ကားမီးလောင်ရသည့် အကြောင်းအရင်းအမျိုးမျိုးရှိသော်လည်း ယာဉ်ပိုင်ရှင်၏ ထ်ိန်းသိမ်းစောင့်ရှောက်မှု
သည်လည်း အဓိကကျပါသည်။ ကားကိုမီးလောင်စေသည့်အချက်(၉)ချက်ရှိပါသည်။
ယင်းအချက်များမှာ
(၁) ဆီယိုစိမ့်ခြင်း
လောင်စာဆီစနစ်မှ ချို့ယွင်းမှုဖြစ်ပြီး ယိုစိမ့်ရာမှ ကားမီးလောင်မှုအများဆုံးဖြစ်စေနိုင်ပါသည်။
သာမန်ပွတ်တိုက်မှုမှဖြစ်သည့် အပူဓာတ်ကြောင့် ယိုစိမ့်သောလောင်စာဆီမှ မီးထတောက်နိုင်ပါသည်။
ယိုစိမ့်မှုကို မျက်မြင်မတွေ့ရသော်လည်း လောင်စာဆီအနံ့ရလာလျှင် လောင်စာဆီစနစ်က ယိုစိမ့်ခြင်းရှိမရှိ ချက်ချင်းစစ်ဆေးသင့်ပါသည်။
(၂) ဂတ်စကတ်ပြတ်ခြင်း
အင်ဂျင်အပူလွန်ကဲပြီး ရေဆူခြင်းသည် ဂတ်စကတ်ပြတ်ခြင်း၊ ပေါက်ခြင်းကြောင့်ဖြစ်နိုင်ပါသည်။
ထိုအချက်မှာလည်း ဆီယိုစိမ့်တဲ့အထိဖြစ်လာပြီး ကားမီးလောင်နိုင်ပါသည်။
ဂတ်စကတ်ပြတ်ပါက ရေတိုင်ကီထဲမှာ ဆီနှင့် ရေအရောအနှောဖြစ်လာတတ်ပါသည်။
(၃) အွိုင်းဆီးလ်နှင့် ဆီပိုက်
Oil Seal နှင့် ဆီပိုက်တွေမှာ ရော်ဘာဖြင့်ပြုလုပ်
ထားသောကြောင့် အင်ဂျင်အပူလွန်ကဲသည့်အခါ
အရည်ပျော်ပြီး ဒုက္ခပေးနိုင်ပါသည်။
ထိုနေရာမှ ဆီစိမ့်ထွက်ပြီး ဝါယာရှော့ဖြစ်ခြင်း၊
အကြောင်းအမျိုးမျိုးကြောင့်မီးပွားလေးများဖြစ်လာပါက
မီးထလောင်နိုင်စေပါသည်။
(၄) အင်ဂျင်အပူချိန်
မီးလောင်မှုတစ်ခုဖြစ်ရန် အပူ၊ လောင်စာ နှင့်
အောက်စီဂျင်သုံးမျိုးပေါင်းစပ်မိပြီးကားအင်ဂျင်အပူလွန်ကဲခြင်းကြောင့်မီးလောင်ရခြင်းအဖြစ်များပါသည်။အင်ဂျင်အပူချိန်လွန်လာသည်နှင့် လောင်စာဆီနှင့်အင်ဂျင်ဝိုင်များက ကျယ်ပြန့်လာပြီး လျှံထွက်ခြင်း၊စိမ့်ထွက်ခြင်းများဖြစ်လာနိုင်ပါသည်။ဓာတ်ဆီက သတ်မှတ်သည့်အပူချိန်ကျော်လွန်ပါကမီးထတောက်နိုင်ပါသည်။ထိုအရာမှာ အင်ဂျင်အနီးမှ လောင်စာဆီပို့ဆောင်သည့် နေရာတစ်လျှောက် မီးထတောက်လောင်ခြင်း ဖြစ်ပါသည်။အချို့ကားများတွင် ဆီပို့သည့်ရော်ဘာပိုက်မှာအင်ဂျင်အပေါ်မှဖတ်သွားပြီး အင်ဂျင်အပူလွန်ကဲသည့်အခါရော်ဘာပိုက်မှာအရည်ပျော်ပြီးမီးလောင်စေပါသည်။
(၅) ကျောက်ဆန်ခါ ပိတ်ဆို့ခြင်း
လောင်စာဆီမသန့်ခြင်း၊ အင်ဂျင်ကျနေခြင်းကြောင့်ကာဘွန်ထုတ်လွှတ်မှုများနေပါသည်။
လောင်စာကို အပြည့်အ၀မလောင်ကျွမ်းနိုင်ဘဲ
အိတ်ဇောစနစ်ထဲတွင် ကာဘွန်ဂျိုးနှင့်အညစ်အကြေးတွေကို ပိတ်ဆို့စေပါသည်။ထိုအချက်မှာ ကျောက်ဆန်ခါကိုလုံး၀ပိတ်ဆို့သွားစေပြီး အပူဓာတ်ကိုအင်ဂျင်အတွင်းခန်းသို့ပြန်ရောက်စေခြင်းကအင်ဂျင်အပူလွန်ကဲမှုကို ဖြစ်စေပါသည်။ထို့ကြောင့် ကျောက်ဆန်ခါကို စစ်ဆေးပြီးသန့်စင်ခြင်းပြုလုပ်သင့်သကဲ့သို့ချို့ယွင်းနေပါက ကျောက်ဆန်ခါအသစ်လဲလှယ်သင့်ပါသည်။
(၆) ရေတိုင်ကီချို့ယွင်းခြင်း
အင်ဂျင်အအေးပေးစနစ်(cooling system)
ထိန်းသိမ်းမှုမရှိပါက အင်ဂျင်အပူလွန်ကဲမှုမှတစ်ဆင့်ကားမီးလောင်သည်အထ ဖြစ်နိုင်ပါသည်။
ရေဒီရေတာစနစ်မှာ ချို့ယွင်းတက်သည်မှာပန်ကာကြိုး၊ ရေလည်အုံ၊ လည်ပတ်သည
ရေပိုက်လိုင်းစနစ်တို့ဖြစ်ပါသည်။Cooling fan သီးခြားးသုံးသည့်ပန်ကာအဖွင့်အပိတ် မှန်ကန်ရန်လိုအပ်ပါသည်။ရေတိုင်ကီလေ၀င်ပေါက်တွေမှာ ဖုန်မှုန့်များနှင့်အမှိုက်ပိတ်ဆို့နေတက်သောကြောင့်လည်းလေအေးပေး စနစ်ကို ချို့ယွင်းစေပါသည်။သတ်မှတ်ထားသည့် coolant အရည်ကို
သတ်မှတ်ပမာဏအတိုင်းအပြည့်ရှိနေစေရပါမည်။
(၇) သာမိုစတက် ချို့ယွင်းခြင်း
အအေးပေးစနစ်မှာ သာမိုစတက်ကပုံမှန်
အလုပ်မလုပ်ပါက အင်ဂျင်အပူလွန်ကဲစေပါသည်။သာမိုစတက်မှာ ရေတိုင်ကီအတွင်းလည်ပတ်သည့်coolant အရည်၏ အပူချိန်ကို လိုအပ်သလိုထိန်းချုပ်ပေးနိုင်မည်ဖြစ်သည်။
ရေဒီရေတာအတွင်း အအေးဓာတ်လွန်ကဲနေပါကရေများခဲမသွားရအောင် သာမိုစတက်ကို ပိတ်ပြီးအင်ဂျင်အပူဓာတ်နှင့် coolant ၏
အပူချိန်ကို မြှင့်တင်ပေးပါသည်။ရေဒီရေတာအတွင်း အပူချိန်များနေပါကသာမိုစတက်ဖွင့်ပြီး ၀င်လာသောလေအေးကြောင့်ရေဒီရေတာနှင့် အပူချိန်ကို လျှော့ချပေးပါသည်။ရေဒီရေတာက အင်ဂျင်အပူချိန်များကိုစုပ်ယူလျှော့ချပေးပါသည်။သာမိုစတက်ချို့ယွင်းပြီး အမြဲပိတ်နေပါက
အင်ဂျင်အပူလွန်ကဲစေပါသည်။
(၈) အင်ဂျင်ဝိုင်
အင်ဂျင်အတွင်းလည်ပတ်ပြီး လည်ပတ်မှုချောမွေ့စေရုံသာမက အင်ဂျင်၏ အပူကိုလျှော့ချပေးနိုင်သည်မှာ အင်ဂျင်ဝိုင်ဖြစ်ပါသည်။အင်ဂျင်ဝိုင်မှာ သက်တမ်းရင့်နေပြီးအမှိုက်နှင့် အညစ်အကြေးတွေ ရောထွေးနေပါကအင်ဂျင်အပူလွန်ကဲတာဖြစ်စေပါသည်။ထို့ကြောင့်အင်ဂျင်ဝိုင်ကို ပုံမှန်စစ်ဆေးလဲလှယ်သင့်ပါသည်။
(၉) ဝါယာရှော့
ဘက်ထရီမှထွက်လာသည့် လျှပ်စစ်မီးကြောင်းကြောင့် ဖြစ်လာသည့် မီးပွားများက ယိုစိမ့်သည့်ဆီနှင့်ဆီငွေ့တွေတွေ့ထိပြီး မီးလောင်နိုင်ပါသည်။ဝါယာကြိုးဆွေးမြေ့ပျက်စီးခြင်းမှတစ်ဆင့်ဝါယာရှော့ဖြစ်နိုင်သည့်အတွက်ဝါယာကြိုးရှိနိုင်သည့်နေရာတိုင်းတွင် ရှော့ရှိနိုင်ပါသည်။
ကားနှင့် အင်ဂျင်၀န်းကျင်မှာဆီနှင့်လောင်စာဆီတွေပေကျန်ညစ်ပတ်နေခြင်းမှမီးလောင်မှုကိုဖြစ်စေပါသည်။ကား၏ မူလပါသောဝါယာရင်းလိုင်းမှအပအခြားပါဝါမကူးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။မူလကမပါသော နှင်းခွဲမီး၊ LEDအလှမီးအစရှိသည်တို့ကိုမိမိသဘောဖြင့်မကျွမ်းကျင်ပဲ တပ်ဆင်ထားခြင်းကြောင့်ဝါယာရှော့ဖြစ်စေပါသည်။ကျွမ်းကျင်သည့် ဝါယာရင်းဆရာနှင့်စနစ်တကျတပ်ဆင်ခြင်း၊ ပြုပြင်ခြင်းပြုလုပ်သင့်ပါသည်။ကားဘက်ထရီမှ ချို့ယွင်းသောကြောင့်မီးလောင်ခြင်းဖြစ်ပေနိုင်၍ ဘက်ထရီကိုလည်းပုံမှန်စစ်ဆေးရပါမည်။
လောင်စာဆီပါဝါမပြည့်ခြင်း မသန့်ရှင်းခြင်းအစရှိသော လောင်စာဆီကြောင့် ကာဘွန်ဂျိုးပိတ်တာပလပ်ချို့ယွင်းခြင်းကြောင့်အင်ဂျင်အပူလွန်ကဲနိုင်သောကြောင့်သန့်ရှင်းမှန်ကန်သော လောင်စာဆီရွေးချယ်အသုံးပြုရန်လိုအပ်ပါသည်။ဝါယာရင်းဆိုင်အမှားကြောင့် ဝါယာရှော့ဖြစ်ခြင်း၊ဘက်ထရီရှော့ဖြစ်ခြင်း၊ ဆီပိုက်လိုင်းဖြုတ်ပြီးပြန်တပ်ဆင်တာ မသေချာခြင်းများကြောင့်လည်းကားမီးလောင်သည်အထိဖြစ်နိုင်ပါသည်။
ကျွမ်းကျင်သူများပြုပြင်ပေးသော်လည်း
ကိုယ်တိုင်က စစ်ဆေးနိုင်အောင်လေ့လာထားသင်ထားသင့်ပါသည် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မြန်မာနိုင်ငံက ကားတွေ မီးမလောင်သင့်ပဲ
လောင်ရတဲ့ အထဲမှာ တကယ်မကျွမ်းကျင်
မတတ်ကျွမ်းပဲ အဖြစ်လုပ်နေတဲ့ ကားဝါယာရင်း
လုပ်တဲ့သူတွေကြောင့် ၆၀% ပါတယ်။
မယုံရင် ကားမီးလောင်ဖူးတဲ့ သူတွေနဲ့ ကားတွေကို
လိုက်ပြီးစစ်တမ်း ကောက်ကြည့်လိုက်ပါ……………
မီးလောင်သွားတဲ့ ကားကို ဝါယာရင်း
ပြုပြင်ထားခြင်း ရှိမရှိ…………
ကိုယ်တိုင်က ကားတွေနဲ့ ပါတ်သက်ရင်
ဝါသနာပါတာကြောင့် ကားနဲ့ ပါတ်သက်တဲ့
ဂရုတွေ အတော်များကို ဝင်ထားပြီး လိုက်ကြည့်ဖြစ်တယ်။
အဲ့ဒီထဲမှာ ဘာကိုသွားတွေ့သလဲဆိုတော့
မလိုအပ်ပဲနဲ့ ကားအလှမီးတွေ ဆင်တာ၊
မလိုအပ်ပဲနဲ့ မီးလုံးကြီးတွေ ဆင်တာပဲ။
ဆင်တဲ့နေရာမှာလည်း တကယ်ကျွမ်းကျင်တဲ့
သူမျိုးနဲ့ သေခြာတွက်ချက်ပြီး ဆင်တာ မဟုတ်ပဲ
ထိမီးလင်း ဆိုတာမျိုးနဲ့ ဆင်ကြတယ်။
ဥပမာ
အပိုမီး တပ်ချင်ရင် အပိုတပ်မည့် မီးရဲ့သုံးဆွဲမည့် ဝပ်အားကို တွက်ရမယ်။
စီးဆင်းမည့် အမ်ပီယာကို တွက်ရမယ်။
ဒါမှ ထပ်ပြီးတပ်မည့် မီးကို လက်ရှိ ရှိနေတဲ့
မီးလိုင်းကနေ ဆင့်ပွားယူလို့ ရမလား၊
ဘက်ထရီ အရင်းကနေ တခါတည်း
သွားယူရမလားဆိုတာ သိနိုင်မယ်။
အခု တော်တော်များများမှာ တွေ့နေရတာက
နီးစပ်ရာမီးလိုင်းကနေ ယူလိုက်မယ်။
ပြီးရင် ဆက်လိုက်မယ်။
ဒါဆို ခလုတ်ဖွင့်လိုက်ရင် မီးလင်းပြီ။
ဒီတော့ လက်ရှိတပ်ထားတဲ့ ဒါဏ်ခံကြိုး
Fuse က ပြတ်သွားတယ်။
လက်ရှိတပ်ထားတာက ၅ အမ်ပီယာ (5 Amp)
ခံနိုင်တာက ပြတ်သွားတယ်၊
ဒီတော့ မပြတ်အောင် ၁၅ အမ်ပီယာ
(15 Amp) ထည့်လိုက်တယ်။
ဒီလိုပဲ လွယ်လွယ်လေး လုပ်ကြတယ်။
တကယ်တော့ ထုတ်လုပ်သူက 5 Amp
Fuse တပ်ထားတယ်ဆိုတာ
အဲ့ဒီမီးလိုင်းက 5 Amp ပဲ နိုင်လို့ / သုံးဖို့ သင့်တော်လို့ တပ်ထားကြတာပါ။
ဒါကို ရွှေမြန်မာများက အမ်ပီယာ ကြီးရင်
Fuse မပြတ်တော့ဘူး ပိုကောင်းတယ် ဆိုပြီး
တတ်ကြပါတယ်။
အလွန်လွှဲမှားတဲ့ အယူအဆပါ။
Fuse ဆိုတာ ပြတ်မှ ကောင်းပါတယ်။
Breaker ဆိုရင်လည်း ပြုတ်မှ ကောင်းပါတယ်။
ဒါကြောင့် နောက်ပိုင်း Breaker တွေ ELCB တွေ
RCCB တွေ RCB တွေ မှာဆိုရင် ပြုတ်မပြုတ်
စမ်းရအောင် Test Button လေး ထည့်ထားပေးပါတယ်။ Fuse မပြတ် Breaker မပြုတ်ရင် သက်ဆိုင်ရာ
ဝါယာကြိုးက မနိုင်ဝန်ထမ်းရတာများလို့ ပူလာ၊
အပူလွန်ပြီး မီးလောင်တတ်ပါတယ်။
ဒါက Fuse အကြီးကြီးတွေကို လွဲမှားစွာ
သုံးတဲ့ အကျိုးဆက်ပါ။
သင့်တော်တဲ့ ဝါယာကြိုး အရွယ်အစားနဲ့ Fuse ကို
မှန်ကန်စွာ တပ်ဖို့ အရမ်း အရေးကြီးပါတယ်။
နောက်တစ်ခု သိပ်ကိုကြောက်စရာကောင်းတာ
တစ်ခုက ကားအင်ဂျင်ခန်းထဲမှာ ပြင်ထားတဲ့
ဝါယာကြိုးကို သာမန်အိမ်သုံး အပေါစား အနီအနက်
၂ ပင်လိမ်ကြိုးလေးတွေနဲ့ သွယ်ထားတာ တွေ့ရတာပဲ။ ဒါကို ကားဝယ်ရောင်း ဂရုတွေ ကားဖန်ဂရုတွေရဲ့
အင်ဂျင်ခန်း ဓာတ်ပုံတွေ ပြထားတဲ့ နေရာမှာ
မတွေ့ချင်ဆုံးပါပဲ။
ဒီ နီနက် ၂ ပင်လိမ်ကြိုး အပူခံနိုင်မခံနိုင်ကတော့
သာမန်မီးအပူကလေးနဲ့တောင် အသာကလေး
အရည်ပျော်သွားတတ်တာ လူတိုင်း သိကြပါတယ်။
ကားအင်ဂျင်ခန်းဆိုတာ အလွန်ပူတဲ့နေရာတစ်ခုပါ။ အင်ဂျင်ခန်းထဲမှာ ထည့်သွင်းမည့် ဝါယာကြိုးဆိုတာ သမန်ကာလျှံကာ ကြိုးမျိုးမဟုတ်ပါဘူး။
အပူဓာတ်၊ ဓာတုပစ္စည်းဒဏ်တွေကို ခံနိုင်အောင်
အထူးထုတ်ထားတဲ့ ဝါယာကြိုးမျိုးပါ။
ဒါကို သာမန်ကြိုးကလေးတွေနဲ့ သွယ်တန်းထားတာ
ဘယ်လောက်များ အန္တရာယ်နဲ့ နီးကပ်နေသလဲဆိုတာ ယာဉ်ပိုင်ရှင်တွေ ယာဉ်မောင်တွေ သတိထားသင့်ပါတယ်။
ဒါကြောင့် ကိုယ့်ကားကို ဝါယာရင်းနဲ့
ပါတ်သက်လို့ပဲ ဖြစ်ဖြစ် ကျန်တဲ့ အစိတ်အပိုင်းတစ်ခု
ပြင်ဆင်လို့ပဲ ဖြစ်ဖြစ် ပြင်ဆင်ရတော့မယ် ဆိုရင်
အမှန်တကယ် တတ်ကျွမ်းပြီး သိနားလည်တဲ့ သူတွေထံမှာပဲ ပြင်ဖို့ အကြံပေးချင်ပါတယ်။
သိန်းရာကျော်တန် ကားတစ်စီးနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အသက်တစ်ချောင်း အတွက် ဘာမဟုတ်တဲ့
ငွေလေး ၁ သိန်း ၂ သိန်းလောက်ကို မြင်မနေ
ကြပါနဲ့လို့ပဲ အကြံပေးချင်ပါတယ်။
Cerdit original upload
No comments:
Post a Comment
မင်္ဂလာပါ..