အင်ဂျင်တုန်ခါပြီး စက်သံမမှန်တာဘာကြောင့်လဲ
==========================================
ဓာတ်ဆီအင်ဂျင်များတွင် အများဆုံးဖြစ်လေ့ရှိသော ပြဿနာမှာ လီဗာနင်းလိုက်လျှင် တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေသော အဂ်ဂျင်လည်ပတ်ပုံ မှုမမှန်သော ရောဂါဖြစ်သည်။ ဓာတ်ဆီအင်ဂျင်တစ်လုံးတွင် လောင်စာဆီပို့စနစ်၊ မီးပေးစနစ် (lgnition System) တို့သည် အဓိကကျသည်။ ဆီမမှန်၊ မီးမမှန်သော အင်ဂျင်သည် စွမ်းအားပြည့် အလုပ်မလုပ်နိုင်ဘဲ အင်ဂျင်စက်သံပါ မမှန်မကန်ဖြစ်လာသည်။
လီဗာနင်း၍ စက်ရှိန်မြင့်သော်လည်း အင်ဂျင်လည်ပတ်နှုန်း ချက်ချင်းတက်မလာဘဲ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေမည်။ အင်ဂျင်အတွင်း လောင်စာဆီများ၊ မီးလောင်ပေါက်ကွဲမှု ပြင်းအားမမှန်တော့ဘဲ နည်းလိုက် များလိုက် ဖြစ်ပြီး တုံ့ဆိုင်းနေ မည်။
အင်ဂျင်လည်ပတ်မှု မမှန်တော့ဘဲ တုံ့ဆိုင်း နေသော ပြဿနာအကြောင်းရင်းများစွာ ရှိပါသည်။ ချွတ်ယွင်းချက်ဖြစ်နေသော အားနည်းချက်များကို ရှာဖွေ စစ်ဆေး၍ ကုစားမှသာ အင်ဂျင်ပြဿနာများ ဖြေရှင်းနိုင်ပါမည်။ မော်တော်ယာဉ်နည်းပညာများ အဆင့်ဆင့် ပြောင်းလဲတိုးတက်လာခဲ့၍ ယနေ့ခေတ်ပေါ် အင်ဂျင်များနှင့် ခေတ်ဟောင်းအင်ဂျင်များ ဖွဲ့စည်းအလုပ်လုပ်ပုံ နည်း စနစ်များ ကွာခြားနေပါသည်။
ခေတ်ဟောင်းအင်ဂျင်ကို အပြစ်ရှာဖွေသော နည်းလမ်းနှင့် ခေတ်ပေါ်အင်ဂျင်များ စစ်ဆေးပုံနည်းလမ်းများ မတူညီပါ။ ခေတ်ဟောင်းကားများတွင် ကာပရိုက်တာစနစ်ကိုသုံးပြီး လေနှင့်လောင်စာကို ရောနှောပေးသည်။ ဒစ်စတြီဗျူတာသုံး၍ မီးဖြန့်ဝေသည်။ ရိုးရှင်းသည်။ လွယ်ကူသည်။ ခေတ်ပေါ်ကားများတွင် ကွန်ပျူတာစနစ်ကို သုံး၍ နည်းပညာရှုပ်ထွေးသည်။ ဆင်ဆာအာရုံခံ ကိရိယာများ သုံးထားသည်။ လောင်စာ ကို Injector က ဖြန်းပေးသည်။အင်ဂျင်ချွတ်ယွင်းချက် အပြစ်များကို မျက်မြင်စစ်ဆေးရုံဖြင့် ရောဂါရှာဖွေ၍ မရနိုင်ပါ။ ခေတ်ပေါ် ကားများကို ရောဂါရှာဖွေရန် Scan Tool သုံးရသည်။
အင်ဂျင်တစ်လုံး တုံ့ဆိုင်းတွန့်ဆုတ်နေသော အခြေအနေ၏ အဓိပ္ပာယ်မှာ အင်ဂျင်လည်ပတ်မှု စက်ရှိန်မြှင့်တင်လိုက်သော အချိန်တွင် အင်ဂျင်၏ စွမ်းအား ချက်ချင်းတက်မလာဘဲ နှေးလိုက် မြန်လိုက်ဖြစ်ပြီး စက်လည်ပတ်မှု ပုံမှန်မဟုတ်တော့ဘဲ အနှောင့်အယှက် အဟန့်အတားများရှိနေ၍ ဆတ်ခနဲ၊ တုံ့ခနဲသိမ့်ခနဲ ဖြစ်ပေါ်နေသော အခြေအနေမျိုးဖြစ်သည်။ ထိုအခြေ အနေမျိုးတွင် အင်ဂျင်စက်သည် ရုန်းအားမရှိဘဲ ကားတစ်စီးလုံး၏ ၀န်အလေးချိန်ကို ရွေ့လျားအောင် မစွမ်းဆောင်နိုင်ဘဲရှိ နေမည်။ အင်ဂျင်စက်၏ မူမမှန်သော လည်ပတ်မှုကြောင့် စွမ်းအားပါဝါ အပြည့်အ၀ထွက်မလာတော့ဘဲ ယာဉ်မောင်းသူကို ဒုက္ခပေးမည်။ တောင်ကုန်းတက်လမ်းမျိုးတွင် ရုတ်တရက် ဖြစ်လာပါက ကားနောက်ပြန်လိမ့်ဆင်းနိုင်သော အန္တရာယ်ရှိသည်။
Highway ထွက်မည့် ခရီးစဉ်တစ်ခုတွင် စတင်ထွက်လာခါစက ကားအင်ဂျင်ကောင်းနေသည်။ လမ်းတစ်၀က်လောက် ရောက်ခါမှ ရုတ်တရက်ကောက်ကာငင်ကာ ထိုကဲ့သို့ အင်ဂျင်မမှန်တော့ဘဲ တုံ့ဆိုင်းနေလျှင် လမ်းခုလတ်၌ အားလုံး ဒုက္ခရောက်ကြရသည်။ အဘယ်ကြောင့် ကားအင်ဂျင်စက် တုံ့ဆိုင်းတွန့်ဆုတ်ဖြစ်နေရသနည်း။ ဖြစ်တတ်သော ချွတ်ယွင်း ချက် အားနည်းချက်များကို လေ့လာဆန်းစစ်လျှင် တွေ့နိုင်ပါသည်။ အဓိက အကြောင်းရင်းမှာ မီးနှင့်ဆီ မမှန်၍ ဖြစ်သည်။
ကာပရိုက်တာစနစ် သုံးနေသေးသောခေတ်ဟောင်း ကားများတွင် ထိုကဲ့သို့ အင်ဂျင်သိမ့်သိမ့်တုန် ဖြစ်နေပါက စက်ဆရာများ ပြောလေ့ရှိသော စကားတစ်ခွန်းရှိသည်။ “ကားသမားဆိုတာ အနည်းဆုံးတော့ ဆီပျောက်၊ မီးပျောက်တဲ့ရောဂါကို ရှာတတ်ရတယ် ” ခေတ်ဟောင်းကားများတွင် ဆီတိုင်ကီမှ ကာပရိုက်တာ ရောက်သည်အထိ ဆီလိုင်းတစ်လျှောက်တွင် ဆီပန့်နှင့် ဆီစစ်ဘူးသာ ရှိသည်။ ဆီပန့်တွင် A/C Pump နှင့် အော်တို လျှပ်စစ်ပန့် (၂)မျိုးသုံးသည်။ ဆီစစ်ဘူးတွင် အမှိုက်များ၊ အနယ်အနှစ်များ၊ ရေများကို စစ်ထုတ်ပေးပြီး ကာပရိုက်တာသို့ ၀င်သည်။
ဆီစစ်ဘူးပိတ်လျှင် ဓာတ်ဆီအလိုက်နည်းပြီး ကာပရိုက်တာသို့ ဆီအ၀င်နည်းမည်။ Air Cleaner လေစစ်တွင် ဖုန်မှုန့်၊ သဲမှုန့်များပိတ်ဆို့နေပါက အင်ဂျင်လေ၀င်နည်းပြီး အသက်ရှူကျပ်မည်။ ကာပရိုက်တာ မကောင်းလျှင်လည်း လေနှင့် ဓာတ်ဆီရောစပ်မှု အချိုးအစားမမှန်ဘဲ အင်ဂျင်လည်ပတ်မှု တုံ့ဆိုင်းစေသည်။ ထို့ကြောင့် ကာပရိုက်တာသုံး ကားဟောင်းများတွင် ဆီအလိုက် ကောင်း/မကောင်း သိရှိရန် ဆီပန့်၊ ဆီစစ်ဘူး (ဓာတ်ဆီစစ်) ကာပရိုက်တာတို့ကို စစ်ဆေးရမည်။
ခေတ်ဟောင်းကားများ၏ မီးပေးစနစ်တွင် Ignition Coil, Braker Point, ဒစ်စတြီဗျူတာ၊ ပလပ်ကြိုးနှင့် ပလပ်များ ပါ၀င်သည်။ ပလပ်များမှ မီးပွား (Spark) ဖြစ်ပေါ်မှုအား မကောင်းခြင်း၊ မီးပျောက်နေခြင်းများသည် အင်ဂျင်လည်ပတ်မှု ချွတ်ယွင်းစေသာ အဓိက အားနည်းချက်ဖြစ်သည်။ ကွိုင်၊ ဒစ်စတြီဗျူတာကပ်ဖုံး၊ ပလပ်ကြိုးများ ရေစိုသွားလျှင်ဖြစ်စေ၊ ရေငွေ့ရိုက်ပြီး စိုထိုင်းထိုင်းဖြစ်စေ မီးပျောက်စေသော အခြေအနေဆိုးများ ဖြစ်သည်။
မိုးတွင်းရေကြီးရေလျှံသော လမ်းများတွင် မီးပျောက်၍ လမ်းဘေးချ ကားတွန်းရွှေ့ရသော ဒုက္ခမှာ မသက်သာလှပါ။ ဒစ်စတြီဗျူတာစနစ်တွင် အားနည်းချက်မှာ Braker Point ထိပ်ဖျားများ မီးစားသွားပြီး ကွိုင်မှ မီးထွက်အား ကျဆင်းသွားခြင်း ဖြစ်သည်။ ပွိုင့်ထိပ်ကို မကြာခဏ ကော်ပတ်စားပေးရ၊ ကွန်ဒင်ဆာလဲပေးရနှင့် ဒုက္ခများလှသည်။ ပွိုင့် Type ၏ အားနည်းချက်များကို ကျော်လွှားနိုင်ရန် ထရန်စစ္စတာသုံးမီးပေးစနစ်ကို ပြောင်းသုံးကြသည်။ သို့သော်လည်း ဒစ်စတြီဗျူတာ သုံးနေသမျှ အားနည်းချက်များရှိနေသေးသည်။ ပလပ်ကြိုး အတွင်းပိုင်းပြတ်နေခြင်း၊ ကာဘာပေါက်ကွဲ အက်နေခြင်းများ ဖြစ်နေပါက ပလပ်သို့ မီးမရောက်တော့ပါ။ ဆီမသန့်ခြင်း၊ အင်ဂျင်ဝိုင်ဆီရိုက်ခြင်းများကြောင့်လည်း ပလပ်များ မီးမကူးဘဲ ဖြစ်နေတတ်သည်။
ပလပ်ကြိုးမှ မီးလာ/မလာ ပထမဆုံးစမ်းသပ်ပါ။ ပလပ်ကြိုးကို ပလပ်ထိပ်မှဆွဲဖြုတ်ပြီး အင်ဂျင်ဘလောက်နှင့် နီးနီကပ်ကပ် ထားကြည့်ပါ။ မီးပွားများ ခုန်ကူးလျှင် ပလပ်အထိ မီးရောက်သည်။ ပလပ်ကောင်း/ မကောင်း သိရှိရန် စမ်းနည်းမှာ အင်ဂျင် Slow လည်နေချိန်တွင် ပလပ်ကြိုးတစ်ချောင်းချင်းကို ဖြုတ်၍မီးစမ်းပါ။ ပလပ်ကြိုးဖြုတ်လိုက်စဉ် အင်ဂျင်စက်သံ ပြောင်းသွားပြီး ပလပ်ကြိုး ပြန်တပ်လိုက်ပါက အင်ဂျင်လည်ပတ်မှု ပို၍မြန်သွားသည်ဟု ထင်ရပါက ထိုပလပ်ကောင်းသည်။ ပလပ်ခုတ် သည်ဟု ယူဆနိုင်သည်။ ပို၍ သေချာစေရန် Plug ကို အင်ဂျင်မှ ချွတ်လိုက်ပါ။ ပလပ်ထိပ်ဖျားငုတ် အခြေအနေကို စစ်ဆေးပါ။ သန့်ရှင်းဖြူဖွေးနေသော ပလပ်သည် ပုံမှန်ခုတ် ပေးနေသည်။ ညစ်ပေနေသော ပလပ်သည် အလုပ်မလုပ် သော၊ ညာနေသော ပလပ် ဖြစ်ပါသည်။ အချို့သော Ignition Coil များသည် ပူလာလျှင် ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ဘဲ မီးထွက် အားကျဆင်းတတ် သည်။ ကွိုင်မကောင်းလျှင်လည်း အင်ဂျင်စက်မမှန်ဘဲ ဖြစ်နေတတ်သည်။
ခေတ်ပေါ်ကားများတွင် အင်ဂျင်လည်ပတ်မှုများကို ကွန်ပျူတာခေါ် ECU က ထိန်းချုပ်သည်။ ဆီပို့ စနစ် (Fuel System) သည် EFI ခေါ် အီလက်ထရွန်းနစ် Fuel Injection စနစ်ဖြစ်သည်။ ဆင်ဆာခေါ် အာရုံခံကိရိယာ များသုံးထားပြီး ဆင်ဆာများက ပေးပို့သော သတင်းအချက်အလက်များကို အခြေခံ၍ ကွန်ပျူတာက မီးတိုင်မင်နှင့် ဆီဖြန်းပေးရမည့် ပမာဏကို ထိန်းချုပ်ကွပ်ကဲစီမံသည်။
ခေတ်ပေါ် EFI ကွန်ပျူတာစနစ်သုံးကားများ တွင် အင်ဂျင် တုံ့ဆိုင်းစေသော အကြောင်းတရားများမှာ-
⚫️ ဆီပန့်မကောင်း၍ ဆီအလိုက်နည်းပြီး ဆီဖိအားကျခြင်း
⚫️ ဆီစစ်ပိတ်ခြင်း
⚫️ ဆီမသန့်ရှင်းခြင်း၊ ရေနှင့် အညစ်အကြေးများ ရောနှောပါနေခြင်း၊ အောက်တိန်းနံပါတ်နိမ့်သော အရည်အသွေးညံ့ ဓာတ်ဆီများ သုံးထားခြင်း
⚫️ ဆီတိုင်ကီ မသန့်ခြင်း
⚫️ ဆီဖိအား ထိန်းညှိပေးသော Fuel Pressure Regulator မကောင်း၍ ဆီလိုင်းတွင် ဆီဖိအားနည်းနေခြင်း
⚫️ Fuel Injector များ မကောင်းခြင်း၊ ချေးပိတ် နေခြင်း၊ ဆီဖြန်းပေးသော Spray Pattern မကောင်းခြင်း
⚫️ MAP Sensor (Manifold Absolute Pressure) မကောင်းခြင်း
⚫️ TPS (Throttle Position Sensor) သရော်တယ် လေတံခါးအဖွင့် ဒီဂရီအာရုံခံ ဆင်ဆာ အလုပ် မလုပ်ခြင်း
⚫️ အင်ဂျင်မန်နီဖို့ထဲသို့ လေ၀င်ပမာဏကို တိုင်း တာပေးသော MAF (Mass Airflow) Sensor မ ကောင်းခြင်း
⚫️ Inlet Manifold လေဟာနယ်တွင် လေစိမ့်၀င်နေ ခြင်း (လေပိုက်များကွဲ အက်နေခြင်း)
⚫️ Spark Plug မကောင်းခြင်း၊ Plug ထိပ်ဖျားတွင် ကာဗွန်ချိုးများ၊ ဗားနစ်များ ကပ်တွယ်ညစ်ပေနေ ခြင်း၊ Plug ထိပ် ငုတ်တိုင်များ မီးစားနေခြင်း၊ ပလပ် ဆီရိုက်၍ ညစ်ပတ်နေခြင်း
⚫️ ပလပ်ဝါယာကြိုးသုံးသော ကားများတွင် ပလပ်ကြိုး ပေါက်ပြဲကွဲအက်နေခြင်း
⚫️ Ignition Coil မီးထွက်မကောင်းခြင်း
⚫️ EGR Valve များ လေမလုံခြင်း
⚫️ Transister Ignition Unit မှ မီးထွက်အား မကောင်းခြင်း
⚫️ ကွန်ပျူတာ ECU (Electronic Control Unit) ၌ ချွတ်ယွင်းချက်ရှိနေခြင်း
⚫️Crankshaft Angle Sensor မကောင်းခြင်း
⚫️ အောင်ဆီဂျင်ဆင်ဆာ မကောင်းခြင်း
⚫️ Timing Belt ကြိုးတပ်ဆင်မှု လွဲမှားနေခြင်း
⚫️ မီးတိုင်မင် လွဲချော်နေခြင်း
⚫️ ဒိုင်နမိုချာဂျင်အ၀င်နည်း၍ ဘက်ထရီအား မရှိခြင်း။
ကွန်ပျူတာစနစ်သုံး EFI ကားများ၏ ချွတ်ယွင်းအားနည်းချက်များကို တိတိကျကျရှာဖွေရန် ကွန်ပျူတာ Scan Tool ကို သုံးရသည်။ ချွတ်ယွင်းပျက်စီးနေသော ဆင်ဆာနှင့် အခြားအစိတ်အပိုင်းများကို အစားထိုး လဲလှယ်မှသာ အင်ဂျင်စက်ပုံမှန် ပြန်ဖြစ်နိုင်သည်။
ခေတ်ဟောင်း ကာပရိုက်တာစနစ်သုံးကား များတွင် ဆီပျောက်မီးပျောက် ပြဿနာများကို မျက်မြင်စမ်း သပ်ရှာဖွေပြီးနောက် ကား၀ပ်ရှော့ပ်တစ်ခုသို့ အပ်နှံ၍ အင်ဂျင်ကျူးနင်း လုပ်သင့်သည်။ အင်ဂျင်ကျူးနင်း လုပ်လိုက်လျှင် အင်ဂျင်အဆွဲအရုန်း ကျနေသောကားများ ပြန်လည်ကောင်းမွန်လာမည်။
ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်ပေးနေသော ကားများသည် ချွတ်ယွင်းအားနည်းချက်များ ဖြစ်ခဲသည်။ EFI စနစ်သုံးကားများတွင် အရည်အသွေးမှန်သော Octane ဆီများသုံးပြီး Injector Cleaner ဆေးရည်များကိုလည်း ဆီတိုင်ကီထဲတွင် မကြာခဏ ရောစပ် သုံးစွဲသင့်ပါသည်။
====================
(ပြန်လည်မျှဝေခြင်းသာ)
Credit :
# ဆရာမာစတာ
# Carjournal
(Unicode)
အင်ဂျင်တုန်ခါပြီး စက်သံမမှန်တာဘာကြောင့်လဲ
================================================================================================
ဓာတ်ဆီအင်ဂျင်များတွင် အများဆုံးဖြစ်လေ့ရှိသော ပြဿနာမှာ လီဗာနင်းလိုက်လျှင် တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေသော အဂ်ဂျင်လည်ပတ်ပုံ မှုမမှန်သော ရောဂါဖြစ်သည်။ ဓာတ်ဆီအင်ဂျင်တစ်လုံးတွင် လောင်စာဆီပို့စနစ်၊ မီးပေးစနစ် (lgnition System) တို့သည် အဓိကကျသည်။ ဆီမမှန်၊ မီးမမှန်သော အင်ဂျင်သည် စွမ်းအားပြည့် အလုပ်မလုပ်နိုင်ဘဲ အင်ဂျင်စက်သံပါ မမှန်မကန်ဖြစ်လာသည်။
လီဗာနင်း၍ စက်ရှိန်မြင့်သော်လည်း အင်ဂျင်လည်ပတ်နှုန်း ချက်ချင်းတက်မလာဘဲ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေမည်။ အင်ဂျင်အတွင်း လောင်စာဆီများ၊ မီးလောင်ပေါက်ကွဲမှု ပြင်းအားမမှန်တော့ဘဲ နည်းလိုက် များလိုက် ဖြစ်ပြီး တုံ့ဆိုင်းနေ မည်။
အင်ဂျင်လည်ပတ်မှု မမှန်တော့ဘဲ တုံ့ဆိုင်း နေသော ပြဿနာအကြောင်းရင်းများစွာ ရှိပါသည်။ ချွတ်ယွင်းချက်ဖြစ်နေသော အားနည်းချက်များကို ရှာဖွေ စစ်ဆေး၍ ကုစားမှသာ အင်ဂျင်ပြဿနာများ ဖြေရှင်းနိုင်ပါမည်။ မော်တော်ယာဉ်နည်းပညာများ အဆင့်ဆင့် ပြောင်းလဲတိုးတက်လာခဲ့၍ ယနေ့ခေတ်ပေါ် အင်ဂျင်များနှင့် ခေတ်ဟောင်းအင်ဂျင်များ ဖွဲ့စည်းအလုပ်လုပ်ပုံ နည်း စနစ်များ ကွာခြားနေပါသည်။
ခေတ်ဟောင်းအင်ဂျင်ကို အပြစ်ရှာဖွေသော နည်းလမ်းနှင့် ခေတ်ပေါ်အင်ဂျင်များ စစ်ဆေးပုံနည်းလမ်းများ မတူညီပါ။ ခေတ်ဟောင်းကားများတွင် ကာပရိုက်တာစနစ်ကိုသုံးပြီး လေနှင့်လောင်စာကို ရောနှောပေးသည်။ ဒစ်စတြီဗျူတာသုံး၍ မီးဖြန့်ဝေသည်။ ရိုးရှင်းသည်။ လွယ်ကူသည်။ ခေတ်ပေါ်ကားများတွင် ကွန်ပျူတာစနစ်ကို သုံး၍ နည်းပညာရှုပ်ထွေးသည်။ ဆင်ဆာအာရုံခံ ကိရိယာများ သုံးထားသည်။ လောင်စာ ကို Injector က ဖြန်းပေးသည်။အင်ဂျင်ချွတ်ယွင်းချက် အပြစ်များကို မျက်မြင်စစ်ဆေးရုံဖြင့် ရောဂါရှာဖွေ၍ မရနိုင်ပါ။ ခေတ်ပေါ် ကားများကို ရောဂါရှာဖွေရန် Scan Tool သုံးရသည်။
အင်ဂျင်တစ်လုံး တုံ့ဆိုင်းတွန့်ဆုတ်နေသော အခြေအနေ၏ အဓိပ္ပာယ်မှာ အင်ဂျင်လည်ပတ်မှု စက်ရှိန်မြှင့်တင်လိုက်သော အချိန်တွင် အင်ဂျင်၏ စွမ်းအား ချက်ချင်းတက်မလာဘဲ နှေးလိုက် မြန်လိုက်ဖြစ်ပြီး စက်လည်ပတ်မှု ပုံမှန်မဟုတ်တော့ဘဲ အနှောင့်အယှက် အဟန့်အတားများရှိနေ၍ ဆတ်ခနဲ၊ တုံ့ခနဲသိမ့်ခနဲ ဖြစ်ပေါ်နေသော အခြေအနေမျိုးဖြစ်သည်။ ထိုအခြေ အနေမျိုးတွင် အင်ဂျင်စက်သည် ရုန်းအားမရှိဘဲ ကားတစ်စီးလုံး၏ ဝန်အလေးချိန်ကို ရွေ့လျားအောင် မစွမ်းဆောင်နိုင်ဘဲရှိ နေမည်။ အင်ဂျင်စက်၏ မူမမှန်သော လည်ပတ်မှုကြောင့် စွမ်းအားပါဝါ အပြည့်အဝထွက်မလာတော့ဘဲ ယာဉ်မောင်းသူကို ဒုက္ခပေးမည်။ တောင်ကုန်းတက်လမ်းမျိုးတွင် ရုတ်တရက် ဖြစ်လာပါက ကားနောက်ပြန်လိမ့်ဆင်းနိုင်သော အန္တရာယ်ရှိသည်။
Highway ထွက်မည့် ခရီးစဉ်တစ်ခုတွင် စတင်ထွက်လာခါစက ကားအင်ဂျင်ကောင်းနေသည်။ လမ်းတစ်ဝက်လောက် ရောက်ခါမှ ရုတ်တရက်ကောက်ကာငင်ကာ ထိုကဲ့သို့ အင်ဂျင်မမှန်တော့ဘဲ တုံ့ဆိုင်းနေလျှင် လမ်းခုလတ်၌ အားလုံး ဒုက္ခရောက်ကြရသည်။ အဘယ်ကြောင့် ကားအင်ဂျင်စက် တုံ့ဆိုင်းတွန့်ဆုတ်ဖြစ်နေရသနည်း။ ဖြစ်တတ်သော ချွတ်ယွင်း ချက် အားနည်းချက်များကို လေ့လာဆန်းစစ်လျှင် တွေ့နိုင်ပါသည်။ အဓိက အကြောင်းရင်းမှာ မီးနှင့်ဆီ မမှန်၍ ဖြစ်သည်။
ကာပရိုက်တာစနစ် သုံးနေသေးသောခေတ်ဟောင်း ကားများတွင် ထိုကဲ့သို့ အင်ဂျင်သိမ့်သိမ့်တုန် ဖြစ်နေပါက စက်ဆရာများ ပြောလေ့ရှိသော စကားတစ်ခွန်းရှိသည်။ “ကားသမားဆိုတာ အနည်းဆုံးတော့ ဆီပျောက်၊ မီးပျောက်တဲ့ရောဂါကို ရှာတတ်ရတယ် ” ခေတ်ဟောင်းကားများတွင် ဆီတိုင်ကီမှ ကာပရိုက်တာ ရောက်သည်အထိ ဆီလိုင်းတစ်လျှောက်တွင် ဆီပန့်နှင့် ဆီစစ်ဘူးသာ ရှိသည်။ ဆီပန့်တွင် A/C Pump နှင့် အော်တို လျှပ်စစ်ပန့် (၂)မျိုးသုံးသည်။ ဆီစစ်ဘူးတွင် အမှိုက်များ၊ အနယ်အနှစ်များ၊ ရေများကို စစ်ထုတ်ပေးပြီး ကာပရိုက်တာသို့ ဝင်သည်။
ဆီစစ်ဘူးပိတ်လျှင် ဓာတ်ဆီအလိုက်နည်းပြီး ကာပရိုက်တာသို့ ဆီအဝင်နည်းမည်။ Air Cleaner လေစစ်တွင် ဖုန်မှုန့်၊ သဲမှုန့်များပိတ်ဆို့နေပါက အင်ဂျင်လေဝင်နည်းပြီး အသက်ရှူကျပ်မည်။ ကာပရိုက်တာ မကောင်းလျှင်လည်း လေနှင့် ဓာတ်ဆီရောစပ်မှု အချိုးအစားမမှန်ဘဲ အင်ဂျင်လည်ပတ်မှု တုံ့ဆိုင်းစေသည်။ ထို့ကြောင့် ကာပရိုက်တာသုံး ကားဟောင်းများတွင် ဆီအလိုက် ကောင်း/မကောင်း သိရှိရန် ဆီပန့်၊ ဆီစစ်ဘူး (ဓာတ်ဆီစစ်) ကာပရိုက်တာတို့ကို စစ်ဆေးရမည်။
ခေတ်ဟောင်းကားများ၏ မီးပေးစနစ်တွင် Ignition Coil, Braker Point, ဒစ်စတြီဗျူတာ၊ ပလပ်ကြိုးနှင့် ပလပ်များ ပါဝင်သည်။ ပလပ်များမှ မီးပွား (Spark) ဖြစ်ပေါ်မှုအား မကောင်းခြင်း၊ မီးပျောက်နေခြင်းများသည် အင်ဂျင်လည်ပတ်မှု ချွတ်ယွင်းစေသာ အဓိက အားနည်းချက်ဖြစ်သည်။ ကွိုင်၊ ဒစ်စတြီဗျူတာကပ်ဖုံး၊ ပလပ်ကြိုးများ ရေစိုသွားလျှင်ဖြစ်စေ၊ ရေငွေ့ရိုက်ပြီး စိုထိုင်းထိုင်းဖြစ်စေ မီးပျောက်စေသော အခြေအနေဆိုးများ ဖြစ်သည်။
မိုးတွင်းရေကြီးရေလျှံသော လမ်းများတွင် မီးပျောက်၍ လမ်းဘေးချ ကားတွန်းရွှေ့ရသော ဒုက္ခမှာ မသက်သာလှပါ။ ဒစ်စတြီဗျူတာစနစ်တွင် အားနည်းချက်မှာ Braker Point ထိပ်ဖျားများ မီးစားသွားပြီး ကွိုင်မှ မီးထွက်အား ကျဆင်းသွားခြင်း ဖြစ်သည်။ ပွိုင့်ထိပ်ကို မကြာခဏ ကော်ပတ်စားပေးရ၊ ကွန်ဒင်ဆာလဲပေးရနှင့် ဒုက္ခများလှသည်။ ပွိုင့် Type ၏ အားနည်းချက်များကို ကျော်လွှားနိုင်ရန် ထရန်စစ္စတာသုံးမီးပေးစနစ်ကို ပြောင်းသုံးကြသည်။ သို့သော်လည်း ဒစ်စတြီဗျူတာ သုံးနေသမျှ အားနည်းချက်များရှိနေသေးသည်။ ပလပ်ကြိုး အတွင်းပိုင်းပြတ်နေခြင်း၊ ကာဘာပေါက်ကွဲ အက်နေခြင်းများ ဖြစ်နေပါက ပလပ်သို့ မီးမရောက်တော့ပါ။ ဆီမသန့်ခြင်း၊ အင်ဂျင်ဝိုင်ဆီရိုက်ခြင်းများကြောင့်လည်း ပလပ်များ မီးမကူးဘဲ ဖြစ်နေတတ်သည်။
ပလပ်ကြိုးမှ မီးလာ/မလာ ပထမဆုံးစမ်းသပ်ပါ။ ပလပ်ကြိုးကို ပလပ်ထိပ်မှဆွဲဖြုတ်ပြီး အင်ဂျင်ဘလောက်နှင့် နီးနီကပ်ကပ် ထားကြည့်ပါ။ မီးပွားများ ခုန်ကူးလျှင် ပလပ်အထိ မီးရောက်သည်။ ပလပ်ကောင်း/ မကောင်း သိရှိရန် စမ်းနည်းမှာ အင်ဂျင် Slow လည်နေချိန်တွင် ပလပ်ကြိုးတစ်ချောင်းချင်းကို ဖြုတ်၍မီးစမ်းပါ။ ပလပ်ကြိုးဖြုတ်လိုက်စဉ် အင်ဂျင်စက်သံ ပြောင်းသွားပြီး ပလပ်ကြိုး ပြန်တပ်လိုက်ပါက အင်ဂျင်လည်ပတ်မှု ပို၍မြန်သွားသည်ဟု ထင်ရပါက ထိုပလပ်ကောင်းသည်။ ပလပ်ခုတ် သည်ဟု ယူဆနိုင်သည်။ ပို၍ သေချာစေရန် Plug ကို အင်ဂျင်မှ ချွတ်လိုက်ပါ။ ပလပ်ထိပ်ဖျားငုတ် အခြေအနေကို စစ်ဆေးပါ။ သန့်ရှင်းဖြူဖွေးနေသော ပလပ်သည် ပုံမှန်ခုတ် ပေးနေသည်။ ညစ်ပေနေသော ပလပ်သည် အလုပ်မလုပ် သော၊ ညာနေသော ပလပ် ဖြစ်ပါသည်။ အချို့သော Ignition Coil များသည် ပူလာလျှင် ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ဘဲ မီးထွက် အားကျဆင်းတတ် သည်။ ကွိုင်မကောင်းလျှင်လည်း အင်ဂျင်စက်မမှန်ဘဲ ဖြစ်နေတတ်သည်။
ခေတ်ပေါ်ကားများတွင် အင်ဂျင်လည်ပတ်မှုများကို ကွန်ပျူတာခေါ် ECU က ထိန်းချုပ်သည်။ ဆီပို့ စနစ် (Fuel System) သည် EFI ခေါ် အီလက်ထရွန်းနစ် Fuel Injection စနစ်ဖြစ်သည်။ ဆင်ဆာခေါ် အာရုံခံကိရိယာ များသုံးထားပြီး ဆင်ဆာများက ပေးပို့သော သတင်းအချက်အလက်များကို အခြေခံ၍ ကွန်ပျူတာက မီးတိုင်မင်နှင့် ဆီဖြန်းပေးရမည့် ပမာဏကို ထိန်းချုပ်ကွပ်ကဲစီမံသည်။
ခေတ်ပေါ် EFI ကွန်ပျူတာစနစ်သုံးကားများ တွင် အင်ဂျင် တုံ့ဆိုင်းစေသော အကြောင်းတရားများမှာ-
⚫️ ဆီပန့်မကောင်း၍ ဆီအလိုက်နည်းပြီး ဆီဖိအားကျခြင်း
⚫️ ဆီစစ်ပိတ်ခြင်း
⚫️ ဆီမသန့်ရှင်းခြင်း၊ ရေနှင့် အညစ်အကြေးများ ရောနှောပါနေခြင်း၊ အောက်တိန်းနံပါတ်နိမ့်သော အရည်အသွေးညံ့ ဓာတ်ဆီများ သုံးထားခြင်း
⚫️ ဆီတိုင်ကီ မသန့်ခြင်း
⚫️ ဆီဖိအား ထိန်းညှိပေးသော Fuel Pressure Regulator မကောင်း၍ ဆီလိုင်းတွင် ဆီဖိအားနည်းနေခြင်း
⚫️ Fuel Injector များ မကောင်းခြင်း၊ ချေးပိတ် နေခြင်း၊ ဆီဖြန်းပေးသော Spray Pattern မကောင်းခြင်း
⚫️ MAP Sensor (Manifold Absolute Pressure) မကောင်းခြင်း
⚫️ TPS (Throttle Position Sensor) သရော်တယ် လေတံခါးအဖွင့် ဒီဂရီအာရုံခံ ဆင်ဆာ အလုပ် မလုပ်ခြင်း
⚫️ အင်ဂျင်မန်နီဖို့ထဲသို့ လေဝင်ပမာဏကို တိုင်း တာပေးသော MAF (Mass Airflow) Sensor မ ကောင်းခြင်း
⚫️ Inlet Manifold လေဟာနယ်တွင် လေစိမ့်ဝင်နေ ခြင်း (လေပိုက်များကွဲ အက်နေခြင်း)
⚫️ Spark Plug မကောင်းခြင်း၊ Plug ထိပ်ဖျားတွင် ကာဗွန်ချိုးများ၊ ဗားနစ်များ ကပ်တွယ်ညစ်ပေနေ ခြင်း၊ Plug ထိပ် ငုတ်တိုင်များ မီးစားနေခြင်း၊ ပလပ် ဆီရိုက်၍ ညစ်ပတ်နေခြင်း
⚫️ ပလပ်ဝါယာကြိုးသုံးသော ကားများတွင် ပလပ်ကြိုး ပေါက်ပြဲကွဲအက်နေခြင်း
⚫️ Ignition Coil မီးထွက်မကောင်းခြင်း
⚫️ EGR Valve များ လေမလုံခြင်း
⚫️ Transister Ignition Unit မှ မီးထွက်အား မကောင်းခြင်း
⚫️ ကွန်ပျူတာ ECU (Electronic Control Unit) ၌ ချွတ်ယွင်းချက်ရှိနေခြင်း
⚫️Crankshaft Angle Sensor မကောင်းခြင်း
⚫️ အောင်ဆီဂျင်ဆင်ဆာ မကောင်းခြင်း
⚫️ Timing Belt ကြိုးတပ်ဆင်မှု လွဲမှားနေခြင်း
⚫️ မီးတိုင်မင် လွဲချော်နေခြင်း
⚫️ ဒိုင်နမိုချာဂျင်အဝင်နည်း၍ ဘက်ထရီအား မရှိခြင်း။
ကွန်ပျူတာစနစ်သုံး EFI ကားများ၏ ချွတ်ယွင်းအားနည်းချက်များကို တိတိကျကျရှာဖွေရန် ကွန်ပျူတာ Scan Tool ကို သုံးရသည်။ ချွတ်ယွင်းပျက်စီးနေသော ဆင်ဆာနှင့် အခြားအစိတ်အပိုင်းများကို အစားထိုး လဲလှယ်မှသာ အင်ဂျင်စက်ပုံမှန် ပြန်ဖြစ်နိုင်သည်။
ခေတ်ဟောင်း ကာပရိုက်တာစနစ်သုံးကား များတွင် ဆီပျောက်မီးပျောက် ပြဿနာများကို မျက်မြင်စမ်း သပ်ရှာဖွေပြီးနောက် ကားဝပ်ရှော့ပ်တစ်ခုသို့ အပ်နှံ၍ အင်ဂျင်ကျူးနင်း လုပ်သင့်သည်။ အင်ဂျင်ကျူးနင်း လုပ်လိုက်လျှင် အင်ဂျင်အဆွဲအရုန်း ကျနေသောကားများ ပြန်လည်ကောင်းမွန်လာမည်။
ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်ပေးနေသော ကားများသည် ချွတ်ယွင်းအားနည်းချက်များ ဖြစ်ခဲသည်။ EFI စနစ်သုံးကားများတွင် အရည်အသွေးမှန်သော Octane ဆီများသုံးပြီး Injector Cleaner ဆေးရည်များကိုလည်း ဆီတိုင်ကီထဲတွင် မကြာခဏ ရောစပ် သုံးစွဲသင့်ပါသည်။
====================
Credit :
# ဆရာမာစတာ
# Carjournal
No comments:
Post a Comment
မင်္ဂလာပါ..