menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Camera အသစ်ဝယ်မယ်ဆိုရင်

 

" Camera အသစ်ဝယ်မယ်ဆိုရင် "

*************************

     ကိုယ့်ဆီမှာ Camera ရှိပြီးသား Upgrade လုပ်ချင်သူတွေအတွက် အမြဲပြန်စမ်းစစ်သင့်သည့် အချက်များအကြောင်းပဲဖြစ်ပါတယ်။ အခုအချိန်မှာ Camera အသစ်တွေက Brand အစုံကနေ အမြဲထွက်နေပြီး တစ်လုံးထပ်တစ်လုံးပိုပိုကောင်းလာအောင် လုပ်နေကြတာဖြစ်တဲ့အတွက် First Time စဝယ်သူတွေပဲဖြစ်ဖြစ် Upgrade လုပ်ချင်သူတွေပဲဖြစ်ဖြစ် ရွေးရခက်ပြီး ဘာဝယ်ရမှန်းမသိဖြစ်တတ်ပါတယ်။ ဒီနေရာမှာ အရေးကြီးဆုံးပြောရမှာက အခြေအနေတိုင်းအတွက် Fit ဖြစ်ပြီး perfect ဖြစ်နေတဲ့ Camera မျိုးတော့ မရှိပါဘူး။ Camera တိုင်းဟာ သူတို့ အခြေအနေတစ်ခုတိုင်းအတွက်တော့ အကောင်းဆုံး ဖြစ်နေမှာပါ။ ဒါပေမယ့် Camera Brand တွေရဲ့ Highlight တင်ကြော်ငြာတာတွေကို လိုက်စဉ်းစားနေရင် ဘာရွေးရမှန်းသိမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီဆောင်းပါးမှာ ကိုယ့်ကိုယ်ကိုယ်ပြန်မေးသင့်သော မေးခွန်းတွေ ရေးပေးလိုက်ပါ တယ်။

    နံပါတ် (1) ကတော့ Current Camera ကြောင့် ဖြစ်နေတဲ့ ပြသနာရှိနေလားဆိုတာပါ။ နောက်ပြီး အဲ့ဒီပြသနာဟာကြီးနေပြီလားဆိုတာ အရင်မေးရပါမယ်။ ဥပမာ လက်ရှိရိုက်နေရတဲ့ Camera က 4K Video မရဘူး။ ဒါပေမယ့် Client က 4K Content လုပ်ပေးနိုင်လားမေးလို့ လက်လွှတ်လိုက်ရတာမျိုးရှိလား။ နောက်ပြီး ကိုယ်ရိုက်ရတာ Slow Motion တွေပါတယ်။ ကိုယ့် Camera က Slow motion မရိုက်နိုင်လို့ နောက် Frame Rate အမြင့် Camera တစ်လုံးကို ဝယ်ဖို့စဉ်းစားတာလား ။ ကိုယ်ရိုက်ရတာတွေက Print Size အကြီးတွေ ထုတ်ရမယ် Retouching တွေ အများ ကြီးလုပ်ရမယ်။ လက်ရှိ Camera က Mega Pixels နည်းနေတာလား စသဖြင့် တွေးရပါမယ်။ ဒီအချက်က တော်တော်လေး အရေးကြီးပါတယ်။ မဟုတ်ရင် Manufacture တွေ ကြော်ငြာသမျှ Function တွေကတော့ လိုချင်စရာဖြစ်နေမှာပါ။ ကိုယ်မသုံးမယ့် သုံးဖြစ်မှာမဟုတ်မယ့် Function တွေအတွက် ပိုက်ဆံထပ်မသုံးသင့်ပါ။

    နံပါတ် (2)ကတော့ ထပ်ဝယ်မယ့် Camera ရဲ့ Function က ကိုယ့်ရဲ့ အချိန်ကို သက်သာစေပြီး Efficient ဖြစ်စေမှာလားဆိုတာလဲ တွေးရပါမယ်။ Image Editing မှာ ကုန်မယ့်အချိန်တွေကို Camera အသစ်ရဲ့ Function က ဖြည့်ဆည်းပေးနိုင်မှာလား ဆိုတာလဲ တွေးရပါမယ်။ လက်ရှိ Camera ထပ် ပိုပြီး မြန်သွားစေတဲ့ Workflow ကို ပေးနိုင်လားဆိုတာကလဲ အရေး ကြီးပါတယ်။ လွယ်လွယ်ကူကူ ဥပမာဆိုရင် Focus Point များခြင်းဟာ ဓါတ်ပုံရိုက်ကူးရတာအများကြီးမြန်သွားစေပါတယ်။ ကိုယ့်လက်ရှိ Camera ဟာ Focus point အရမ်းနည်းနေပြီး ကိုယ်ကလဲ Auto Focus အသုံးများတဲ့သူဆိုရင် Camera Upgrade လုပ်ဖို့ စဉ်းစားရမှာဖြစ်ပါတယ်။ ဒီလိုလုပ်လိုက်တာဟာ ဘယ်လောက် Efficient ဖြစ်သွားစေလဲသေချာ စဉ်းစားရပါ မယ်။

    နံပါတ် (3)ကတော့ ဒီ Camera ကြောင့် Income ပိုတိုးလိုမလားဆိုတာပါ။ ဒါက အပေါ်က အချက်တွေနဲ့လဲ အကုန်ဆက်စပ်ပါတယ်။ ကိုယ့်ကို လာအပ်တဲ့ project အရ Slow Motion ရိုက်ရတာပါမယ်။ ကိုယ့် Camera က ဆိုပါစို့။ Full HD မှာ 60fps ပဲ ရတယ်ဆိုရင် Slow Motion ရတဲ့ Camera ကို လိုက်ငှားရပါမယ်။ ကိုယ့်မှာသာရှိထားမယ်ဆိုရင် Rental ခက ကိုယ့်ဝင်ငွေပါပဲ။ Mega Pixel များတဲ့ Camera ကို ဝယ်ဖြစ်ရင် Print Size အကြီးတွေထုတ်လို့ရတဲ့ Service ပေးလို့ရပါတယ်။ ဒါ့ကြောင့် ကိုယ်ဝယ်ချင်တဲ့ Camera မှာ ပါတဲ့ Function ဟာ ကိုယ့်အတွက် ဝင်ငွေအဖြစ် ပြောင်းနိုင်လား ဝင်ငွေပိုတိုးလာနိုင်လား Service တစ်ခုအရ ဘာပိုလုပ်နိုင်မလဲတွေးထားသင့်ပါတယ်။

    နံပါတ် (4)ကတော့ဝယ်ဖို့စဉ်းစားထားတဲ့ Camera အသစ်မှာ ပေးထားတဲ့ Function တွေကို တကယ်လိုအပ်လားဆိုတာပါ။ Photography ကို 14fps 16fps high speed တွေရိုက်နိုင်တဲ့ Camera ကို Landscape ရိုက်တဲ့ Photographer သုံးလို့ သူ့အတွက် အဲ့ Function တွေက လိုမှာ မဟုတ်ပါ။ Camera Manufacture တွေက Camera အသစ်တွေ ထုတ်တဲ့အခါ အထင်ကြီးလောက်စရာ လိုချင်စရာ Specs တွေနဲ့ ကြော်ငြာပြီးဆွဲဆောင်တတ်ပါတယ်။ တစ်ကယ်တန်း အဲ့ဒီ Function တွေကို သုံးပုံပုံ နှစ်ပုံလောက်က ကိုယ်မလိုတာတွေ ဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် ကြော်ငြာထားသမျှ Specs တွေကို အကုန် Over Look မလုပ်ပဲ ကိုယ်တစ်ကယ်လိုအပ်တာကိုပဲ အာရုံစိုက်သင့်ပါတယ်။

    နံပါတ် (5) ကတော့ လက်ရှိ Camera တစ်ခုခု ချို့ယွင်းနေပြီလားဆိုတာပါ။ လုံးဝပျက်သွားတာမျိုး မဟုတ်ပဲ တစ်ခုခုချို့ယွင်းတာမျိုးကို ပြောတာပါ။ အပျော်တန်းအတွက်တော့ Camera တစ်ခုခုချို့ယွင်းတာက သည်းခံဆက်သုံးလို့ရပေမယ့် Client နဲ့ အလုပ်လုပ် နေရသူ Professional အလုပ်လုပ် နေသူအတွက်တော့ Camera က ဘယ်နေရာကမှ ချို့ယွင်းမနေသင့်ပါဘူး။

    နံပါတ် (6) ကတော့ Camera ဝယ်ဖို့ စဉ်းစားတဲ့အခါ Post Production ကိုပါ ထည့်စဉ်းစားရပါမယ်။ ကိုယ်ဝယ်ချင်တဲ့ Camera ကနေထွက်လာမယ့် ရုပ်တွေကို ကိုယ့် Computer က ကိုင်တွယ်နိုင်စွမ်းကိုပါ ထည့်တွက်ရပါ မယ်။ ဒါ Photo အတွက်ရော Video အတွက်ရော အရေးကြီးတဲ့ အရာပါ။ ဓါတ်ပုံမှာဆိုရင်လဲ Mega Pixels များရင် retouch လုပ်ရတာ ကိုယ့် Computer ရဲ့ Memory ကို ဝန်ထုတ်ဝန်ပိုးဖြစ်စေပါတယ်။ အဲ့ဒီအခါ အပေါ်ကပြောထားတဲ့အတိုင်း ကိုယ့် Workflow ကို မမြန်လာစေပဲ ပိုတောင်နှေးသွားစေပါတယ်။ ဒီလိုဆိုလဲ အဆင်မပြေပါဘူး။ နောက်ဆုံးကတော့ ကိုယ့် Computer က Post Production လုပ်နိုင်မှာလား ဆိုတာ ထည့်စဉ်းစားရပါမယ်။

    ဒီအကြောင်းအရာ 6ချက်ကတော့ Camera အသစ်ဝယ်ရင် ကိုယ့်ကိုယ် ကိုယ် ပြန်စမ်းစစ်သင့်တဲ့အချက် 6 ချက်ပဲဖြစ်ပါတယ်။ Camera အသစ်ဝယ် ရတာ ပျော်စရာကောင်းသလောက် ဝယ်ပြီးရင် အကြာကြီး သုံးရမယ့် အရာဖြစ်တာကြောင့် သေချာစဉ်းစားပြီးမှ ဝယ်သင့်ပါတယ်။ ဒါပေမယ့် အခုအချက်တွေအကုန်လုံးကို လုံးဝဂရုစိုက်စရာမလိုတဲ့ အခြေအနေတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ သင်က Super Rich ဖြစ်နေရင်ပါ။

NetGuide Journal

No comments:

Post a Comment

မင်္ဂလာပါ..