menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Car ရှိနေပြီဆိုရင် မဖြစ်မနေ သိထားဖို့ အချက် ၄ ခု

 

လူကြီးမင်းတို့ အခုစီးနေတဲ့ ကားက
JDMလား?
SKDလား?
CKDလား?
CBUလား?
JDM ,SKD, CKD, CBU ဆိုတာဘာတွေလဲဆိုတာ ဗဟုသုတ အနေနဲ့ သိထားရင် ပိုကောင်းမယ့် အရာတွေဖြစ်ပါတယ်
ကားလောကမှာ လူပြောများတဲ့ အသုံးအနှုန်းတွေ ဖြစ်ပေမယ့် တစ်ချို့ မသိသေးတဲ့ မိတ်ဆွေတွေအတွက် မျှဝေလိုက်ပါတယ်
🚗JDM - Japanese Domestic Market🚗
ဂျပန်နိုင်ငံတွင်းသုံးဖို့  ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ကားတွေပါ။ အကြောင်းအမျိုးမျိုးကြောင့် ဂျပန်မှာ  ဆက်မသုံးတော့ဘဲ မြန်မာနိုင်ငံကို second အနေနဲ့ ပြန်တင်သွင်းလာတာပါ။  ကျွန်တော်တို့ လမ်းပေါ်မှာ တွေ့နေရတဲ့ ကားအဟောင်းတော်တော်များများက JDM  တွေပါခင်ဗျာ
🚙 SKD -Semi Knock Down🚙
မူရင်းထုတ်လုပ်တဲ့ စက်ရုံကနေ ကားအစိတ်အပိုင်း‌တွေကို မြန်မာပြည်တွင်းသို့
တစ်စစီသယ်လာပြီး မြန်မာပြည်တွင်းတွင် ပြန်လည်တပ်ဆင်ထားတဲ့ ကားတွေကိုဆိုလိုပါတယ်
CKD - Completely Knocked Down🚧
သက်ဆိုင်ရာကားအစိတ်အပိုင်းတွေကို  မြန်မာနိုင်ငံတွင်းမှာပဲ ထုတ်လုပ်ပြီး မြန်မာပြည်တွင်းမှာဘဲ အပြီးအစီး  တပ်ဆင်ထားသော ကားတွေကို ဆိုလိုပါတယ်
🚐 CBU -Completely Built-Up 🚐
မူရင်းထုတ်လုပ်တဲ့ နိုင်ငံကနေ အပြီးအစီးတပ်ဆင်ပြီး မြန်မာပြည်တွင် အသင့်မောင်းရုံ ကားတွေကို ဆိုလိုပါတယ်
ဒါဆို လူကြီးမင်းစီးနေတဲ့ ကားက ဘယ်အမျိုးအစားထဲမှာ ပါသလဲဆိုတာ သိသွားလောက်ပြီထင်ပါတယ်
 #Crd

No comments:

Post a Comment

မင်္ဂလာပါ..