menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Camera Second ဝယ်မယ်ဆိုရင်

 

Camera Second ဝယ်မယ်ဆိုရင် သိထားသင့်သည်များ

Used Camera တစ်လုံး ဝယ်ယူတော့မယ်စဉ်းစားထားရင် ဒီ post လေးကို အရင်ဖတ်ကြည့်သင့်ပါတယ်။

Used or Second Hand Camera တလုံးဝယ်ရင် ဘယ်လိုစစ်ရမလည်းဆိုတာလေး သိသလောက် ရေးပေးလိုက်ပါတယ်ခင်ဗျာ။

1. Shutter Count matters

SC များရင် သုံးထားတာများမယ်... ဒါဆိုရင်နောက်ပိုင်းမှာ malfunction ဖြစ်လာနိုင်တယ်။ ကိုယ်သုံးပြီးလို့ နောက်ပိုင်း ကိုယ်ပြန်ရောင်းရင်လည်း လျော့ရောင်းရတော့မယ်။

2. SC မစစ်တတ်ဘူး... တသောင်းလောက်ရှိမယ်...

SC ကို ကိုယ့်မျက်စိရှေ့မှာဘဲ စစ်ခိုင်းပါခင်ဗျာ ဒါမှမဟုတ်လည်း ကိုယ့်ဟာကိုယ်ဘဲ ဖုန်း၊ ကွန်ပြူတာယူသွားပြီး ကိုယ်တိုင်စစ်ပါ။ ပြောထားတဲ့အတိုင်းမှန်တော့လည်း အဆင်ပြေပြီး မမှန်တော့လည်း ကိုယ့်အတွက် ချင့်ချိန်လို့ရပါတယ်။

(Shutter Count အကြောင်း ပြီးမှ post တစ်ခု သက်သက်တင်ပေးပ့ါမယ်။ by Admin)


3. ဘော်ဒီလေးလည်း လှရမယ်။

ကင်မရာတလုံးဝယ်ရင် ကိုယ်တိုင်စစ်နိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ

ကိုယ်တိုင်မကြည့်နိုင်တဲ့ ဆရာတွေအတွက်ကတော့ ကိုယ်ယုံကြည်ရတဲ့လူကို ကြည့်ခိုင်းမလား ယုံကြည်ရတဲ့လူဆီကဝယ်မလား ဒါမှမဟုတ်လည်း ဓါတ်ပုံဘဲ ကြည့်ဝယ်ရမလားပေါ့ဗျာ။ နောက်ဆုံး ဓါတ်ပုံဘဲကြည့်ဝယ်ရမယ်ဆိုရင်တော့ ကင်မရာဘော်ဒီကို နေရာပေါင်းစုံက ဓါတ်ပုံရိုက်ပြဖို့ပြောပါခင်ဗျာ။ မြို့တူရင်တော့ ကိုယ့်ဟာကိုယ်ဘဲ သွားကြည့်သင့်ပါတယ်။

4. Mirror လေးလည်းစစ်ရမယ်။

ကင်မရာကို Lens ဖြုတ်ပြီး ချောင်းကြည့်ပေါက်ကနေ ကောင်းကင်ကိုကြည့်လိုက်ပါ။ အမဲစက်ရှိလား ပြောင်ရှင်းနေလား။ ပွန်းရာရှိလား။ အမှုန်ရှိလား ကြည့်ကြည့်ပါခင်ဗျာ။ အမှုန်အမွှားကတော့ second hand တွေမှာ ရှိတတ်ပါတယ်။ အမဲစက်နဲ့ ပွန်းရာကတော့ မပါသင့်ပါဘူး။

* တကယ်လို့ အမဲစက်လေးတွေ့တယ် ဒါပေမယ့် ဘော်ဒီကော ဈေးကော sc ကောကိုကြိုက်နေတယ်ဆိုရင် ကောင်းကင်ကို ဓါတ်ပုံရိုက်ကြည့်ပါ။ ဒါမှမဟုတ် စာရွက်အဖြူကို ဓါတ်ပုံရိုက်ကြည့်ပါ။ အဖြူကြီးဘဲဆိုရင် focus ဖြတ်မှာမဟုတ်ပါဘူး lens ရှေ့ကို လက်ညှိုး ထား (focus point ဖြတ်ဖို့) (အမဲစက်နေရာကို မကွယ်ဘဲ) ရိုက်ကြည့်ပါ။ ပုံမှာမပေါ်ရင် အိုကေပါတယ်။


5. ခလုပ်တွေလည်း ကောင်းရမယ်။

ခလုပ်တွေအကုန်လုံး အလုပ်လုပ်လား မလုပ်လား ကပ်နေလားသိရအောင် နည်းနည်းစမ်းသပ်ပြီး နှိပ်ကြည့်ပါ (ကိုယ်မဝယ်ရသေးရင်တော့ အရမ်းကြီးတော့ မနှိပ်နဲ့ပေါ့ဗျာ)။ ကိုယ်တိုင်မစစ်နိုင်ရင် တခါတည်းတယောက်ယောက်ကို စစ်ခိုင်းလိုက်ပါ။


6. ဘော်ဒီရဲ့ Flash က Auto ပွင့်လားမပွင့်လား စစ်ပါ။ Camera ကို auto mode ထားပြီး အမှောင်ကိုရိုက်ရင် သိနိုင်ပါတယ်။ Flash က ခလုပ်နှိပ်ပြီး ပွင့်မပွင့်လည်းစစ်ပါ။


7. Lens ရဲ့ Auto Focus ဖြတ်မဖြတ်ကို စစ်ပါ။ MF မှာ အလုပ်လုပ်လားမလုပ်လား စစ်ပါ။


8. Lens လေးလည်းစစ်ရမယ်။

Lens ကို စစ်ရင် မှိုအဓိက စစ်ရပါမယ်။ ဖုန်ကတော့ မြန်မာပြည်မှာရှောင်မရတာမို့ second ဝယ်ရင် ဖုန်ပါနိုင်ပါတယ်။ မှိုကတော့ မြန်မာပြည်မိုးတွင်းဆိုရင် စိုထိုင်းမှုများတာမို့ အဖြစ်များပါတယ်။ ကိုယ့်ဖုန်းရဲ့ Flash (ဓါတ်မီး) ကိုဖွင့်ပါ။ လန်းရဲ့ ဖင်ကော ခေါင်းကောကနေ ဓါတ်မီးဖွင့်ပြီးကြည့်ပါ။ အမှုန်လေးတွေတွေ့ရပါမယ် အဲ့လောက်က ကိစ္စမရှိပါဘူး။ အမှုန်လုံးဝမရှိတာဆိုရင်တော့ ပါကင်ပိတ်ဝယ်မှ ရမှာပါ။ serious ဖုန်ကတော့ ဖုန်အစုအဝေးနဲ့ အခဲဖြစ်နေတာမျိုးတွေဆိုရင်တော့ မဝယ်သင့်ပါဘူး။ အမဲစက်တွေ့ရင် မဝယ်သင့်ပါဘူး။ မှိုဆိုတာ အဖြူဖတ် အချောင်းလေးတွေ ဖွာထွက်နေတာမျိုးဆိုရင်လည်း မဝယ်သင့်ပါဘူး။

9. Lens ကို မိုးကောင်းကင်ကိုထောင်ကြည့်ပါ။ အနီးကပ်ကြည့်ပါ အဝေးကခွါကြည့်ပါ။ အမျိုးမျိုးကြည့်ပါ။


10. ဈေးသက်သာတိုင်းလည်း မကောင်းဘူး။

ပေါချောင်ရင်တော့ ကောင်းတာ ရဖို့ ရှားပါတယ်ခင်ဗျာ။ ဈေးသက်သာတယ်ဆိုလို့ ဝယ်ချင်ရင်တောင် သတိလေးကပ်စေချင်ပါတယ်။ ဈေးသက်သာလို့ဝယ်ပြီးမှ ပြင်ရတဲ့ စရိတ်က ပိုများမှာမျိုးလားဆိုတာလေး စဉ်းစားစေချင်ပါတယ်။

**တချို့အကိုတွေကတော့ ကင်မရာသမားအခြင်းခြင်းမျှဝေသုံးမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ သက်သက်သာသာရောင်းပေးတာလေးတွေ တွေ့ဖူးပါတယ်။ တချို့ဆိုရင် အလကားသာသာဈေးလေးနဲ့ ရောင်းတာမျိုးတွေလည်း တွေ့ဖူးပါတယ်။ အဲ့လိုလူတွေက ရှားပေမယ့်ရှိပါတယ် သူတို့ကိုတော့ Respect 9+ ပါဗျာ။

ဒါတွေအကုန်လုံး စစ်မယ့်အချိန်ဟာ 15 မိနစ်လောက်ဘဲ ကြာပါတယ်။ အချိန်သိပ်မကုန်ပေမယ့် ကိုယ့်အတွက် အကျိုးရှိမှာပါခင်ဗျာ။

(SC အကြောင်းရေးတုန်းကလည်း အဆဲခံရပေမယ့် အမှတ်မရှိဘဲ နောက်တခါ စေတနာဖြင့်ရေးပေးခြင်းသာဖြစ်ပါတယ်။)

ကျတော်သိသော ကင်မရာပညာဟာ နည်းသေးသဖြင့် သိသော တတ်သော ညီအကိုမောင်နှမများ ထပ်ဖြည့်ပေးစေလိုပါတယ်။

မြန်မာပြည်သား အားလုံးကို ကင်မရာကောင်းကောင်း တလုံးပိုင်ဆိုင် စေလိုသော စေတနာဖြင့်။


Credit to မျိုးသန့်ကျော်

No comments:

Post a Comment

မင်္ဂလာပါ..