menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Sleeve Cables (24-pin) အကြောင်း

 

Sleeve Cables အကြောင်း ( PC Mod ရတာ ဝါသနာပါသူများအတွက် )
PC တစ်လုံးဆင်တော့မယ်ဆိုရင် အတွင်းနဲ့အပြင်မှာရှိတဲ့ Cable တွေကို ဘယ်လို Management  လုပ်မလည်းဆိုတာ အမြဲထည့်သွင်းစဉ်းစားရပါတယ်..Cable Management ကောင်းမှာသာ  Air Flow စီးဆင်းမှု့ကောင်းမွန်ပြီး သန့်ရှင်းသပ်ရပ်တဲ့ PC တစ်လုံးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါသည်။ နောက်ပိုင်းမှာတော့ PC Modder တွေက မိမိဆင်မဲ့ Rig ရဲ့ Theme ကိုဖော်ပြဖို့အတွက် အရောင်ဒီဇိုင်းနဲ့ Sleeve Cables တွေ Cable Comb အမိုက်စား စတာတွေ နဲ့ အလှဆင် ဒီဇိုင်းဖန်တီးပြီး Cable management ပြုလုပ်လာကြပါတယ်..
Sleeve Cables မှာ Modmesh နဲ့ Modflex ဆိုပြီး ကြိုးဒီဇိုင်း၂ မျိုးလာပါသည်။ Mod Mesh မှာ Nylon ဖြင့်ပြုလုပ်ထားတဲ့အတွက် ကြိုးအသားပိုမိုတောက်ပစိုပြေပြီး အားနည်းချက်အနေနဲ့ကတော့ ကြိုးအသားက မာတဲ့အတွက် ကြိုးကို လိုအပ်သလိုပုံစံပြောင်းတဲ့အခါ အနည်းငယ်အခက်ခဲရှိပါသည်။ ModFlex ကတော့ Paracord ကြိုးကို အသုံးပြုထားတာဖြစ်ပြီး အကွက်ဒီဇိုင်းနဲ့ မြွေအရေခွံလို ချည်ယက်ထားတဲ့ ပုံစံမျိုးဖြစ်ပါတယ်.. အရောင်တောက်ပမှု့ကတော့ ပုံမှန်ဖြစ်ပြီး အသုံးပြုတဲ့အခါ ပျော့ပျောင်းတဲ့အတွက် ကြိုးကို ပုံသွင်းရတာ ပိုပြီး flexible ဖြစ်ပါသည်။Sleeve Cable သုံးလို့ ဘာပိုကောင်းသွားလည်းမေးရင်တော့ ဘာမှတော့ ပိုမကောင်းသွားပါဘူး မျက်စိပသာဒတော့ တော်တော်လေးဖြစ်သွားပါတယ် 😄

PC တွေမှာသုံးတဲ့ wire Cable တွေက Standard Size က 18AWG ဆိုဒ်ဖြစ်ပါတယ်..... 16 Amps 2000 Watt ထိ အသုံးပြုနိုင်ပြီး အပူချိန် ၈၀ ကျော်ထိ ခံနိုင်ရည်ရှိပါတယ်.. Cable ကိုဖုံးထားတဲ့ PVC PTFE စတဲ့ ကော်သားပေါ်မူတည်ပြီး စျေးကလည်းကွာပါသေးတယ်.. ဒါ့အပြင် Pin Connector တွေနဲ့ Terminal တွေကောင်းရင်ကောင်းသလိုလဲစျေးကွာပါသေးတယ်..တစ်ချို့ PC Modder တွေက Full Tower Case တွေနဲ့လိုက်အောင် ကြိုးလုံးဆိုဒ်ပိုကြီးပိုလှချင်တဲ့အတွက် 16 AWG ကြိုးတွေလည်း အသုံးပြုကြပါတယ်..
Sleeve Cable ကိုယ်တိုင် DIY လုပ်မယ်ဆို ဘယ် Tools တွေလိုအပ်မလဲ..
၁။ Crimping Tools
၂။ မီးခြစ်
၃။ Modding Kits
၄။ Wire Cutter
၅။ ဇါဂနာ
၆။ Wire အပေါ်ကာဗာခွါတဲ့ Tools
Full Modular Cable VS Extension Cable
Full Modular Sleeve Cable တွေရဲ့အားသာချက်က Custom ဒီဇိုင်း အရောင် လိုချင်တဲ့ ကြိုးအရှည်  ကွက်တိရတာပါ...PSU တစ်လုံးနဲ့ တစ်လုံးလည်း တည်ဆောက်ပုံ Diagram တွေမတူတဲ့အတွက် အမှားမရှိအောင်ဆင်ရပါတယ်.. လုပ်ရတာလည်း လက်ဝင်သလို ကျွမ်းကျင်ပိုင်နိုင်တဲ့ Skill တစ်ခုရှိဖို့လည်းလိုပါတယ်...ဒါအပြင် လိုအပ်တဲ့ Tools တွေလည်းအစုံရှိမှ ရပါတယ်..နမူနာအနေနဲ့ ROG PSU ရဲ့ Diagram ကိုဖော်ပြပေးထားပါတယ်... 12V ပါဝါကျွေးရမဲ့နေရာ 5V မှားကျွေးမိတာ ကိစ္စမရှိပေမဲ့ 5V ကျွေးရမဲ့နေရာမှာ 12 V မှားကျွေးရင်တော့ ရှော့ဖြစ်နိုင်ပါတယ်.. ဝါသနာ တစ်ကယ်ပါပြီး စိတ်ရှည်ပြီး အချိန်ပေးနိုင်မှာ လုပ်လို့အဆင်ပြေတဲ့ ဟာမျိုးပါ...
အားနည်းချက်ကတော့ PSU တစ်လုံးအတွက်ဆင်ထားတဲ့ တစ်စုံက နောက် PSU တံဆိပ်မတူတဲ့ အသစ်တစ်ခု ဆင်တဲ့အခါ ရှိပြီးသား Sleeve Cable က သုံးမရတာမျိုးပါ.. စျေးလည်းကြီးပါသေးတယ်..
Premium Pc တစ်လုံးဆင်မဲ့ သူအတွက်ကတော့ မဖြစ်မနေထည့်သင့်တဲ့ဟာမျိုးလို့မြင်ပါတယ်...


Extension Sleeve Cable
မြန်မာနိုင်ငံမှာ PC ဆင်တဲ့သူ အများစု သုံးကြပါတယ်.. သူ့ရဲ့အားသာချက်ကတော့ စျေးသက်သာတာပါ.. လုပ်ရတာလည်းလွယ်သလို PSU အများစုနဲ့လည်း compatible ဖြစ်ပါတယ်.. PSU လည်း Full Modular ဖြစ်ဖို့မလိုသလို တော်ရုံ ကွန်ပြူတာနဲ့ ပတ်သတ်တဲ့ ဗဟုသုတလောက်ရှိရင် ကိုကိုယ်တိုင် ဖြုတ်တပ်လို့ပါ ရပါတယ်..
အားနည်းချက်ကတော့ Extension ဆိုတဲ့အတိုင်း ကြိုးတွေ မလိုအပ်ပဲပိုရှည်သွားတာပါ.. နဂို psu မှာပါတဲ့ Standard Cable တွေကိုက Casing တိုင်းနဲ့ ဆင်လို့ရအောင် မလိုအပ်ပဲရှည်ထားကြပါတယ်.. Mini ITX ဆင်တဲ့သူဆို ပိုသိသာပါတယ်..Air Flow လည်း တိုင်ပတ်တဲ့အပြင်ကို အဖုံးတောင် မနည်းပိတ်ရတာမျိုးပါ😥😥.. တစ်ခြမ်းတော့ ကြည့်ကောင်းနေပေမဲ့ နောက်ဘက်ထဲမှာတော့ ကြွက်သိုက်လို ရှူပ်ပွနေတာပါ
အဲ့လိုမှမဟုတ်ဘူး လုပ်ပြီးသားဝယ်သုံးမယ်ဆိုရင်တော့ နာမည်ကြီး Custom sleeve cable တွေရောင်းတဲ့ နေရာ ၂ ခုကတော့ www.cablemod.com နဲ့  www.cable-sleeving.com ပါ//
ကျွန်တော်တို့ နိုင်ငံမှာလည်း Rig ဆင်တဲ့အခါ  ဘာ spec နဲ့ သုံးတာလည်း.. စျေးဘယ်လောက်သုံးထားလည်း ထိုင်ရွတ်ပြနေတာထက် ကိုယ်ရဲ့ Personal သုံးဖြစ်တဲ့ PC Rig ကို ဘယ်သူနဲ့မှ မတူပဲ Unique ဖြစ်အောင် ကိုယ်ကြိုက်နှစ်သက်တဲ့ Theme လေးနဲ့ ဘယ်လိုဖန်တီးထားလည်း ဆိုတာမျိုးကို ပိုပြီး ခံစားတတ် လာစေချင်ပါတယ်..

မြန်မာ PC Modder များပေါ်ထွက်လာစေချင်တဲ့ စေတနာများစွာဖြင့် Overclock PC Builds

No comments:

Post a Comment

မင်္ဂလာပါ..