menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iPhone Battery တွေကိုဘယ်အချိန်မှာလဲသင့်လဲ??


iPhone Battery တွေကိုဘယ်အချိန်မှာလဲသင့်လဲ??

*********************


iPhone တွေမှာအသုံးပြုပေးထားတဲ့ Lithium-ion ဘက်ထရီတွေဟာ ကျစ်လစ်သိပ်သည်းပြီး ကြာရှည်လည်းခံသလို အားသွင်းလည်းလျင်မြန်ကာ သက်တမ်းလည်းပိုရှည်ပါတယ်။ နောက်ဆုံးပေါ် နည်းပညာသုံး ဒီ Battery တွေဟာ သက်တမ်းရှည်ကြာလာရင်တော့ မကြာခဏအားပိုမိုသွင်းရသလို အားကုန်မြန်လာတာ၊ ရုတ်တရက် စက်ပိတ်သွားတာတွေလည်း ဖြစ်တတ်လာပါတယ်။

.

Apple ကဆိုထားတာကတော့ battery cycle 500 အတွင်းပဲ battery performance အကောင်းဆုံးအသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ ဒီလိုသာဆို တစ်နှစ်ကျော်ကျော်အသုံးပြုလာတဲ့ iPhone တွေရဲ့ Battery စွမ်းရည်တွေဟာ သေချာပေါက်လျော့နည်းလာပါပြီ။

.

iOS 11.3 ထွက်လာပြီးနောက်မှာတော့ Battery Health feature လည်းပါဝင်လာပါတယ်။ ဒီ feature ကိုအသုံးပြုပြီး သင့် iPhone ရဲ့ battery အခြေအနေကို အကဲဖြတ်လေ့လာမှူပြုနိုင်ပါပြီ။

.

Battery Health ဖြင့်စစ်ဆေးခြင်း

===================

iOS 11.3 နဲ့အထက် တင်ထားသော iPhone 6 နဲ့ အထက် model iPhone များရဲ့ Settings > Battery တွင် Battery Health ဆိုတာပါဝင်ပါတယ်။ ဘယ်အခြေအနေတွေမှာ battery health ကို စစ်ဆေးဖို့လိုလည်းဆိုရင် သင့် iPhone ဟာ ယခင်သုံးနေကြထက် အားပိုကုန်တယ်လို့ထင်လာတဲ့အခါ battery health ကို စစ်ဆေးကြည့်ပေးပါ။ တကယ်လို့ သင့်ဟာ Service ဆိုင်တဆိုင်ကနေ battery အသစ်တစ်ခုလဲလာခဲ့တယ်ဆို။ battery health မှာ စစ်ဆေးကြည့်ပါ။ လဲလှယ်ထားတဲ့ သင့် iPhone က battery ဟာ performance မကောင်းဘူးဆိုရင် battery capacity မှာ 100% မှာရှိနေမှာမဟုတ်ပါဘူး။

.

ဘယ်လိုအခြေအနေတွေဆို လဲဖို့လိုနေပြီလဲ

=================

Battery health မှာ စစ်ဆေးကြည့်လိုက်တဲ့အခါ သင့် battery ရဲ့အခြေအနေဟာ 85% ရဲ့အောက်ရောက်နေပြီဆိုရင် သင့် iPhone ရဲ့ battery ဟာ Performance အတော်ကျလာပါပြီ။ ဒီထက်ပိုဆိုးလာတဲ့အခြေအနေမျိုးဖြစ်လာပြီဆိုရင်တော့ battery အခြေအနေဟာ လဲလှယ်မှကို ဖြစ်တော့မယ့်အနေအထားပါ။ ဆက်လက်ပြီးအသုံးပြုနေအုံးမယ်ဆိုလည်း အဆင်ပြေနေပါသေးတယ်။ ဒါပေမယ့် battery ရဲ့ စွမ်းအင်တွေဟာ အတော်ကြီးကို နိမ့်ကျလာပြီဖြစ်လို့ speaker အသံတွေတိုးလာတာမျိုး၊ လိုင်းဆွဲအားတွေ သိပ်မကောင်းတော့တာမျိုး၊ တချို့ Apps တွေ run နေရင်းနဲ့ပဲ ပြုတ်ကျသွားတာမျိုးတွေ မကြာခဏဆိုသလိုဖြစ်လာပါလိမ့်မယ်။

.

Battery Health နဲ့ပါတ်သက်လို့ သတိထားစရာတစ်ခုလည်း ရှိပါသေးတယ်။ အဲ့တာကတော့ Apple Original Battery မဟုတ်တဲ့ Third Party Battery များထည့်သွင်းမိမယ်ဆိုလျင် battery health မရတာ ရှိတတ်ပါတယ်။

.

ဒါပေမယ့် Battery Health နဲ့ battery အခြေအနေခန့်မှန်းရာမှာ တခါတရံအလွဲအမှားလေးတွေလည်းရှိတတ်ပါတယ်။ သာမာန်အတိုင်းခန့်မှန်းကြည့်မယ်ဆိုရင်တောင် မကြာခဏအားကုန်နေပြီး ဘာမှမသုံးပဲ ၁ နာရီလောက်ကို ၅% ၈% လောက်ထိလျော့နေတာမျိုးတွေဆို Battery လဲသင့်နေတဲ့အခြေအနေလို့ ဆိုနိုင်ပါတယ်။

.

တခါတလေတော့လည်း battery အားမခံတာတွေဟာ battery ကြောင့်ဖြစ်တတ်သလို IC ပိုင်း error များကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေတွေကတော့ Technician တွေကိုယ်တိုင် အသေချာစစ်ဆေးကြည့်မှသာသိနိုင်မှာပါ။

.

Battery ဟာ အတော်အတန်အခြေအနေဆိုးနေပြီဆိုရင်တောင် သည်းခံပြီးသုံးစွဲနိုင်တဲ့ နည်းလမ်းတွေလည်းရှိပါသေးတယ်။ ဒါကတော့ မိမိရဲ့ ဖုန်းသုံးစွဲမှူကိုလျော့ချဖို့ပါပဲ။ Game တွေဆော့တာတွေ ရပ်တန့်မယ်။ ရုပ်ရှင်ဗွီဒီယိုကြည့်တာတွေ ရပ်တန့်မယ်။ Facebook တောင် လိုအပ်မှသာသုံးမယ်၊ ဖုန်းပြောဖို့ Stand by အနေအထားလောက်ပဲထားသုံးမယ်ဆိုရင်တောင် သင့်ဖုန်းဟာ တစ်နေ့တာလောက်တော့ သုံးရကောင်းပါတယ်။ နောက်ပြီး Low power mode လေးကိုလည်း ON ပြီးသုံးဖို့ မမေ့ပါနဲ့။ မလိုအပ်တဲ့အချိန်မျိုးမှာ Airplane mode လေးလည်းလုပ်ပေးပါ။ ဒါကတော့ battery မကောင်းပေမယ့် အားကိုချွေတာသုံးစွဲဖို့ နည်းလေးပါပဲ။

.

ကဲ .. မိတ်ဆွေများ Battery လဲဖို့ လိုနေပြီဆိုရင်တော့ iSure မှာ Original battery ကို 3 month warranty ပေးပြီး လဲပေးနေပါတယ်။ iSure ရဲ့ 3 month warranty ဟာ 3 လအတွင်း သက်ဆိုင်ရာအစိတ်အပိုင်းနဲ့ပါတ်သက်ပြီး ပျက်စီးမှူတစ်စုံတစ်ရာ ရှိခဲ့ရင် အသစ်တခုနဲ့ အစားထိုးလဲလှယ်ခွင့်ရှိသလို ငွေပြန်အမ်းတာပဲလိုချင်တယ်ဆိုရင်လည်း 100% အပြည့်ပြန်အမ်းပေးတာဖြစ်လို့ မိတ်ဆွေတို့အတွက် စိတ်မချရမှာ ပူဖို့မလိုဘူးဆိုတာလည်း သတင်းစကားပါးပါရစေဗျာ …

.

iSure - 

No comments:

Post a Comment

မင်္ဂလာပါ..