♦️ဂရန်မြေကိုအရပ်စာချုပ်ဖြင့်ဝယ်လျှင်ပိုင်ဆိုင်မှုခိုင်မာသလား..?♦️
----------------------------------------------
🔰ဂရန်မြေကို အရောင်းအဝယ်ပြုလုပ်ကြသည့်အခါ မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်
လိုအပ်သဖြင့် စာချုပ်ချုပ်ဆိုမှသာ
တရားဝင်အရောင်းအဝယ်ဖြစ်သည်ဟု
သတ်မှတ်နိုင်ပါသည်။ တစ်ချို့အရောင်းအဝယ်
ပြုလုပ်ကြရာတွင် အရပ်ကတိ
အရောင်းအဝယ်စာချုပ်ချုပ်ဆိုပြီး
ဂရန်အမည်ပေါက်သူထံမှ
ကိုယ်စားလှယ်လွှဲစာပြုလုပ်ထားပြီးနောက်
ဆက်လက်ဆောင်ရွက်ခြင်း
မပြုပဲနေထိုင်ကြပါသည်။
🔰ကိုယ်စားလှယ်လွှဲစာသည်
ပေးအပ်သူ/လက်ခံသူ
သေဆုံးသွားသည့်အချိန်တွင်
ဆက်လက်ဆောင်ရွက်၍ မရနိုင်တော့ပါ။
ထို့ကြောင့် ဂရန်မြေကိုဝယ်ယူသူများအနေဖြင့်
အောက်ပါလုပ်ငန်းစဥ်များအတိုင်း
တဆက်တည်းလုပ်ဆောင်မှသာ
တရားဝင်ပိုင်ဆိုင်မှု ခိုင်မာမှာဖြစ်ပါသည်။
▪️ (၁) သက်ဆိုင်ရာ ရုံးဌာနများတွင်
ရောင်းသူသည် မြေငှားဂရန်
အမည်ပေါက်မှန်ကန်မှုရှိ၊မရှိစစ်ဆေးခြင်း။
▪️ (၂) စရန်ပေးစာချုပ်ချုပ်ဆိုခြင်း။
▪️ (၃) နိုင်ငံပိုင်သတင်းစာတွင်
အရောင်းအဝယ်နှင့်ပတ်သက်၍
ကန့်ကွက်မည့်သူရှိ၊မရှိ ကြော်ငြာထည့်သွင်းခြင်း။
▪️ (၄) ရောင်းသူကို အရောင်းမြေပုံ/
မြေရာဇဝင်ကူးခိုင်းခြင်း။
▪️ (၅) ရန်ကုန်တိုင်းဒေသကြီး
ကာလတန်ဖိုးစိစစ်ရေးအဖွဲ့သို့ တင်ပြ၍
မြေနှင့်အိမ် တန်ဖိုးသတ်မှတ်ခြင်း။
▪️ (၆) မြို့နယ်အခွန်ဦးစီးဌာနတွင်
ကာလတန်ဖိုးစီစစ်ရေးအဖွဲ့မှ
သတ်မှတ်ပေးသည့် တန်ဖိုးအပေါ်
ဝယ်ယူခွန်(ဝင်ငွေခွန်)ထမ်းဆောင်ခြင်း။
▪️ (၇) တံဆိပ်ခေါင်းခွန်ထမ်းဆောင်ခြင်း။
▪️ (၈) အပြီးသတ်ငွေပေးချေခြင်း
စာချုပ်ချုပ်ဆိုခြင်း။
▪️ (၉) ရန်ကုန်မြို့တော်
စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်
မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်း။ စသည့်
လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ပြီးမှသာ အရောင်းအဝယ်သည်
တရားဝင်အရောင်းအဝယ်အဆင့်သို့
ရောက်ရှိမည်ဖြစ်ပါသည်။
🔰ထိုသို့ ချုပ်ဆိုထားသော မှတ်ပုံတင်စာချုပ်ဖြင့်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊
မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနတွင်
မြေအမည်ပေါက်ပြောင်းလဲရန်
လျှောက်ထားရမှာဖြစ်ပါသည်။
🔰အထက်ပါအတိုင်းဆောင်ရွက်ပြီး
မြေငှားဂရန်တွင် မိမိပြောင်းလဲရရှိပြီးမှသာ
မိမိပိုင်ဆိုင်သောမြေအဖြစ်
တရားဝင်ပိုင်ဆိုင်မှု အထောက်အထားရရှိမှာ
ဖြစ်ပါသည်။
🔰သို့မှသာ မိမိမှ တနေ့နေ့တချိန်ချိန်တွင်
ငွေကြေးအရင်းအနှီးလိုအပ်ပါက
စီးပွားရေးလုပ်ငန်းများအတွက်
မြေငှားဂရန်ကိုအပေါင်ထားပြီး
ဘဏ်တွင်ချေးငွေ လျှောက်ထားနိုင်မှာ
ဖြစ်ပါသည်။
🔰ထို့ကြောင့် မြေငှားဂရန်အမျိုးအစား
မြေကွက်ကို ဝယ်ယူသူများအနေဖြင့်
တရားဝင်ပိုင်ဆိုင်မှုရရှိရန်
မှတ်ပုံတင်စာချုပ်ချုပ်ဆိုမှသာ
နောင်တစ်ချိန်ပြန်လည်ရောင်းချရာတွင်လည်း အဆင်ပြေချောမွေ့မှာဖြစ်ပါသည်။
#ပြန်လည်ကိုးကားတင်ပြအပ်ပါသည်။
No comments:
Post a Comment
မင်္ဂလာပါ..