မိမိကားအမည်ဖောက်လုပ်ရန်အတွက် မိမိနေထိုင်ရာ မြို့နယ်အခွန်ရုံးသို့ အောက်ပါစာရွက်စာတမ်းများနှင့်အတူသွားရောက်လုပ်ဆောင်ရပါမည်။
1 - အမည်ဖေါက်မည့်သူ၏ သန်းခေါင်စာရင်း (မူရင်း၊ မိတ္တူ)
2 - အမည်ဖေါက်မည့်သူ၏ မှတ်ပုံတင် (မူရင်း၊ မိတ္တူ)
3 - ကား Owner book (မူရင်း၊ မိတ္တူ)
4 - ကား Wheel Tax (မူရင်း၊ မိတ္တူ)
5 - အရောင်းအဝယ်စာချုပ် (မူရင်း၊ မိတ္တူ) (အရောင်းအဝယ်စာချုပ်သည် အမည်ပေါက်နှင့် မိမိ တိုက်ရိုက်ချုပ်ဆိုထားသော စာချုပ်ဖြစ်ရပါမည်။) အမည်ပေါက်ကရောင်းတဲ့ (In ထု ) စာချုပ်ကို သူ့အချက်အလက်ကို Owner Book ကကြည့်ရေး ။ ထို (In ထု ) စာချုပ်မှာ ၂ ဖက် သက်သေတွေရဲ့အချက်အလက်တွေပါအောင်ရေး ။ကားစျေးကိုရေးရာတွင် အခွန်ရုံးက သတ်မှတ်ထားသော ရာဖြတ်စျေးထက်ပိုမရေးနဲ့ ။
6 - ကားဓာတ်ပုံ ( ရှေ့ပုံ၊ အနောက်ပုံ၊ ဘေးတိုက်ပုံ အားလုံးပေါင်း ၃ ပုံ။ ဓာတ်ပုံကို မိမိကိုယ်တိုင် ဖုန်းဖြင့်ရိုက်၍ ဓာတ်ပုံဆိုင်မှာ သွားကူးပါ။)
(ကားဓာတ်ပုံမှအပ ကျန်စာရွက်စာတမ်းများအား မိတ္တူ ၂ စုံ ကူးပါ။ အခွန်ရုံးအတွက် တစ်စုံ၊ ကညန ရုံးအတွက်တစ်စုံ)
အထက်ဖော်ပြပါ စာရွက်စာတမ်းများ ပြည့်စုံပါက အခွန်ရုံးရှိ စာရေးထံတွင်တင်ရပါမည်။ ( ဝင်ငွေခွန် ပြရန်မရှိသူများသာ ) အခွန်ရုံးစာရေးမှ မိမိကားအား ရာဖြတ်မှ သတ်မှတ်ပေးထါးသော ဇယားတွင် တန်ဖိုးကို ကြည့်၍ သတ်မှတ်ရာခိုင်နှုန်းတွက်ချက်ပေးပါသည်။
ထို့နောက် ဘဏ်သို့ ငွေသွင်း ချလန် ရရှိရန် စောင့်ရပါသည်။ ချလန် ရရှိပါက မြန်မာ့စီးပွားရေးဘဏ်တွင် ငွေသွားသွင်းရပါသည်။ (သက်ဆိုင်ရာမြို့နယ်မြန်မာ့စီးပွါးရေးဘဏ်မှာငွေသွင်းရပါမယ် )
ဘဏ်တွင် ငွေသွင်းပြီးပါက ငွေသွင်းပြေစာကို မိတ္တူတစ်ရွက်ကူး၍ အခွန်ရုံးစာရေးထံသို့တခါ သွားရောက်ပေးအပ်ရပါမည်။ အခွန်ရုံးမှ အခွန်စိမ်းစာရွက် (၂ )ရွက် ထုတ်ပေးပါမည်။
မူရင်းဟု ရေးထားသောစာရွက်မှာ ကညန ရုံးသို့ ပေးရပါမည်။ ပ-မူရင်းဟု ရေးထားသောစာရွက်နှင့် ဘဏ်ငွေသွင်းချလန်မှာ မိမိသိမ်းထားရပါမည်။
(အခွန်စိမ်းစာရွက်သည် ကားပြန်ရောင်းသည့်အခါ ထည့်မပေးရပါ။ မိမိကိုယ်တိုင် အခွန်ဆောင်ထားသော စာရွက်ဖြစ်သဖြင့် မိမိနှင့်သာ သက်ဆိုင်သည်။)
နောက်တစ်နေ့တွင် က.ည.န ရုံးတွင် အမည်ပေါက်ရန် သွားရောက်လုပ်ဆောင်ပါ။
#ကားအကြောင်းကားစက်ပြင်
Car တွေကို ရောင်းမယ်ဝယ်မယ်ဆိုရင် ဒီ apk လေးဆောင်ထားပါ..
https://www.zmcdownload.com/2021/09/myanmar-car-search-buy-sell-rent.html
No comments:
Post a Comment
မင်္ဂလာပါ..