menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Remington 700 Tactical Chassis ရိုင်ဖယ်

ရီမင်တန် Model 700 စီးရီးအကြောင်းကို အရင်ကလည်း ၃ ၄ခုထက်မနည်း တင်ပေးဖူးပါတယ်။ ဒီနေ့လည်း ကိုယ်ထည်အသစ်တစ်ခုကို ထပ်ပြပေးချင်ပါတယ်။ သူက Remington 700 Tactical Chassis ရိုင်ဖယ်
.....................................................................
ထုံးစံအတိုင်း... သေနတ်တစ်လက်ရဲ့ မောင်းတုံး ...ပြောင်း ... ကိုယ်ထည်...ဒင်... . အပစ်ခလုပ်ကနေ မှန်ပြောင်းအထိ ဝယ်သူစိတ်ကြိုက် တစ်လက်လုံး ပြန်ဝယ်ဆင်လို့ ရအောင် ရီမင်တန်ကုမ္ပဏီ က စီစဥ်ပေးထားပါတယ်။ အခု မော်ဒယ် 700 Tactical Chassis ရိုင်ဖယ်ကတော့ အရင်တင်နေကြ ရိုးရာဓလေ့တွေနဲ့ မတူတော့ပဲ Tactical ဆိုတဲ့ နာမည်နဲ့ လိုက်အောင်.. မြင်ရသူကို အမြင်သစ် ရစေပါတယ်။
Magpul MAG307 PRS stock
ဒါကတော့ အသုံးပြု ပိုလီမာ ဒင်ပါ။ ရီမင်တန် ရဲ့ ပုံမှန်ဝယ်ယူနေကြ မက်ပါး ကုမ္ပဏီက ထုပ်ထားတဲ့ ဒင်ပဲ ဖြစ်တယ်။ အလျှားအတိုးအလျော့ကစားလို့ရတယ်... တိကျပြီး တည်ငြိမ်အောင် တပ်ပေးထားလို့ ပစ်ခတ်သူက စိတ်ကြိုက် ဖြစ်စေမယ့် အနေအထား ရပါမယ်။
X-Mark Pro Trigger
ဒါက အပစ်ခလုပ်ပိုင်းအတွက် ပစ်ခတ်သူ စိတ်တိုင်းကျ.. အပစ်ခလုပ်တင်းအား လျော့တာ တင်းတာ ကစားနိုင်တယ်။ ပုံမှန် ၅ပေါင် ၆ပေါင်ကနေ ၃ပေါင်ခွဲ လောက်ထိ ကစားလို့ ရတယ်။
Muzzle Type:
AAC 51-T ratchet mount Muzzle Brake
နောက်ကန်အားထိန်းပစ္စည်း ဖြစ်တဲ့အတွက် သေနတ်ပစ်ခတ်ရာကနေ ​ပစ်ခတ်သူအပေါ် သေနတ်ကနေ ပြန်ကန်လာမယ့် နောက်ကန်အားကို လျော့အောင် လုပ်ပေးပါတယ်။ ရာခိုင်နှုန်း အတိအကျ မပါပေမယ့် ၃၀ ရာခိုင်နှုန်း ပတ်လည်ရှိနိုင်ပါတယ်။
Gun barrel
သေနတ်ပြောင်းအကြောင်း ပြောရမယ်ဆိုရင် ပြောင်းသံသားက stainlless steel ဖြစ်ပြီး black cerakote finish အုပ်ထားပါတယ်။
သေနတ်ဝယ်မယ့်အခါ.... ကုမ္ပဏီက သတ်မှတ်ပုံစံ မရှိပဲ
ဝယ်သူစိတ်ကြိုက် ၂၄လက်မ နဲ့ ၂၆လက်မဆိုပြီး ၂ မျိုး ရွေးနိုင်ပါတယ်။ ၂၄လက်မပြောင်းကိုတော့ 308 Win / 300 Winchester magnum ကျည် ၂ မျိုး ပြောင်းသုံးနိုင်ပြီး ၂၆လက်မပြောင်းမှာတော့ 338 Lapua Magnum ကျည် တစ်မျိုးပဲ ရပါမယ်။
308 ကျည်အတွက် twist rate လည်ပတ်နှုန်း ၁၀လက်မ
၃၃၈ ကျည်အတွက် twist rate လည်ပတ်နှူန်း ၉လက်မ
၃၀၀ ကျည်အတွက် twist rate လည်ပတ်နှုန်း ၁၀လက်မ
ဆိုပြီး ကျည်အပေါ်လိုက်ပြီး ပြောင်းရစ်အလျှား ကွာသွားတာတွေ့ရပါမယ်။
ပြောင်းကာ ပိုင်းက free floating Handguard လို့ ပြောရမယ်။ ကိုယ်ထည်ကနေ တွဲလျှက်ပါလာပြီး သေနတ်ပြောင်းကို ပူးတွဲထားခြင်း ချုပ်နှောင်ထားခြင်း မရှိတဲ့ အနေအထားနဲ့ ကိုယ်ထည်မှာ အလွတ်တပ်ဆင်ထားပါတယ်။ ပြောင်းပူတဲ့အခါ လက်က ပြောင်းကို မထိအောင် ကာတဲ့အကာအကွယ်ပေါ့။
သေနတ်အလျှားက လက်မ၅၀ ရှည်ပြီး အလေးချိန် ၁၂ပေါင်ခွဲဆိုတော့ အတော်လေး သတိထားမိတဲ့ ရိုင်ဖယ်ပါ။ ဒီဇိုင်းကလည်း လှပြီး အရည်အသွေးကလည်း လူအတော်များများ လက်ခံနိုင်ပြီးသားပါ။ တိကျမှူ့ကတော့ ကိုက် ၁၀၀မှာ 308 Remington Premier Match 168 grain Matchking BTHP Ammo ကျည် နဲ့အတူ 0.3MOA ရယူထားပါတယ်။
တာဝေးပစ်သမားတွေရဲ့ review အရ ကိုက် ၁၀၀၀ အထိ ထိရောက်စွာ ပစ်နိုင်တယ်လို့ ဆိုပါတယ်။
စျေးနှူန်းအားဖြင့် ခန့်မှန်းခြေ ဒေါ်လာ 2300 ပတ်လည်ပါ....။ ဒီသေနတ်ကိုယ်ထည် မျိးဆက်ကိုတော့ ၂၀၁၄ လက်နက်ကုန်စည်ပြပွဲ မှာ စမြင်တွေ့လာခဲ့ရပါတယ်ခင်ဗျာ။

 

No comments:

Post a Comment

မင်္ဂလာပါ..