MacBook တွေကို စနစ်တကျ သန့်ရှင်းရေးလုပ်နည်း
***************
.
ဒါကြောင့် Admin တို့လို Work From Home သမားတွေအတွက် သန့်ရှင်းရေးလုပ်ပေးဖို့မေ့နေတဲ့ Macbook လေးကိုဗိုင်းရပ်စ်ရန်ကနေကာကွယ်ဖို့ ဘယ်လိုသန့်ရှင်းကြမလဲ။ Laptop နဲ့ MacBook တွေဟာ အမျိုးအစားမတူတဲ့ ပစ္စည်းတွေနဲ့ပြုလုပ်ထားတာဖြစ်တဲ့အတွက် သန့်ရှင်းရေးလုပ်တဲ့အခါမှာလည်း အမျိုးအစားမတူတဲ့ သန့်ရှင်းရေးပစ္စည်းတွေလိုအပ်နိုင်ပါတယ်။ ဒါပေမယ့် ဒီတခေါက်မှာတော့ များသောအားဖြင့် MacBook တိုင်းအသုံးပြုနိုင်မယ့် နည်းလမ်းလေးတွေကိုပြောပြသွားမှာပါ။
.
- ပထမဆုံးအနေနဲ့ သန့်ရှင်းရေးမလုပ်ခင်အရင်ဆုံးအနေနဲ့ Plug တပ်ထားတာ တွေရှိနေရင်အကုန်ဖြုတ်ထား ဖို့လိုပါတယ်။
.
- ပြီးရင်တော့ မျက်မှန်သုတ်တဲ့အဝတ်လိုမျိုး Lint Free Cloth လေးတွေ၊ နူးညံ့တဲ့ပုဝါစ၊ အဝတ်စလေးတွေနဲ့ MacBook ကဖုန်မှုန့်လေးတွေရှင်းသွားအောင်လိုက်သုတ်ပေးလိုက်ပါ။
.
- MacBook ကိုပါဝါပိတ်ထားဖို့လည်းမမေ့နဲ့နော်...
.
- အဲ့ဒီနောက်မှာတော့ Alcohol 70% ရှိတဲ့ အရည်ကို သန့်ရှင်းပြီးနူးညံ့တဲ့အဝတ်စလေးမှာစိုရုံလောက်စွတ်ပြီး MacBook တခုလုံးကိုဖြည်းဖြည်းချင်းသုတ်ပေးလို့ရပါတယ်။ ဒီနေရာမှာသတိထားရမှာက အရက်ပြန်တွေအများကြီးစိုရွဲသွားလို့မရပါဘူး။
.
- ပြီးရင်တော့ ခြောက်သွေ့တဲ့အဝတ်လေးနဲ့ထပ်သုပ်ပေးလိုက်ရင် ရပါပြီ။
.
- နောက်တခုက ကီးဘုတ်ကိုရောဘယ်လိုသန့်ရှင်းကြမလဲ။ ကီးဘုတ်ကိုသန့်ရှင်းဖို့အတွက်လိုအပ်တာလေးကတော့ နူးညံ့တဲ့ Brush လေးတခုရယ်၊ လက်နှစ်ဖက်ရယ်ပဲလိုပါတယ်။
.
- ရပြီဆိုရင်တော့ MacBook ကိုပါဝါပိတ်ပြီး ဇောက်ထိုးအနေအထားနဲ့ ဖုန်လေးတွေထွက်လာအောင် Brush ဖြင့်ပွတ်ပေးလိုက်ပါ။
.
- ကီးဘုတ်ကိုလည်း ခုနကလိုအရက်ပြန်နဲ့ သန့်ရှင်းပေးလို့ရပါတယ်။ ဒါပေမယ့် စက်ထဲအရည်တွေမဝင်အောင် ခြောက်သွေ့တဲ့ အဝတ်လေးတွေနဲ့ ပြန်သုတ်ပေးဖို့လည်း မေ့လို့မရဘူးနော်။
.
နောက်ဆုံးအနေနဲ့ သတိထားသင့်တာက အရောင်ကျွတ်တာတွေ၊ အရောင်ပြယ်တာတွေ မဖြစ်စေဖို့ဆိုရင် Alcohol 70% ထက်ကျော်တဲ့ အရည်တွေကိုအသုံးမပြုသင့်ပါဘူး။
iSure
No comments:
Post a Comment
မင်္ဂလာပါ..