Apple နဲ့ AMD ရဲ့ GPU နှစ်ခုပေါင်းထားတဲ့ Graphic card
============================
သူ့နာမည်က Radeon Pro W6800X Duo ပါ။ ဒီလောက် Silicon Shortage ဖြစ်နေတာကို တစ်ကဒ်မှာ GPU ၂ခု့သွားထည့်ထားတယ်ဆိုတော့ ဘာလားပေါ့။ ဒါပေမဲ့ AMD မှာ ဒိုင်လျှိုလေး စု့ဆောင်းထားခဲ့တာတွေရှိနေခဲ့ပါတယ်။ ဒီကောင်ထုတ်ဖို့အတွက်ကို သီးသန့်စု့ဆောင်းထားခဲ့တာပါ။ Silicon share က Nvidia နဲ့အတူတူပဲရပေမဲ့ Nvidia card တွေကသာရောင်းအားကောင်းနေတာမို့လို့ AMD က သိပ်မထုတ်ဖြစ်ပဲ Apple နဲ့ Project အကြီးတစ်ခု့တူတူလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Lisa Su တော်တော်ကို ဉာဏ်ကောင်းသွားတဲ့အချက်ပါ။
PCB board တစ်ခု့ထဲပေါ်မှာ GPU ၂ခု့ထားထားတဲ့အတွက်
Power Delivery, Vram 32GB DDR6 memory ၂ခု့(စု့စု့ပေါင်း 64GB Vram)။ ဒီလို spec တွေကို ပြွတ်သိပ်ထည့်ထားတာပါ။ PCB ပေါ်က လမ်းကြောင်းတွေကလဲ GPU ၂ခု့ဆိုတော့ ၂ဆတိုးမှာဖြစ်လို့ PCB လား မီးပူလားမသဲကွဲတော့မဲ့ အနေအထားဖြစ်နေပါပြီ။
.
Radeon Pro W6800x duo ကို ဘယ်မှာသုံးမှာလဲ
-----------------------------------------
Apple ရဲ့ နောက်လာမဲ့ MAC pro တွေမှာသုံးမှာပါ။ Apple workstation ပဲဖြစ်ဖြစ် MAC ပဲဖြစ်ဖြစ်
အားနည်းချက်က Cinema 4D, Maya, 3Ds MAX, NUKE, Houdini တို့လို 3D ,VFX compostion, Animation ပိုင်းမှာက Nvidia GPU တပ်ထားတဲ့ Windows workstation တွေကိုလိုက်မမှီပါဖူး။ မှီရင်တောင် ဈေးက အများကြီးပိုကြီးနေလို့ Windows Desktop ပဲသုံးကြတာများပါတယ်။ နောက်လာမဲ့ MAC pro မှာ ဒီကောင် ၂ကဒ်ထည့်လို့ရပါမယ်။ တစ်ကဒ်ကိုလဲ 500W စားမှာပါ။ Apple ရဲ့ M1 ကလိုက်နိုင်မလား Intel or AMD cpu ပဲသုံးမလားကတော့ မသေချာသေးပါဖူး။ ဒါပေမဲ့ ဒီ GPU က game changer ဖြစ်သွားမှပါ။
ref: PCgamer
Image: AMD
No comments:
Post a Comment
မင်္ဂလာပါ..