ဘာဖုန်းဝယ်ရမလဲ ?
ကျွန်တော့် အသိတွေက လာလာမေးကြတယ်ဗျ.. အထက်ပါမေးခွန်းရဲ့ ပြဿနာက အတော်များများ ဖြစ်လေ့ရှိပါတယ်..
“ငါဖုန်းဝယ်မလို့ကွာ ဘာဖုန်းဝယ်ရရင်ကောင်းမလဲပေါ့”
ကျွန်တော်လည်း အခုလိုပြန်ဖြေလိုက်ပါတယ်
ဒုတိယအချက်က ဘာအတွက် သုံးချင်တာလဲ?
(ဥပမာ- Phone ပြောရုံ သီးသန့် သုံးချင်တာလား / Game ဆော့ဖို့အတွက် သုံးချင်တာလား / Camera ကောင်းကောင်း လေးနဲ့ သုံးချင်တာလား/ဒါမှမဟုတ် အလုပ်အတွက်နဲ့ Applicationတွေ သုံးချင်တာလား) အများကြီးစဉ်းစားလို့ရပါတယ် ကိုယ်က ဘာအတွက်သုံးမယ်ဆိုတာသိဖို့ပါပဲ
တတိယအနေနဲ့ကိုယ်က ဘာအတွက်သုံးမှာလဲ ဆိုတာသိနေ ရင်စဉ်းစားရမှာက RAM ဘယ်လောက်ရှိတဲ့ ဖုန်းကိုသုံးရင် အဆင်ပြေမလဲ၊Internal Storage ဘယ်လောက်ဆိုရင်အဆင် ပြေနိုင်မလဲ ဆိုတာပါပဲ။
ကျွန်တော်အကြံပေးချင်တာကတော့ Game ဆော့ဖို့အတွက်ဆိုရင် RAM 8/128GB လောက်ဆို တော်တော်လေး အဆင်ပြေတာတွေ့ရပါတယ်။
ဒါမှမဟုတ် Cameraကောင်းရင်ရပြီဆိုတဲ့သူတွေအတွက်ကျတော့ Internal Storage များတာ ပိုကောင်းပါတယ် ဒါမှ Photo တွေတော်တော်များများ သိမ်းထားလို့ရတာပေါ့။ အလုပ်အတွက်နဲ့ Applicationတွေ သုံးမယ့်သူတွေ အတွက်ကျတော့ RAM လည်းအရမ်းကြီးများစရာမလိုသလို အရမ်းလည်း နည်းရမယ်လို့ မဆိုလိုပါဘူး။ Internal Storage ကတော့ ပိုများနိုင်ရင် ကောင်းတာပေါ့။
ဒီအချက်တွေကတော့ ဖုန်းတစ်လုံးရဲ့ အပေါ်ယံကိုကြည့်ပြီး စဉ်းစားဆုံးဖြတ်တာပါ တကယ်လို့ ဖုန်းတစ်လုံးကို Detail ကြည့်ပြီး ဆုံးဖြတ်မယ်ဆိုရင်လည်းရပါတယ် အဲလိုကြည့်မယ်ဆိုရင်တော့ ဖုန်းတစ်လုံးမှာ ပါတဲ့ CPU ရဲ့လုပ်ဆာင်ချက်တွေ RAM ရဲ့အကြောင်းတွေ Internal Storage(ROM) အကြောင်းတွေကို သိထားဖို့လိုပါတယ်
နောက်တစ်ချက်က Brand ပါ..
ကိုယ်က Brand အစွဲရှိတယ်ဆိုရင်တော့.. ကိုယ်ကြိုက်တဲ့ Brand ထဲကပဲ ကိုယ့်နိုင်တဲ့ ဈေးနဲ့ ဝယ်လိုက်ပါ..
ဘာတွေရှိမလဲဆိုရင်.. iPhone, Samsung, Oppo, Vivo, Xiaomi, One Plus, Asus နဲ့ တခြား Brand တွေများစွာရှိပါတယ်..
တချို့. Samsung မှ Samsung ဖြစ်တဲ့သူများကိုလည်း တွေ့ဘူးတယ်.. Ram တွေ CPU တွေ Graphic တွေ ဘာမှ မသိဘူး ..သူသိတာ Samsung ပဲကြာားဖူးလို့ အဲ့ဒါမှ မရရင် မကြိုက်တဲ့သူမျိုးပေါ့..
ထားပါ..
Admin အနေနဲ့ ရွေးတဲ့နည်းလမ်းလေး ပြောပြပါမယ်..
အရင်ဆုံး Brand ကိုရွေးတယ်.. ကိုယ်လည်းကြိုက်တယ်.. ပြန်ရောင်းရင်လည်း အလွယ်တကူ ထွက်တဲ့ Brand မျိုး.. ဥပမာ - iPhone & Xiaomi
အရင်ဆုံး Brand ကိုရွေးတယ်.. ကိုယ်လည်းကြိုက်တယ်.. ပြန်ရောင်းရင်လည်း အလွယ်တကူ ထွက်တဲ့ Brand မျိုး.. ဥပမာ - iPhone & Xiaomi
ငွေလည်းနိုင်တယ်.. performance ကောင်းတာကိုလည်း လိုချင်တယ်.. လက်ထဲမှာကိုင်ထားရင် ကျေနပ်မှုကိုပေးစေတယ်.. လူကြားထဲမှာ ထုတ်လိုက်ရင်လည်း အားလုံး ငေးစေနိုင်တယ်.. လူအထင်ကြီးခံချင်တယ်.. (ကြွားချင်တယ်ဆိုရင်တော့) iPhone ပဲဝယ်ပါ..
ငွေတော့မနိုင်ဘူး performance ကောင်းတာထဲက လိုချင်တယ်.. ပြန်ရောင်းရင်လည်း သွတ်တဲ့အထဲကဆိုရင် Xiaomi ကိုရွေးပါ..
အဲ့ဒီနှစ်မျိုးကိုပဲ ရွေးဖို့ရာ တိုက်တွန်းပါတယ်.. (လက်ရှိလည်း ကျနော်ကိုယ်တိုင် iPhone 11 ProMax ကိုင်ထားပါတယ်..
အဲဒါတွေသိပြီဆိုရင် သေချာပါတယ် ကိုယ်က ဖုန်းတစ်လုံးကိုကောင်းမွန်စွာ ရွေးချယ်တတ်ပါပြီ။
အားလုံး အကျိုးရှိမယ်လို့ ထင်ပါတယ်
“ကျေးဇူးတင်ပါတယ်”
ZMC-Technology
No comments:
Post a Comment
မင်္ဂလာပါ..