menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Car ဆီစားသက်သာအောင် ဘယ်လိုမောင်းကြမလဲ

 

🔹ဆီစားသက်သာအောင် ဘယ်လိုမောင်းကြမလဲ🔹
၁။ ကားအရှိန်မြန်စေရန် အချိန်တိုအတွင်း
လီဗာကိုဖိနင်းခြင်း၊ ပြီးနောက်ရုတ်တရက်
ဘရိတ်အုပ်ခြင်း။ အရှိန်ပြင်းစွာ မောင်းနှင်ခြင်း။
(ထိုသို့မောင်းနှင်ခြင်းသည် မြို့တွင်းဆီစားနှုန်း 8% နှင့် ဟိုင်းဝေလမ်းတွင် ၃၀% ပိုမို ကုန်ကျစေပါတယ်)
၂။ Overload တင်ဆောင်ခြင်း။ သတ်မှတ်ထားသော အလေးချိန်ထက် ပိုမိုတင်ဆောင်ခြင်းဟာလည်း
ဆီစားနှုန်းကိုတိုးစေနိုင်ပါတယ်။
(အင်ဂျင် အကျမြန်စေပါတယ်။)
၃။ အဲကွန်းကို Temperature အဆုံး ၊
Fan အဆုံးထိ အသုံးပြုခြင်း ကလည်းဆီစားနှုန်းကို ၁၀% မှ ၁၅% လောက်ထိ ပိုမိုကုန်ကျစေပါတယ်
( Air Con ကို Temp Button ကိုအသုံးပြုပြီး လိုအပ်သော Temp လောက်သာပေးထားသင့်ပါတယ်။)
၄။ ကားတာယာလေပေါင်ချိန် ကလည်းဆီစားနှုန်းကိုပြောင်းလည်းစေပါတယ်။ သတ်မှန်ထားသော
လေပေါင်ချိန်အတိုင်း ထားပေးခြင်းက ဆီစားနှုန်းကို
၃% လောက်သက်သာစေပါတယ်။
 (မိမိကား တာယာဆိုဒ်နှင့် လေပေါင်ချိန်ကို
Driver ဘက်အခြမ်း တံခါးဘောင်တွင် အများဆုံး​
ဖော်ပြပေးထားပါတယ်။)
၅။ Highway လမ်းများပေါ်တွင် Cruise Control ဖြင့်
မောင်းနှင်ခြင်းကလည်း ဆီစားနှုန်းကို
ပုံမှန်မောင်းနှင်ခြင်းထက် သက်သာစေပါတယ် ။
၆။ မိမိကားအရှိန်က ကီလို ၆၀ ကျော်လာလေ
ဆီစားနှုန်းမြင့်တက်လာလေဖြစ်ပါတယ်။ (မြို့တွင်းမှာတော့ ကီလို ၆၀ အောက်သာ မောင်းနှင်သင့်ပါတယ်။)
၇။ Air Cleaner Filter များကိုပုံမှန် လဲပေးခြင်းက
ဆီစားနှုန်းကို လျော့နည်းစေပါတယ်။
၈= air con ပိတ်ပြီးတံခါးဖွင့်မောင်းခြင်းဖြင့်လည်း သင့် ကားဆီစားနူန်းကိုလျော့ကျစေပါတယ်။
Credit original upload

No comments:

Post a Comment

မင်္ဂလာပါ..