Mac ထဲက Data အားလုံးကို ဘယ်လိုဖျက်မလဲ?
ကိုယ့်ရဲ့ Mac ကို Trade In မပြုလုပ်ခင် (သို့မဟုတ်) အခြားသူကို ပြန်မရောင်းခင်မှာ Mac ထဲက Personal Data တွေအကုန် ရှင်းပစ်ဖို့အတွက် Factory Reset အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။
macOS Monterey မှာ ပါဝင်လာတဲ့ ဒီ Feature လေးက Data နဲ့ Settings အားလုံးကို လုံခြုံစွာနဲ့ Erase လုပ်ပေးမှာပါ။ iPhone တွေမှာ Erase All Content and Settings လုပ်သလိုမျိုးပေါ့။
ဒီလို အလွယ်တကူ ဆောင်ရွက်နိုင်မယ့် Feature အသစ်လေးကိုတော့ Apple Silicon (M1, M1 Pro, M1 Max) သို့မဟုတ် Apple T2 Security Chip ပါဝင်တဲ့ Mac တွေမှာ အသုံးပြုနိုင်မှာပါ။
အရင်ဆုံး System Preferences ဖွင့်ပြီး၊ Menu Bar ပေါ်က System Perferences > Erase All Content and Settings ကို နှိပ်လိုက်ပါ။ ပြီးရင်တော့ ပေါ်လာတဲ့ Instruction အတိုင်း လုပ်ဆောင်ပေးရုံပါပဲ။
Mac က အလိုအလျောက် Restart ဖြစ်သွားပြီးတော့ ပြန်ပွင့်လာတာနဲ့ Data တွေ အကုန်ရှင်းပြီး Device အသစ်အတိုင်း Activation လုပ်တဲ့နေရာကို ပြန်ရောက်သွားမှာ ဖြစ်ပါတယ်။
ဒါဆိုရင်တော့ အခြားသူတစ်ယောက်ကို စိတ်ချလက်ချ ပေးလိုက်လို့ရပါပြီ။ macOS လည်း ပြန်တင်စရာ မလိုတော့ဘဲ Click အနည်းငယ်နဲ့ Data တွေ အကုန်ရှင်းနိုင်ပြီ ဖြစ်ပါတယ်။
Crd >> M-drive
Casinos in Las Vegas and Nevada - Poormans Guide
ReplyDeleteLooking for 스포츠사이트 a place to play for a night out? 케이 벳 Check out 이빨빠지는꿈 the top 10 casinos in Las Vegas 자이언트 카지노 and Nevada with their 먹튀검증 먹튀프렌즈 gaming options.