menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Car တုန်ခါမှု ပြဿနာများကို စစ်ဆေးခြင်း

 

🔹ကားတုန်ခါမှု ပြဿနာများကို စစ်ဆေးခြင်း🔹
ကားမောင်း၍ ခရီးသွားနေစဉ် မိမိကားမှ ထူးခြားအသံနှင့်တုန်ခါမှုများ ဖြစ်တတ်သည်။
တုန်ခါမှုများသည် ယာဉ်မောင်းသူကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး အန္တရာယ် ဖြစ်နိုင်သလားဆိုသည့် စိုးရိမ်ပူပန်မှုများနှင့် ကြောက်ရွံ့ခြင်းကို ဖြစ်စေပါသည်။
ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်းများကို ဆောင်ရွက်ရန် အားနည်းသော မော်တော်ယာဉ်များတွင် ရုတ်တရက် တုန်ခါမှုအသံများ ထွက်ပေါ်လာပါက ယာဉ်မောင်းသူများ စိုးရိမ်ထိတ်လန့်တတ်သည်။
တုန်ခါမှုသည် မည်သည့် အစိတ်အပိုင်းနေရာမှဖြစ်သည််ကို သိရှိမှသာ ယင်းပြဿနာကို ဖြေရှင်းနိုင်မည် ဖြစ်သည်။
ကားတစ်စီးတွင် တုန်ခါမှု(vibration) ဖြစ်နိုင်သောနေရာ အစိတ်အပိုင်းများမှာ
(၁)အင်ဂျင်
(၂)၀င်ရိုးတန်း
(၃)ဂျွိုင်းရုပ်
(၄)ဘရိတ်
(၅)ဘီးခွေ
(၆)တာယာ တို့ဖြစ်ပါသည်။


(၁) အင်ဂျင်တုန်ခါမှု ပြသနာ
ဓာတ်ဆီအင်ဂျင်တစ်လုံးတွင် လေ၊ လောင်စာဆီ၊ မီးပေးစနစ် အားလုံးညီညွတ်မျှတနေပါက အင်ဂျင်လည်ပတ်မှု မှန်ကန်ချောမွေ့နေမည်။
လီဗာနင်းလျှင် နင်းသလောက် အင်ဂျင်ဆွဲနိုင်ပြီး အင်ဂျင်စွမ်းဆောင်မှု ကောင်းသောကြောင့် လမ်းအခြေအနေ အမျိုးမျိုးတွင် အကောင်းဆုံး မောင်းနှင်နို်င်သည်။
လေ၊ လောင်စာဆီ၊ မီးပေး စနစ်(၃) မျိုးထဲမှ တစ်ခုခုချို့ယွင်းအားနည်းလာလျှင် အင်ဂျင်လည်ပတ်မှု ပုံမှန်မဟုတ်တော့ပဲ တုန်ခါမှု ဖြစ်တတ်သည်။
လီဗာနင်းပါက ဆက်ခနဲ တစ်ချက်တစ်ချက် တုန်ခါသွားမည်။
Highway တွင် အမြန်နှုန်း speed တင်မောင်း၍ မရဘဲ အင်ဂျင်မဆွဲနိုင်ဖြစ်မည်။
ကားစက်စတင်နိုးချိန်တွင် ကောင်းနေသော်လည်း ကြာကြာမောင်းပါက အင်ဂျင်တုန်ခါလာမည်။
ထိုလက္ခဏာများသည် အင်ဂျင်မူမမှန်သော လက္ခဏာဖြစ်သည်။
ဆီစစ်ဘူးပိတ်နေသလား၊ ဆီထဲတွင်ရေပါသလားစစ်ဆေးပါ။
အင်ဂျင်ဆီငတ်လျှင် ဆွဲအားရုန်းအားမကောင်းပါ။
ထို့ပြင် Air Cleaner လေစစ်တွင် ဖုန်များ ၊ အမှိုက်များ ပိတ်ဆို့နေပါက အင်ဂျင်ဆွဲလေဆွဲသလောက် မရနိုင်ပါ။
လေပိတ်ခြင်းသည် အောက်ဆီဂျင်ငတ်ခြင်းဖြစ်ပါသည်။
အောက်ဆီဂျင်နှင့် လောင်စာဆီ အချိုးကျမှန်ကန်စွာ ရောစပ်မှ အကောင်းဆုံး ပေါက်ကွဲလောင်ကျွမ်းမှု ရရှိပါသည်။
ဓာတ်ဆီကားများတွင် မီးပေးခြင်း(Ignition) မှန်စေရန် အရေးကြီးပါသည်။
Spark Plug ကောင်းရမည်ဖြစ်ပြီး ၀ါယာကြိုးနှင့် မီးကွိုင်ကောင်းရမည်။
ပလပ်မှ မီးပွား(spark)အထွက် ကောင်းမကောင်းစစ်ဆေးရမည်ဖြစ်ပြီး ပလပ်မကောင်းလျှင် ပလပ်အသစ်လဲပေးပါ။
(၂)Axle ၀င်ရိုးပြဿာနာ
လမ်းကြမ်း၊ ချိုင့်ခွက်များသောနေရာတွင် အရှိန်ပြင်းမောင်းမိပါက လမ်းအဆောင့် ဒဏ်များကြောင့် ၀င်ရိုးကောက်သွားတတ်သည်။
မသိမသာကောက်နေသော ဝင်ရိုးသည်မြန်နှုန်းမြင့်မောင်းနှင်ပါက တုန်ခါမှု ဖြစ်ပေါ်စေသည်။
ဝင်ရိုးလိမ်ကောက်ခြင်း သေချာစေရန် ဂျိုက်ထောက်ပြီး ကားဘီးကိုလှည့်ကြည့်ပါ။
ကားဘီးအရှိန်ရလာလျှင် ဘီးခါရမ်းပြီး တုန်ခါလာမည်။
ဒူးဆစ်နှင့် ဆက်သွယ်မောင်းသော ကားများတွင် ဒူးဆစ်သဲကာများ ပေါက်ပြဲပြီး ဒူးဆစ်ဆီ (အမဲဆီ) များ ယိုစိမ့်ထွက်တတ်သည်။
ဒူးဆစ်ဆီမရှိဘဲ သဲများ၊ ရွံ့များဝင်ကာ ဒူးဆစ်ပျက်ဆီးတတ်သည်။
ဒူးဆစ်ဘောလ်များ ပျက်စီးပြီး စား၍ ချောင်သွားတတ်သည်။
ပွန်းစား၍ ချောင်နေသော ၀င်ရိုးသည် မြန်နှုန်းမြင့် လည်ပတ်ချိန်တွင် တုန်ခါမှုဖြစ်ပေါ်လာသည်။
ဒူးဆစ်မှတုန်ခါမှုရှိမရှိ ဂျိုက် ထောက်ပြီးစစ်ဆေးပါ။
ဒူးဆစ်စားပြီး ချောင်နေလျှင်အသစ်လဲပေးပါ။
သဲကာအမဲဆီများအသစ်ထည့်ပါ။
(၃)ဂျွိုင်းရှပ် တုန်ခါမှု ပြဿနာ
နောက်ဆွဲကားများတွင် ဂီယာဘောက်စ်အထွက်မှ နောက်ဝန်ရိုးတန်း သို့ ဂျွိုင်းရှပ်နှင့် ဆက်သွယ်ထားပါသည်။
ဂျွိုင်းရှပ််တွင် ဂျွိုင်းဘောလ် (ခေါ်) ယူနီဗာဆယ်ဂျွိုင်းအဆစ် (၃)ခုမှ (၅)ခုအထိ ရှိတတ်သည်။
ဂျွိုင်းဘောလ်များ အမဲဆီငတ်ပြီးစား၍ ချောင်သွားတတ်သည်။
ဂျွိုင်းဆက်ဖလန်းပြားကို ဂျွိုင်းနတ်များနှင့်ဖမ်းထားသည်။
ခါးဆွဲဘောလ်အထိုင်နှင့် ရာဘာမောင်းတိန်းများ စားသွားပါက ဂျွိုင်းရှပ်လည်လျှင် ခါရမ်းပြီး အသံမြည်တတ်သည်။
ဂျွိုင်းမှ အသံထွက်လျှင် ဂျွိုင်းနတ်၊ ဂျွိုင်းဘောလ်နှင့် ခါးဆွဲဘောလ်များကို စစ်ဆေးပါ။
(၄) ဘရိတ်ပြဿနာ
ဒစ်ဘရိတ်များတွင် ဘရိတ်ငြိပြီး အပူလွန်ကဲကာ ဘရိတ် Rotor လိမ်ကောက်သွားတတ်သည်။
ဘရိတ်နင်းလိုက်လျှင် လိမ်နေသော Rotor ကြောင့်တုန်ခါမှုသည် Caliper နှင့် Brake Pad အပြားများကို လာ၍တိုးသည်။
ဘရိတ်ကျွမ်းကျင်သူများကို ပြသ၍ ဘရိတ်မှ တုန်ခါမှု အသံထွက်ခြင်းကို စစ်ဆေးပါ။
ဒရမ်ဘရိတ်သုံးကာ ကားများတွင်လည်း ကြာလာလျှင် ဒရမ်အတွင်းပိုင်းမျက်နှာပြင်များ မညီမညာဖြစ်တတ်သည်။
မညီညာသော ဘရိတ်ဒရမ်ပေါ်သို့ဘရိတ်ရှူးခြမ်းများနှင့် ပွတ်တိုက်ပါက တုန်ခါမှုဖြစ်ပေါ်သည်။
ဘရိတ်ဒရမ်အတွင်းပိုင်းကို စစ်ဆေး၍ လိုအပ်ပါက တွင်ခုံတွင် စက်ခုတ်စားပေးရသည်။
(၅) ကားဘီးပြဿနာ
ဒစ်ဝှီးဘဲဥလိုက်နေခြင်း၊ လိမ်ဖည်နေခြင်းများရှိပါက ကားဘီးတုန်ခါမှု ဖြစ်တတ်သည်။
ဒစ်ဝှီးအလိုင်းမင့် အောက်နေခြင်း၊ လိမ်ဖည်နေခြင်းကို စက်ပေါ်တင်၍စစ်ဆေးနိုင်သည်။
ပြန်လည်ပြုပြင်၍ ရနိုုင်သော ဒစ်ဝှီးခွေများကို သုံးသင့်သော်လည်း ပြုပြင်၍မရသော လိမ်ဖည်နေသော ဒစ်ဝှီးခွေများကို အစားထိုးလဲလှယ်သင့်သည်။
ဘီး Hub Ball ကြောင့်လည်း ဘီးခါတတ်သည်။
Hub Ball စားနေခြင်း၊ ချောင်နေခြင်း၊ အလွတ်ကစားနေခြင်းရှိမရှိ စစ်ဆေးပါ။
Hub Ball များကိုဖြုတ်၍ စစ်ဆေးသင့်ပါသည်။
အခြေအနေမကောင်းသော Hub Ball များကိုအသစ်လဲပေးသင့်ပါသည်။
လမ်းခရီးတွင် Hub Ball ကြွေ၍ မောင်းမရပါက များစွာ ဒုက္ခရောက်တတ်သည်။
ကားရှေ့ဘီး တုန်ခါမှုဖြစ်စေသော အခြားအကြောင်းတရားမှာ တိုက်ရော့၊ ဘော်လ်ဂျွိုင်း၊ ကားအောက်ပိုင်းပစ္စည်းများ ချောင်နေခြင်း၊ ကင်းပင်စားပြီး ကင်းပင်ဘွတ် ချောင်နေခြင်း၊ များကြောင့်လည်းဖြစ်သည်။
တိုက်ရော့ဘော်လ်ဂျွိုင်းများကို ချောင် မချောင်စစ်ဆေးပါ။
ထိန်းချုပ်တန်းများမှ ရာဘာဘွတ်များ ချောင် မချောင် စစ်ဆေးပါ။
မကောင်းပါက အစားထိုးလဲပေးသင့်ပါသည်။
Bulterfly ဘွတ်များစားနေပါက အသံထွက်လေ့ရှိသည်။
ထိုအခါ ဘွတ်များအားလုံးစစ်ဆေး၍ အသစ်လဲပါ။
ရှေ့ဘီး၊ နောက်ဘီး အလိုင်းမင့် ပြန်ချိန်ပါ။
ကားရှေ့ဘီးများ တုန်ခါမှုသည် စတီယာရင် အဆက်များမှတစ်ဆင့် စတီယာရင်ခွေသို့ လာ၍တိုးတတ်ပါသည်။
စတီယာရင်အဆက်များနှင့် တိုက်ရော့၊ ဘော်လ်ဂျွိုင်းများကို အမဲဆီထိုးပေးပါ။
စတီယာရင်၊ ဂီယာဘောက်စ် အလွတ်ကစားမှုသည် ရှိသင့်သလောက်သာ ရှိသင့်ပါသည်။
အလွတ်ကစားမှုများလျှင် မြန်နှုန်းမြင့်ကားမောင်းပါက စတီယာရင်တုန်ခါတတ်သည်။
စတီယာရင် ဂီယာဘောက်စ်တွင် ဂီယာဝိုင်စစ်ဆေးပါ။
အထိုင်နတ်များ ချောင်မချောင်စစ်ဆေးပါ။
စတီယာရင်ကော်လံ ဖလန်းအဆက်နေရာမှ ကွန်ပလိန်းနတ်များ ချောင်မချောင်စစ်ဆေးပါ။
ကားရှေ့ဘီးများတုန်ခါမှုသည် ဘီးအလိုင်းမင့်၊ တာယာ၊ Hub Ball၊ တိုက်ရော့ဘော်လ်ဂျွိုင်း ၊ စတီယာရင် စသောအချက်များစွာနှင့် သက်ဆိုင်နေပါသည်။
(၆) တာယာပြဿနာ
တာယာကြောင့်လည်း တုန်ခါမှု မြည်သံထွက်နိုင်သည်။
အချို့သော စတီယာရင်များသည် လိမ်ဖည်နေတတ်သည်။
လိမ်ဖည်နေသောတာယာသည် Speed မြန်လာပါက တုန်ခါမှုဖြစ်စေသည်။
တာယာ Balance အောက်နေပါက တာယာတုန်ခါမှုဖြစ်တတ်သည်။
တာယာBalance ညီညာမှု ရှိ/မရှိ Balancing စက်ပေါ်တွင် တင်၍ ချိန်ပေးသင့်ပါသည်။
အချို့တာယာများသည် ပန်းသားပွန်းစားမှု မညီမညာဖြစ်လာလျှင် တုန်ခါတတ်ပါသည်။
တာယာများကို ရှေ့နောက် ဘယ်ညာလှည့်သုံးပေးပါ။
တာယာလေပေါင်ဖိအား၊ တာယာတပ်ဆင်လျှင် ဒစ်ဝှီးခွေနှင့် တာယာအထိုင်ကျ များမှန်ကန်အောင်ပြုလုပ်သင့်ပါသည်။
တာယာဖြုတ်တပ်လျှင် ဖြုတ်-တပ်စက် (Tire Changer) နှင့် တပ်ဆင်သင့်ပါသည်။
ထို့အပြင် တာယာဘီးများကို အလိုင်းမင့် ပုံမှန်ချိန်သင့်ပါသည်။
တာယာလဲလျှင် ပန်းအမျိုးအစားတူ အစုံလိုက်လဲသင့်ပါသည်။
အချို့တာယာများသည် စက်ရုံမှထုတ်လုပ်စဉ်အချိန်ကပင် အရည်အသွေးချို့ယွင်းချက်ရှိတတ်ပါသည်။
တာယာအသစ်လည်း Balance ချိန်ရန်လိုအပ်ပါသည်။
မော်တော်ယာဉ်တစ်စီးတွင် ဖြစ်တတ်သော တုန်ခါမှုပြဿနာ(၆)မျိုးကို တင်ပြခဲ့ပါသည်။
အချို့ပြဿနာများသည် အရေးမကြီးသော်လည်း ကြာကြာထားလျှင် ပိုမိုပျက်စီးစေသော လမ်ကြောင်းပေါ်သို့ ဦးတည်သွားနေတတ်သည်။
ကားတစ်စီးသည် ပုံမှန်အနေအထား အခြေအနေတွင်သာ အလုပ်ခိုင်းသင့်ပါသည်။
မူမမှန်သော တုန်ခါမှုများသည် ချို့ယွင်းချက် အပြစ်ရှိသော လက္ခဏာများသာဖြစ်သည်။

Car တွေကို ရောင်းမယ်ဝယ်မယ်ဆိုရင် ဒီ apk လေးဆောင်ထားပါ.. 

No comments:

Post a Comment

မင်္ဂလာပါ..