menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Car တွေမှာပါတဲ့ အရေးကြီး Lock သုံးမျိုး


 ကားမှာပါတဲ့ အရေးကြီး Safety Lock (3) မျိုး


ကျနော်တို့လက်ရှိ အသုံးပြုနေတဲ့ ကားတွေဟာ ခေတ်မီနည်းပညာသုံး ကားတွေဖြစ်ပြီး ဟိုးအရင် ခေတ်ဟောင်း ကားတွေနဲ့မတူ မော်တော်ယာဉ်အတွက်ရော ကားမောင်းသူအတွက်ပါ အန္တရာယ် ကင်းရှင်းရေး နည်းပညာတွေကို တီထွင်အသုံးပြုနေကြပါပြီ ။ ဒီနေ့တင်ပြပေးချင်တဲ့ ကားမှာပါတဲ့ Safety Lock သုံးမျိုးကတော့ ကားမောင်းသူ တယောက်တည်း အတွက်မဟုတ်ဘဲ ကားမှာလိုက်ပါစီးနင်းနိုင်တဲ့ ကားမောင်းသူရဲ့ မိသားစု၀င် (အဓိက အားဖြင့် ကလေးတွေ) တွေအတွက် အထူးပြုလုပ် ထည့်သွင်း ထားတဲ့ Safety Lock လေး ၃ မျိုးပါ ။


1. Child Lock
Child Lock ဆိုတာကတော့ ကားတံခါးကို အတွင်းကနေ ဖွင့်မရဘဲ အပြင်ကနေပဲ ဖွင့်ရအောင် လုပ်ထားတဲ့ Lock လေးတခုပါ ။ ဒီ Lock လေးအကြောင်း မသိတဲ့ သူတော်တော်များများ ၊ ကားရေဆေးရင်း ဖြစ်ဖြစ် သန့်ရှင်းရေး လုပ်ရင်းဖြစ်ဖြစ် ဒီ Lock လေး မတော်တဆနှိပ်မိလို့ Lock ကျသွားတဲ့အခါမှာ ကားတံခါးကို အတွင်းကနေ ဖွင့်မရတော့ဘဲ အပြင်ကနေပဲ ဖွင့်ရတော့လို့ ကား၀ပ်ရှော့တွေ သွားပြတာမျိုးကြုံရ တတ်ပါတယ် ။
Child Lock ဆိုတဲ့ အရာကို ကားမှာ မှ မဟုတ်ဘဲ နေရာတော်တော်များများမှာ အသုံးပြုကြပါတယ် ။ အဓိက ကတော့ ကလေးသူငယ်တွေရဲ့ စူးစမ်းစိတ်ကြောင့် မတော်တဆ ထိခိုက်အန္တရာယ်တွေ မကြုံရလေ အောင် ကာကွယ်ဖို့အတွက် တီထွင်ဖန်တီးထားတဲ့ အရာတွေပါ ။ကားမောင်းနေတဲ့အချိန် ဖြစ်ဖြစ် ၊ ကားလမ်းဘေးမှာ ရပ်ထားတဲ့ အချိန်ဖြစ်ဖြစ် ကလေးသူငယ်တွေ ကားနောက်ခန်းထဲမှာရှိနေတဲ့အချိန် ကားတံခါးကို မတော်တဆ ဆွဲဖွင့်လိုက်မိရင် ၊ ကားတံခါးပွင့်သွားပြီး နောက်က ကားတွေနဲ့ တိုက်မိတာ ၊ ကလေးပြုတ်ကျတာ ၊ ယာဉ်မတော်တဆ မှုတွေဖြစ်တာ အစရှိတဲ့ အန္တရာယ် အမျိုးမျိုး ကြုံရနိုင်ပါတယ် ။  ဒါကြောင့် ဒီ Child Lock ဆိုတာလေးကို တီထွင်အသုံးပြုခဲ့ကြတာပါ ။
ဒီ Child Lock ဆိုတာလေးကို 1949 ခုနှစ်မှာ Joseph M. Schumann ဆိုတဲ့ လူက စတင်တီထွင်ခဲ့တာပါ ။ 1985 ခုနှစ်မှာတော့ အမေရိကန်နိုင်ငံမှာ ထုတ်လုပ်တဲ့ ကားတွေကို Child Lock မဖြစ်မနေ ထည့်သွင်းတပ်ဆင်ရမယ် ဆိုတဲ့ ဥပဒေထုတ်ပြန်ပြီး စတင်အသုံးပြုခဲ့ကြတာပါ ။
ဒီ Child Lock လေးအသုံးပြုပုံက ရိုးရှင်းပါတယ် ။ တချို့ Child Lock တွေက အပေါ်အောက် တွန်းတင် တွန်းချ လို့ရတဲ့ ခလုတ်လေးနဲ့ ပြုလုပ်ထားပြီး ၊ အောက်ကို တွန်းချထားရင် Child Lock လုပ်ထားတာ ( အတွင်းကနေ ဖွင့်မရ အပြင်ကဖွင့်ရသည်  ) ၊ အပေါ်ပြန်တွန်းတင်ရင် Unlock ပါ  ( အတွင်းရော အပြင်ကနေပါ ဖွင့်ရသည် ) ။ ပုံမှာ လေ့လာကြည့်လို့ရပါသည် ။
တချို့ကားအမျိုးအစားတွေရဲ့ Child Lock တွေကတော့ ကားသော့နဲ့လှည့်ပြီး အဖွင့်အပိတ်လုပ်ရတဲ့ အမျိုးအစား Child Lock တွေဖြစ်ပြီး Driver ကနေ အဖွင့်အပိတ် ထိန်းချိုပ်နိုင်တဲ့ Electronic စနစ်သုံး Child Lock တွေလည်းရှိပါတယ် ။
ကိုယ်က ကားမောင်းသူ တယောက်ဖြစ်ပြီး ၊ ကိုယ့်ကားမှာ ကလေးတွေလိုက်ပါစီးနင်းတတ်တယ်ဆိုရင် ကားမှာရှိတဲ့ Child Lock လေးတွေ အလုပ်လုပ်မလုပ် စမ်းသပ်စစ်ဆေးထားသင့်ပါတယ် ။
ဘာပဲဖြစ်ဖြစ် ကားတံခါး အတွင်းကနေ ဖွင့်မရဘဲ အပြင်ကနေပဲ ဖွင့်ရတာမျိုးကြုံနေတယ်ဆိုရင် ဒါကားမှာပါတဲ့ Child Lock ဆိုတဲ့ Saftey feature လေး တခုဆိုတာ သတိရပေးစေလိုပါတယ် ။
2. Power Window Lock
အခုရှင်းပြချင်တဲ့ နောက်တဲ့ Safety Lock တမျိုးက Power Window Lock ပါ ၊ ဒီ Power Window Lock ဆိုတာကတော့ ကားမောင်းသူဖက်ခြမ်းက Power Window ကလွဲလို့ ကျန်တဲ့ တခါးတွေ မှန်အတင်အချ လုပ်မရအောင် ထိန်းချုပ်ထားတဲ့ Safety Lock လေးတခုပါ ။ ကားမောင်းသူဖက်ခြမ်းမှာ ရှိတဲ့ မှန်တင်မှန်ချ Main Switch မှာပါပြီး အဲ့ဒီ ခလုတ်လေး နှိပ်ထားလိုက်ရင် ကားမောင်းသူဖက်ခြမ်းက မှန်တချပ်ကလွဲလို့ ကျန်တဲ့တခါးပေါက်တွေက မှန်တွေအကုန် အတင်အချ လုပ်မရတော့ပါဘူး ။
သူရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အပေါ်က Child Lock လိုပါပဲ ကလေးတွေ ကားထဲမှာ စီးနေတဲ့အချိန် မှန်အတင်အချ ခလုတ်တွေကို ကစားတာ ၊ မှန်ပိတ်ထားတဲ့အချိန် မှန်တင်မှန်ချ ခလုတ်ပေါ်ကို ရပ်မိလို့ မှန်တခါးမတော်တဆ ပွင့်သွားတာ ၊ မှန်ကိုဖွင့်ပြီး ခေါင်းတို့ လက်တို့ အပြင်ကို ထုတ်တာ အစရှိတဲ့ အန္တရာယ်ရှိတဲ့ အပြုအမူတွေကို ကာကွယ်ဖို့တီထွင်ဖန်တီးထားတာပါ ။
အပေါ်မှာပြောခဲ့တဲ့ Child Lock လိုပါပဲ ၊ ကိုယ့်ကားရဲ့ နောက်ခန်းထဲမှာကလေးတွေ အမြဲလိုက်ပါ စီးနင်းတတ်တယ်ဆိုရင် အဲ့ဒီ Power Window Lock လေးတွေ ကောင်းမကောင်း အမြဲစစ်ဆေးပြီး ၊ ကလေးတွေ အန္တရာယ်ကင်း ဘေးရှင်းဖို့ ဒီ Safety Feature လေးကို သုံးစွဲသင့်ပါတယ် ။
ကားမှန်တင်မှန်ချတွေ Driver Side ကလွဲလို့ ကျန်တဲ့ တံခါးတွေ မှန်တင်မှန်ချ လုပ်မရဘူးဆိုရင် ဒီ Power Window Lock လေးကို သတိရပြီး အပိတ်အဖွင့်လုပ် စစ်ဆေးကြည့်သင့်ပါတယ် ။ 

3. Shift Lock
Shift Lock ဆိုတာကလည်း ကားအတွက် အရေးကြီးတဲ့ Safety Lock လေးတခုပါပဲ ၊ သေချာရှင်းပြရရင်တော့ ကားမောင်းသူတိုင်း နေ့စဉ်အသုံးပြုနေပြီး သတိမမူမိတဲ့ Lock လေးတခုပါပဲ ။ ကားကိုစက်စနှိုးလိုက်တယ် ၊ ကားစက်နိုးသွားတယ်ဆိုရင် ရှေ့သွားဖို့ Gear Position ( P ) ကနေ (D)  ကို ထိုးတော့မယ်ဆို ဘရိတ်ကို နင်းမယ် ၊ ပြီးရင် Shift Lever ( ဂီယာတံက ) ဘု လေးကို နှိပ်ပြီး ထိုးမှ ဂီယာထိုးရပါတယ် ။ ကား Shift Lever က P ( Parking ) မှာရှိနေတဲ့အချိန် ဘရိတ်မနင်းဘဲ ဂီယာဘုပဲ နှိပ် ဂီယာထိုးကြည့်ရင် ဂီယာထိုးမရပါဘူး ။
ဘာကြောင့် အဲ့ဒီလို လုပ်ထားရတာလဲဆိုရင်တော့ အပေါ်မှာ ပြောခဲ့သလို Safety Feature ကြောင့်ပါပဲ ။ ကားပေါ်မှာ ကလေးတယောက်ယောက် ရှိနေမယ် ၊ ကားကလည်း စက်နှိုးထားမယ် ၊ ကားမောင်းသူ ကလည်း အပြင်ကိုထွက်နေတဲ့အချိန် ကလေးက ဆော့ကစားပြီး Shift Lever က ဘုကိုနှိပ်ပြီး Gear Position တွေ လိုက်ကစားလိုက်ရင် ကားက ဂီယာ၀င်ပြီး အကုန်၀င်တိုက်မိ အန္တရာယ် တွေ ဖြစ်နိုင်ပါတယ် ။
ဒါကြောင့် ကား Shift Lever (ဂီယာတံ) ကို P (Praking) နေရာကနေ အလွယ်တကူ ရွှေ့မရအောင် Shift Lock Solenoid လေးနဲ့ထိန်းပေးထားပါတယ် ။ Shift Lock Solenoid လေးက ဖွင့်ပေးမှ ဂီယာတံက P (Parking) နေရာကနေ အခြားဂီယာတွေကို ထိုးလို့ရပါတယ် ။
Shift Lock Solenoid လေးကိုတော့ သော့ဖွင့်လိုက်တာနဲ့ (IG) အပေါင်း (+) Voltage ရောက်အောင် လုပ်ထားပြီး နောက်ထပ် လိုအပ်တဲ့ အနှုတ်စ (-) ကိုတော့ ECU ကနေ ပေးပို့ပါတယ် ။
ECU ကနေလည်း ဒီအတိုင်းပို့မပေးဘဲ Gear Position က (P) မှာရှိရမယ် ၊ နောက်ထပ် Brake လည်း နင်းထားရမယ်ဆိုတဲ့ အချက် နှစ်ချက်ညီမှ ECU ကနေ အနှုတ် Signal ထုတ်ပေးပြီး Shift Lock Solenoid ကိုဆွဲစေကာ Shift Lever ( ဂီယာ ) ဘုကိုနှိပ် ဂီယာထိုးရစေပါတယ် ။
ဒါက Shift Lock ဆိုတဲ့ ဂီယာလက်တံ ရွှေ့ပြောင်းတဲ့ စနစ်ပါ ။ Shift Lock စနစ်က ဒီလို ထိန်းချုပ်ထား တာမို့ သူ့ပုံမှန်အတိုင်းဆို ဘရိတ်နင်းမှ ဂီယာလက်တံရွှေ့ရတာမို့ ဘာအန္တရာယ်မှ မရှိပါဘူး ။
ဒါပေမယ့် တချို့ချို့သော ကားတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ECU ကနေ လာမယ့် အနှုတ် (-) Signal ကြိုးကို Ground Direct ချထားတာတွေ ရှိတတ်ပါတယ် (ဒါမျိုး Ground တိုက်ရိုက် ချထားတဲ့ ကားတွေ ကျနော်ကိုယ်တိုင် မကြာမကြာတွေ့ရပါတယ် )  ။ ဒီလို Ground တိုက်ရိုက်ချထားတဲ့အတွက် Shift Lock Solenoid က သော့ဖွင့်တာနဲ့ ဆွဲနေပြီး ဘရိတ်နင်းစရာမလိုဘဲ ဂီယာဘုနှိပ် ဂီယာထိုးရနေပါပြီ ။
အဲ့လို့လုပ်ထားတဲ့ဟာမျိုးနဲ့ ဆော့တတ်ကစားတတ်တဲ့ ကလေးနဲ့သွားတွေ့ရင် ကားစက်လေးနှိုး (Idle) လေးနဲ့ လုပ်ထားချိန် ၊ ကလေးက ဂီယာလက်ကိုင်ဘုနှိပ် ဂီယာထိုးလိုက်ရင် ဂီယာ၀င်သွားပြီး ပြဿနာ အကြီးကြီး တက်သွားနိုင်ပါတယ် ။
ဒါကြောင့် ကလေးတွေအမြဲစီးတတ်တဲ့ ကားမောင်းသူတွေ ကားပိုင်ရှင်တွေအနေနဲ့ ကိုယ့်ကားမှာရှိတဲ့ Shift Lock စနစ်ကောင်းလားဆိုတာ ကိုယ်တိုင်စစ်ဆေးကြည့်သင့်ပါတယ် ။
ကားကို Gear Position (P) မှာထားပြီး သော့ဖွင့် ၊ Brake မနင်းဘဲ ဂီယာလက်ကိုင်ဘုကို နှိပ်ပြီး ဂီယာထိုးကြည့်ပါ ၊ ဂီယာထိုးမရဘူးဆိုရင် Shift Lock စနစ်အသက်၀င်နေပြီး အန္တရာယ်ကင်းပါတယ် ။ အဲ့ဒီလိုမဟုတ်ဘဲ ဘရိတ်နင်းစရာမလိုဘဲ ဂီယာထိုးရနေတယ်ဆိုရင်တော့ တခုခုချို့ယွင်းနေပြီမို့ ကျွမ်းကျင်၀ပ်ရှော့တွေမှာ အမြန်သွားရောက်စစ်ဆေးရမှာဖြစ်ပါတယ် ။
Shift Lock Release Button
ဒါကတော့ ဂီယာလက်တံ ရွှေ့မရဖြစ်တတ်တဲ့အခါ Emergency အနေနဲ့ ဂီယာလက်တံရွှေ့ရအောင် လုပ်ထားတဲ့ ခလုတ်လေးပါ ။ ကားမောင်းဖို့ စက်နှိုးပြီး ဂီယာလည်းထိုးရော ဂီယာလက်တံက ရွှေ့မရတော့ဘူး P ( Parking ) နေရာမှာပဲ ရှိနေတယ်ဆိုရင် ဒီ Shift Lock Release Button လေးကို Emergency အနေနဲ့ အသုံးပြုပြီး  Gear Position တွေပြောင်းလဲရနိုင်ပါတယ် ။
ဂီယာသင်္ကေတ P, R, N, D, 2 စတဲ့ဂဏန်းတွေရဲ့ အပေါ်မှာ ဘေးမှာရှိတတ်ပါတယ် ။ တချို့အမျိုးအစား ကားတွေမှာ ဘုလေးတွေအဖြစ်ရှိနေပြီး ၊ တချို.ကားတွေမှာတော့ သော့တို့ ၊ ၀က်အူလှည့်တို့နဲ့ ထိုးမှ ရတဲ့ အချိုင့်လေးတွေ ထဲမှာ တည်ရှိတတ်ပါတယ် ။ ပုံမှာကြည့်နိုင်ပါတယ် ။ 


ဂီယာလက်တံ ရွှေ့မရတာမျိုးတွေကတော့
1. Brake Switch တွေပျက်တာ ၊
2. ကြိုးလိုင်းတွေပျက်တာ
3. Shift Solenoid ပျက်တာ အစရှိသဖြင့် အမျိုးမျိုးရှိတတ်ပါတယ် ။
ကားမောင်းဖို့ စက်နှိုးပြီး စစထွက်ဖို့ ကားဂီယာထိုးမရတော့ဘူး ဆိုတဲ့အချိန် ဘရိတ်နင်း ဒီခလုတ်လေးကို ဖိထားပြီး ဂီယာကို D ရွှေ့ရသလို  ( ဒါမှမဟုတ် ) ကားကို တနေရာရာမှာ ရပ်ထားပြီး သော့ဖွင့်မရ စက်နှိုး မရတော့တဲ့အချိန် ကားကိုနေရာရွှေ့ဖို့ လိုလာတယ်ဆိုရင် ဒီ Shift Lock Release Button လေးကို နှိပ်ပြီး ကားကို N ( Neutral ) မှာထားပြီး ကားကိုတွန်း ရွှေ့လို့ရပါတယ် ။
ဒါလေးတွေကလည်း ကားမှာပါတဲ့ Safety Lock လေးနဲ့ ဆက်စပ်ပြီး သိသင့်သိထိုက်တဲ့ အရေးကြီး အချက်လေးတွေပါ ။ ဒီအချက်လေးတွေကို သိထားခြင်းဖြင့် မတော်တဆ ကြုံတွေ့လာရရင် ကိုယ်တိုင် ဖြေရှင်းနိုင်ပြီး ဘေးအန္တရာယ်ကင်းရှင်းမှာဖြစ်ပါတယ်။
စာဖတ်သူ မိတ်ဆွေညီကိုမောင်နှမ များအားလုံးနည်းပညာ ဗဟုသုတ ကြွယ်ဝကြပါစေခမျာ ။
Credit Original upload

Car တွေကို ရောင်းမယ်ဝယ်မယ်ဆိုရင် ဒီ apk လေးဆောင်ထားပါ.. 

https://www.zmcdownload.com/2021/09/myanmar-car-search-buy-sell-rent.html




No comments:

Post a Comment

မင်္ဂလာပါ..