File Manager ထဲမှာရှိတဲ့ Folder 📁 တွေအကြောင်း
သိထားသင့်တယ်လို့ယူဆပါတယ်။
Android Folder
Data
ဒီ File ကတော့ Data ဆိုတဲ့ နာမည်အတိုင်း ကိုယ်သုံးတဲ့ User Application နဲ့ Game တွေရဲ့ Data တွေရှိတဲ့နေရာပါ (com.android.calendar)ဒီလိုမျိုး File နာမည်တွေ ဖြစ်ပါတယ်။ဒီ File ထဲမှာတော့ ကိုယ်သုံးခဲ့တဲ့ User Application နဲ့ Game ရဲ့ Cache file တွေရှိသလို ၎င်းတို့ကို သုံးလို့ရအောင် Data တစ်ခုအနေနဲ့ သိမ်းဆည်းထားတဲ့ နေရာလို့လည်း ပြောလို့ရပါတယ်။ဒီလို Data File တွေရှိရင်တော့ သတိထားပေးဖို့ပြောချင်ပါတယ်။ အကယ်၍များ ကိုယ်က အဲဒီ file တွေကို မှားဖျက်ရင်တော့ ကိုယ် Download ဆွဲ ထားတဲ့ User Application နဲ့ Game Application ရဲ့ Data တွေဟာ
ဒါပေမယ့် ကိုယ်သုံးပြီးလို့ကျန်နေတဲ့ Cache file တွေကတော့ ပျက်သွားလည်းဘာမှမဖြစ်ပါဘူး။
ဒီအကြောင်းအရာကို နားလည် လွယ်အောင်ပြောရမယ်ဆိုရင်
-com.android.calendar
-com.facebook.katana
-com.facebook.orca စတဲ့ ဒီလို file တွေက Cache file တွေပါ ဖျက်လို့လည်းရပါတယ်။
-com.mobile.legends
-com.tecent.ig
ဒီလို file မျိုးတွေကိုတော့ Game ဆော့တဲ့သူတွေသိကြပါတယ်။ ဒီ File တွေသာ မှားဖျက်မိလို့ကတော့ သေချာပါတယ် Data တွေ ပြန်ပြီး Download ဆွဲရမှာတော့အမှန်ပါ။
User Application တွေကတော့ Cache File တွေပဲရှိတာများပါတယ်။
ဥပမာ -Facebook, Messenger,Viber လို Application မျိုးတွေပါ။
Game Application တွေကသာ အများအားဖြင့် Data အနေနဲ့ ရှိတာများပါတယ်။
ဒါကို ရှာကြည့်ချင်တယ်ဆိုရင် အခုပြထားတဲ့ Data File ထဲမှာ Application နာမည်နဲ့ရှာကြည့်လို့ရပါတယ်။
--------------------------------------***-----------------------------------------
Obb
ဒီ File ကတော့ Data file နဲ့သိပ်မကွာပါဘူး သူကတော့ Cache file မတွေ့ရသလောက်ပါပဲ။
ဒါပေမယ့် သူ့ထဲမှာ Game Application ရဲ့ Data File တွေ တွေ့ရတာများပါတယ်။
တချို့ Game Application တွေက Data File Format နဲ့ မဟုတ်ပဲ Obb File Format နဲ့လာတယ်ဆိုရင် ဒီ Obb file ထဲကိုပဲ ဝင်တာများပါတယ်။
ဒါတွေကိုတော့ ကိုယ့်ဖုန်းရဲ့ File Manager ထဲမှာ သေချာလေးကြည့်ကြည့်ပါ။
ဒီ Folder ကိုတော့ Photo file လို့လဲပြောလို့ရပါတယ်။ဒါပေမယ့် Camera နဲ့ ရိုက်တဲ့ Video တွေကလည်း ဒီ File ထဲကိုရောက်ပါတယ်။နောက်ပြီး အခုခေတ်စားနေတဲ့ Tiktok ကနေ Video Download ဆွဲရင်လည်း ဒီ file ထဲကို ရောက်ပါတယ်။
DCIM Folder ထဲမှာ အများဆုံးရှိနိုင်တဲ့ File တွေကတော့
-Camera
-Screenshot
-Screen-Recoder စတာတွေဖြစ်ပါတယ်။
တချို့ User အတွေအနေနဲ့ တခြား Photo app တွေ သုံးရင်လည်း ဒီ Folder ထဲကိုရောက်တာတွေရှိပါတယ်။
ဒါပေမယ့် ကိုယ်က သိထားရမှာက ဒီ DCIM
ဆိုတဲ့ Folder ဟာ ဓာတ်ပုံ file လို့သိထားရင်လည်းရပါတယ်။
👉မှတ်ချက် - SD Card ထည့်ပြီးသုံးတဲ့သူတွေအနေနဲ့ SD Card ကိုDefault အနေနဲ့ ရွေးထားတယ်ဆိုရင်တော့ဓာတ်ပုံ ရိုက်ထားတဲ့ Photo တွေ ၊ Facebook ကနေ Save တဲ့ Photo တွေစတဲ့အရာတွေဟာ SD Card ထဲမှာရှိတဲ့ DCIM ဆိုတဲ့ Folder ထဲကို ရောက်ပါတယ်။
ဒီ Folder ကတော့ ကိုယ်က Download ဆွဲတဲ့ File တွေ ရှိနေတဲ့နေရာပါ။
ချွင်းချက်အနေနဲ့ကတော့ Download ဆွဲသမျှတော့ အကုန် လုံးတော့ ဒီ Folder ထဲကို မဝင်ပါဘူး။
ဥပမာ - Google ကနေ Save တဲ့ Photo/ Video/
Application/ PDF/ Zip File တွေကသာ ဒီ Folder ထဲကိုဝင်တာများပါတယ်။
တခြား Download File တွေကတော့ သူတို့နဲ့သက်ဆိုင် တဲ့ Application တွေရဲ့ Folder ထဲကိုဝင်ပါတယ်။
ဥပမာ- VideMate, Facebook Video Downloader, စတဲဲ့ Application တွေရှိပါတယ်။
ဒီ Application တွေ ကို Install လုပ်ထားတဲ့ သူတွေအနေနဲ့ File Manager ထဲက Folder ထဲမှာ ရှာကြည့်လို့ရပါတယ်။
Music & Video Folder
ဒီ Folder တွေကတော့ရှင်းပါတယ်။
သီချင်းတွေရှိတဲ့ File ကတော့ Music File ဖြစ်ပြီး
Video တွေရှိတဲ့ File ကတော့ Video File ပါပဲ။
ဒါပေမယ့် သိထားရမယ့်အချက်တော့ရှိပါတယ်။
Zapy နဲ့ ကူးတဲ့ Music /Video တွေကတော့
ဒီ File တွေထဲကို မဝင်ပါဘူး။
သူနဲ့သက်ဆိုင်တဲ့ Zapy File ထဲကိုပဲ ဝင်ပါတယ်။
ဒါကိုတော့ File Manager ထဲမှာရှာကြည့်လို့ရပါတယ်။
--------------------------------------***-----------------------------------------
Pictures
ဒီ Folder တာဟာ DCIM နဲ့ သိပ်တော့ မကွာဘူးဆိုပေမယ့် ဓာတ်ပုံ File တော့ ဓာတ်ပုံ File ပါပဲ။
၎င်း File ထဲမှာကတော့ Messenger (ဒါမှမဟုတ်) Viber ကနေ Save တဲ့ Photo တွေ အများအားဖြင့်ရှိတဲ့နေရာပါ။
တခြား Photo Application တွေသုံးရင်လည်း
ဒီ File ထဲကိုဝင်တာတွေရှိပါတယ်။
ဒါတွေကိုတော့ ကိုယ်သုံးနေတဲ့ Application ပေါ်မူတည်ပြီး File Name လေးတွေနဲ့ ရှာကြည့်ပါ။
Zapya Folder
APP
Zapy Folder ထဲမှာရှိတဲ့ App ဆိုတဲ့ File ကတော့
Zapy နဲ့ Apllication တွေ Game တွေကူးရင် ဒီ File ထဲကို ဝင်ပါတယ်။
Folder
Zapy နဲ့ Folder File ကြီးတွေကူးရင် ဒီ File ထဲကိုရောက်ပါတယ်။ဒီလို ပို့တာကတော့ အဆင်ပြေတာတစ်ခုတော့ရှိပါတယ်။ကိုယ်က Selection လိုက်ပြီးမှတ်နေစရာမလိုေတာ့ ဘူးပေါ့။ဒါပေမယ့် သုံးတာတော့ မတွေ့ရသလောက်ပါပဲ လိုအပ်မှ သုံးကြတာများပါတယ်။သိထားသင့်တယ်ထင်လို့ ပြောပြလိုက်ပါတယ်။
Misc
ဒီ File ကတော့ Game Data တွေ Application Data တွေ ကို ကူးတဲ့အခါ ဒီ File ထဲကိုဝင်ပါတယ်။
ဒါပေမယ့် အခုလို Game Data တွေ Application Data တွေ ကူးရုံနဲ့ သူတို့ကို သုံးလို့မရပါဘူး။
ကိုယ်က ဒီထဲမှာရှိတဲ့ File ကို သက်ဆိုင်ရာ Folder တွေဆီကို Copy ယူပြီး ဒါမှမဟုတ်ရင် Cut/Move လုပ်ပြီး ထားပေးမှ သုံးလို့ရတာပါ။
File ရွှေ့နည်းကိုတော့ နောက်ထပ် post တွေမှာ ဆက်တင်ပေးသွားပါ့မယ်။
Music-Photo-Video
ဒီ File တွေကတော့ သိလောက်မယ်လို့ထင်ပါတယ်။
Zapya နဲ့ကူးတဲ့ Music/ Photo/Video တွေကတော့ ဒီ File တွေဆီကို ဝင်ပါတယ်။
ဒီလို File တွေကတော့ User Application အပေါ်မူတည်ပြီး Folder တွေရှိကြပါတယ်။
ဥပမာ - ကိုယ်က VideMate Application သုံးရင်
VidMate Folder ရှိမယ်။
ဒါမှမဟုတ် Viber သုံးရင် Viber Folder ရှိမယ်
စတာတွေက User သုံးတဲ့ Application တွေပေါ်မှာ မူတည်ပြီး File Manager ထဲမှာရှိပါတယ်။
ကိုယ့်ဖုန်းထဲက File Manager ထဲမှာ ရှာကြည့်ရင် သိနိုင်ပါတယ်။
တစ်ခုသိထားရမှာက ကိုယ်သုံးတဲ့ Application တိုင်း Folder တွေရှိမယ်လို့ မဆိုလိုပါဘူး Folder
အနေနဲ့ ရှိကိုရှိရမယ်ဆိုတဲ့ Application တွေကသာ File Manager ထဲမှာရှိတာများပါတယ်။
No comments:
Post a Comment
မင်္ဂလာပါ..