear ကားများတွင် ခြေနင်း ၃ ခု ပါသည်။

 ညာဘက် အစွန် သည် လီဗာ

 အလယ် သည် ဘရိတ်

 ဘယ်ဘက်တွင် ကလပ် ရှိသည် ။ 

 ဘရိတ်နှင့် လီဗာကို ညာခြေဖြင့် သုံးရမည်ဖြစ်ပြီး

  ကလပ်ကိုဘယ်ခြေဖြင့် သုံးရမည် ။ 

 လီဗာကို ကား အရှိန်မြှင့်၇န်

 ဘရိတ် ကို အရှိန် လျှော.ရန် 

 ကလပ် ကို gear freeပြုလုပ် ရန် သုံးသည် ။ 


ဂီယာ numberအားသိရန်စမ်းသပ် ပုံမှာကလပ် ကိုနင်း၍ gear တံကို ဘယ်ညာ လှုပ် ရမ်းကြည့် လိုက်ပါ။

အနည်းငယ်သာလှုပ်၍ရပြီး ထောက်နေပါက gear ၀ငျနသေညျ။အောကျမှပုံကို ကြည့် ၍လေ့လာပါ။

 ဂီယာ တည် ရှိ ရာ နေရာ ကို ထို ပုံကို ကြည်.၍ ခန့်မှန်းပါ။

 ဂီယာတံအား N နေရာရောက် အောင် ကလပ် နင်းပြီး ရွှေ့လိုက်ပါ။

 ဂီယာ တံကို ဘယ်ညာ လှုပ် ကြည့်ပါက ချောင်ချောင် ချိချိ လှုပ်၍ရ ပြီဆို ပါက gear free အ နေ အထားပင် ဖြစ်သည် ။ 

 ကားကို စက်စနှိုး တော့မည် ဆိုပါက gearကို free အ နေအထားရှိရမည်။

 ကလပ်ကိုနင်း ၍နှိုး ရမည်(gear freeဖြစ်ပါက နှိုး ၍၇သော ကြောင့် N နေ ရာတွင် ထား လျှင် လည်း ရ သော ကြောင့် Nနေရာသို့ ရှေ့ထားပါက ပို ကောင်းသည်)မြေ မညီ ပါ က ကား လိမ့် နိုင် သဖြင့် brakeကို လည်း နင်း ထားပါ။




 ထို့ နောက် သော့ကို ညာလှည့် ပြီးစက်နှိုး လိုက်ပါ ။

 စက်နှိုး ပြီးပါက ကလပ် ကို နင်းထားရင်း gear ကို 1နေ ရာ သို့ ထိုး လိုက်ပါ ။

 လီဗာကို အနည်း ငယ် နင်း ထားပြီးကလပ် ကို ဖြေးဖြေး ချင်း လွှတ်လိုက်ပါ ။

 ကားသည် ဖြေးဖြေးချင်း ရွှေ့သွားပါက ကလပ်ကို လွှတ် ရင်း လီ ဗာကို အနည်းငယ် ထပ် နင်း ပါ(လီဗာ ကို မနင်း ထား ပါက စက် ရပ် သွားမည်) 


 ကလပ် ကို အဆုံး လွှတ်ပြီး လီဗာကို နင်းထားပါက ကား စတင် ပြေးမည် ဖြစ်သည်။

 လီဗာကို မြှင့် မောင်း ရင်းကားသည် လို သ လောက် မ ပြေးဘဲ လေး နေ ပါက ကလပ် ကို နင်း ၍ ဂီယာ ကို 2,3,4,5အစဉ် လိုက် တင် ၍ မောင်းပါ ။ 

 အရှိန် နည်းနည်း ဖြင့် ဘရိတ် အုပ် လျှင် ကလပ် တွဲနင်း ပါ ။

 ဂီယာ နံ ပါတ် အ သေး သည် အကြီး လောက် မမြန် သော် လည်း ရုန်း အားပို ကောင်းသည်။

(ဂီယာ ပင်နယံ ကို မဆိုလိုပါ။ နံပါတ် ၁ သည် ၄ လောက် မမြန်)

 အမြင့် တက် ရာ တွင် နံပါတ် အ သေး ပြောင်းပါ ။

 ဂီယာ ကို လို သလို ပြောင်းလဲ အသုံး ပြုနိုင် အောင် လေ့ ကျင့် ပါ ။

 ကားကို နောက် ဆုတ်မည် ဆို ပါက R နေ ရာ တွင် ဂီယာကိုထားရမည် ။

 နောက်ကြည့် မှန် ကို ကား.မောင်း တိုင်း ကြည့် ရမည်။

 ထိုမှန်မှသာ ကြည့် ၍ နောက်မှ အရာများကို မထိ အောင် မောင်း ရမည် ။ 




ကုန်းတက်မှာ ရပ်ထားမယ်ဆိုရင်

 ကလပ်နဲ့ ဘရိတ်တွဲနင်းပါ(အချိန်အဆ တော့ လိုပါတယ်)

 နံပါတ် ၁ ထိုးထား ပါ။

 ဟန်းဘရိတ်ဆွဲထားပါ။

 စက်သတ်ပါ။ 

ပြန်ထွက်ချင်ရင် 

 ဟန်းဘရိတ် ကောင်းရင်(ဝန် ကို ထိန်းနိုင်ရင်)

တော့ 

 ကလပ်နင်း၊ စက်နိုး ၊

 လီဘာမှေးရင်း

 ဟန်းဘရိတ်ဖြုတ် ၍ တက်သွားရင်ရပါတယ်။ 

ဟန်းဘရိတ် မကောင်း(ဝန်ကို မနိုင်ရင်)တော့

 ဘရိတ်နင်းထားပါ။(လီဘာနဲ့ ဘရိတ်တွဲ  နင်းရမယ်)

 ကလပ်နင်း၊စက်နိုး

 ဟပ်ကလပ်သုံး၍ တက်ရပါမယ်။

ကလပ်နှင့်လီဘာ ကိုကျွမ်းကျင်အောင် လေ့ကျင့်နေမှ အဆင်ပြေပါမယ်။ 

 နောက် ဆုံး အ နေ နဲ့ fri များကို ပြောချင် တာက ကား စ မောင်း ပါက-

 မိမိ ကိုယ်ကို ယုံပါ။ 

 မကြောက်ပါနဲ့။

 စိတ်ကို ရဲ ရဲ ထားပါ ။

မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit 

ပေးပါသည်။

#photocredit

No comments:

Post a Comment

မင်္ဂလာပါ..