menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Onboard Graphic ဆိုတာ

Onboard Graphic ဆိုတာ
======================

Laptop အသစ်ဝယ်တော့မယ်ဆို office သုံး laptop တွေကို Graphic ဘယ်လောက်ပါလဲ ခနခနမေးကြပါတယ်။ ဝယ်သူကမေးလိုက်လို့ Onboard Graphic ပါဗျ လို့ဖြေလိုက်ရင် အော် အင်း အဲ လုပ်ပြီး သိသွားသလိုလိုနဲ့ တကယ်တမ်း သိပ်နားမလည်ကြတာများပါတယ်။
ဒီကောင်ကဘယ်လောက်စွမ်းဆောင်နိုင်မလဲပေါ့ တကယ်သိချင်ကြပါတယ်။ 🤔
.
Integrated Graphic vs Dedicated Graphic
------------------------------------------
Onboard လို့ခေါ်ခေါ်နေတဲ့ကောင်က integrated graphic ပါ။ Processor ထဲမှာတစ်ခါထဲထည့်ဆောက်ထားတဲ့ GPU ပေါ့။ CPU က share ပေးတဲ့ system Memory ကိုပဲသုံးပြီး ပါဝါစားနည်းသလို အပူတက်တာလဲနည်းပါတယ်။ Battery life ပိုခံတာပေါ့။ Dedicated graphic ကျတော့ သူ့အတွက် သက်သက် power ပေးထားပြီး သူ့ RAM နဲ့သက်သက် သူသုံးပါတယ်။ ပါဝါပိုစားပြီး ပိုပူတာပေါ့။ ပိုလဲကောင်းပါတယ်။
.
အဲ့တော့ ဘာကွာသွားလဲ ဘာရွေးရမလဲ


---------------------------------------
Integrated တွေက စွမ်းဆောင်နိုင်စွမ်းနည်းပေမဲ့ Video ကြည့်တာ web browsing လုပ်တာ သာမန် နေ့စဉ်သုံး လုပ်ငန်းစဉ်တွေအတွက်ကတော့ အဆင်ပြေနေပြီးသားပါ။ ဂိမ်းဆော့မယ်ဆိုတဲ့အတွေးနဲ့ အခြား profession တွေမပါလာခင်အထိပေါ့။
Graphic Design နဲ့ Music production ပိုင်းတွေ CPU အဓိကထားထားတဲ့ အလုပ်တွေကျတော့ GPU ကိုနောက်ဆုံးမှစဉ်းစားလို့ရပါတယ်။ မရတဲ့ကောင်တွေကတော့ Video Editing ကို vfx အနည်းအကျဉ်းပါလာမယ်။ Designer တွေဆို Blender သုံးချင် cinema4D သုံးချင်။ Engineer တွေဆို Vray ကြီးနဲ့ render ပစ်မယ်ကွလို့ ဆုံးဖြတ်လိုက်ရင် integrated Graphic နဲ့လုံးဝမရပါဖူး။ အချို့ software တွေကျတော့ dedicated graphic ကိုတောင်းထားပြီးသားပါ။
Game ပိုင်းမှာ heavy တွေမဟုတ်ပဲ Dota,CS:GO,LOL လောက်ပဲဆော့တဲ့လူတွေအတွက်က integrated 2GB လောက်ပါတဲ့ကောင်နဲ့အဆင်ပြေပါတယ်။ ဆိုတော့  integrated GPU မလိုချင် graming laptop လည်း မဝယ်ချင်ရင်  Nvidia Geforce MX ပါတဲ့ကောင် သို့မဟုတ် Intel Iris Xe Graphic ပါတဲ့ ကောင်ကို ဝယ်နိုင်ပါတယ်။ Nvidia MX တွေက Dedicated ဖြစ်ပြီးတော့ 3D နည်းနည်းသုံးတဲ့ video edit ၁မိနစ်စာလေးလုပ်တဲ့ Graphic designer တွေအဆင်ပြေသွားသလို CPU render ပိုင်းသုံးတဲ့လူတွေလဲ GPU ပါတွဲပြီးပူတာမျိုးမဖြစ်တော့ဖူးပေါ့။
Intel iris xe graphic ကတော့ integrated ပါပဲ။ ဒါပေမဲ့နောက်ဆုံးထွက်ထားတဲ့ စွမ်းဆောင်ရည်မြင့် integrated ပါ။ တော်တော်ကောင်းပါတယ်။ Esport title တော်တော်များများ မနှိမ့်တဲ့ FPS နဲ့ဆော့လို့ရပါတယ်။ အကောင်းဆုံးကတော့ ဂိမ်းဆော့တာနဲ့ 3D ပိုင်း Video editing ပိုင်းကို ဘယ်လောက်နဲ့လုပ်လို့ရလဲဆိုပြီးတွေးတာထက် ကိုယ် ဘယ်အတိုင်းအတာအထိလုပ်မယ်ဆိုတဲ့ ရေရှည်ကိုတွေးပြီးမှသာ အနောက်ကလိုက် ပံ့ပိုးပေးနိုင်တဲ့ laptop ကိုဝယ်သင့်ပါတယ်။
 

No comments:

Post a Comment

မင်္ဂလာပါ..