ထိုင်း အထူးတပ်ဖွဲ့သုံး M4 ACC-M ရိုင်ဖယ် အကြောင်း
M4 Advanced Colt Carbine Monolithic (ACC-M)
........................................................................
ဒီသေနတ်ကို ထိုင်းတပ်မတော် အထူးစစ်ဆင်ရေး ဌာနချုပ်ကနေ အလက်ရေ သောင်းချီဝယ်ခဲ့တာဖြစ်ပြီး သိသာထင်ရှားတဲ့ မြင်ကွင်းအဖြစ် အမေရိကန် ထိုင်း.. ပူးတွဲစစ်ရေးလေ့ကျင့်တဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှူ့ မှာ ပုံရိပ်တွေ မြင်တွေ့ရတယ်။ အရင်ဆုံးပြောပြချင်တာတစ်ခုက ဒီသေနတ်ဟာ အမြင်အားဖြင့် သာမာန် M4 တစ်လက်ပါပဲ ။ ဘာထူးခြားလို့လဲလို့ မြင်လာမယ့်သူတွေ ရှိနိုင်တာမို့ ခွဲပြီး ရှင်းပြပေးပါမယ်။
M4A1 အမေရိကန်စစ်သုံး ကာဘိုင်ကို ထုတ်လုပ်ပေးနေတဲ့ Colt ဟာ M4A1 ကို အမျိုးမျိုး အဆင့်မြင့်ရင်း ပေါ်ထွက်လာခဲ့တဲ့ မျိုးဆက်တစ်ခုပါ။ အသုံးပြုကျည်ကတော့ ၅.၅၆ မမ ကျည်ပါပဲ။ ပထမဆုံး သိသာထင်ရှားတာက ရှေ့ချိန်သီးပါ။
ပုံမှန် M4 တစ်လက်/ ဥပမာ အမေရိကန်စစ်တပ်သုံး M4A1 ကာဘိုင် တောင်မှ ရှေ့ချိန်သီးက ပြောင်းမှာ အသေထည့်ထားပါတယ်။ ခေါက်လို့ မရပါဘူး။ အဲ့လိုခေါက်မရတော့ scope တို့ holo sight လာတင်တဲ့အခါ ရှေ့ချိန်သီး နဲ့ လွတ်အောင် ပိုမြင့်ထားရပါတယ်။ မမြှင့်ထားရင် sight မြင်ကွင်း အမြင်ရှုတ်လာပါတယ်။
စစ်မြေပြင်မှာတော့ ခေါင်းပိုမြင့်လေ/ ရန်သူ သိနိုင်လေဖြစ်ပြီး အပစ်ခံရမယ့် ဦးစားပေး ပစ်မှတ်ဖြစ်လာနိုင်တယ်။ ဒီအတွက် M4 ACC-M ကာဘိုင်ဟာ ရှေ့ချိန်သီးကို ခေါက်လို့ ရအောင်ထည့်ပေးထားတယ်။ ဒီတော့ rail ပေါ်မှာ sight တစ်ခုခု ထပ်တိုးတဲ့အခါ အရင်လောက် မြင်ကွင်းမရှုတ်တော့ဘူး။
နောက်ထပ်... မတူတဲ့အချက်က ပြောင်းကာကိစ္စပါ။ သာမန် M4 ဟာ ပြောင်းကာက ကိုယ်ထည် နဲ့ လာတွဲရတာဖြစ်ပြီး သေနတ်ပြောင်းကိုလည်း သူ ပြုတ်မကျအောင် တွဲထားရပါသေးတယ်။ ဒါပေမယ့် ဒီသေနတ်ကတော့ ကိုယ်ထည် နဲ့ အသေလာပြီး သေနတ်ပြောင်းကိုတော့ လုံးဝမထိတဲ့ free floating handguard လုပ်ထားတာမို့ သေနတ်ရဲ့ တိကျမှူ့ ( Accuracy) တက်ပါတယ်။
ကိုယ်ထည်ကျောရိုး နဲ့ ပြောင်းကာ တွဲလျှက် အသေအတွဲအစပ်က သေနတ်ကို တိကျဖို့ အရမ်းအထောက်အကူဖြစ်စေတယ်။ holo sight တင်ထားရင်လည်း တစ်ခါပဲ zero ညှိထားရမှာဖြစ်ပြီး AK တွေလို ကိုယ်ထည်အဖုံး အဖြုတ်အတပ် မလိုတဲ့ အတွက် ဒီလို ပြသနာ မရှိတော့ပါဘူး။
ပြောင်းကာက အစ.. အသေ မြဲနေတာမို့ ANPEQ တို့လို laser illustrator ထည့်ထားရင်လည်း သေနတ် ပြောင်းနဲ့ sight ချိန်သားကိုကိနေအုံးမှာ ဖြစ်တယ်။
သေနတ်တစ်လက်ရဲ့ အလျှားက ၃၃ လက်မ ရှိကာ
အသုံးပြုကျည်ကတော့ ၅.၅၆ x ၄၅ မမ နေတိုးစံပြုကျည် ပြောင်းထွက်အလျှင်က တစ်စက္ကန့်ကို ၉၁၀ မီတာနှုန်း နဲ့ ပြောင်းအလျှား ၁၄.၅လက်မ ကာဘိုင် ပြောင်း သုံးထားကာ မီတာ ၆၀၀ ထိရောက်မှူ့ ရှိပါတယ်။ ပြောင်းက အသားထူ heavy barrel ဖြစ်ပြီး ပြောင်းရစ် ညာရစ် ၆မြောင်း နဲ့ မြောင်းရစ်အရှည် တစ်ပတ်အတွက် ၉လက်မ ရှိပါတယ်။ သေနတ်အလေးချိန် ၇ ပေါင် ရှိပါတယ်။ တစ်မိနစ်ကို ကျည်ထွက်အားက အတောင့် ၉၅၀ထိ အမြင့်ဆုံး ရှိပါတယ်။
သူ့မှာပါတဲ့ အချက်အလက်တစ်ချို့က -Fire selector သူ့ကိုကျ ပစ်ခတ်မှူ့ ရွေးချယ်ခြင်း ခလုပ်ပေါ့ ။ သေနတ်ရဲ့ ဘယ် ညာ နှစ်ဖက်စလုံးမှာ ထည့်ပေးထားတယ်။... ဘယ်သန် ညာသန် နှစ်ခုစလုံး နဲ့ ကိုက်တယ်။ ပစ်ခတ်မှူ့ရွေးချယ်နိုင်ခြင်း ဒီနေရာမှာတော့ သေနတ်မော်ဒယ် ၂ မျိုးကွဲပါတယ်။ မော်ဒယ်အမှတ် R0922 မှာ Safe-Semi- 3 rd Burst နဲ့ မော်ဒယ်အမှတ် R0923 မှာ Safe-Semi-Auto ဆိုပြီး အသုံးပြူ သူအနေနဲ့ ရွေးနိုင်ပါတယ်။ ပြောင်းအတို နဲ့ R0923CQB ဆိုပြီးလာသေးတယ်။
ပြောင်းက ၁၁.၅လက်မ ပါ။ အပေါ်က ဟာတွေက ၁၄.၅လက်မ ရှိပါတယ်။ -Bolt catch မောင်းတုံးဖမ်းစနစ်.... ဘာကောင်းလည်းဆိုတော့ ကျည်အိမ်ထဲက နောက်ဆုံးကျည်ဆံပစ်ပြီးချိန်မှာ မောင်းတုံးက နောက်ကန်လာပြီး စပရင်အားနဲ့ ရှေ့ပြန်တွန်းချိန်မှာ မောင်းတုံးက ကျည်အိမ်ရှေ့ကို မရောက်ခင် ဖမ်းပေးထားတယ်။
အဲ့တော့ ကျည်အိမ်အသစ်တပ်လိုက်တဲ့အခါ သီးသန့် မောင်းတင်စရာ မလိုတော့ပဲ သေနတ် ဘယ်ခြမ်းမှာပါတဲ့ bolt catch ကို နှိပ်ပေးရုံပဲ။
သေနတ်ကို ထုပ်လုပ်သူကတော့ နာမည်ကျော် M16 တို့ရဲ့ ထုတ်လုပ်သူ ကို့စ် ( Colt) ကုမ္ပဏီကပါ။ ခေတ်သစ်ကာဘိုင် လိုလားချက်နဲ့ ကိုက်ညီအောင် ပြင်ဆင်လာခဲ့တာ ဖြစ်ပြီး M4A1 ထပ် ပိုပြီး ကောင်းမွန်အောင် ကြိုးစားထားတာပါ။ Colt ကုမ္ပဏီ ဝက်ဆိုက်ရဲ့ ပေါက်စျေးအရ ဒေါ်လာ ၉၈၆ ရှိပါတယ်။ မြန်မာငွေစျေး ၁၄၄၀ ကျပ်အရဆိုရင် ၁၄ သိန်း ၁သောင်း ၉ထောင်ပါ။
ဒါက တစ်လက်ချင်းစျေးဖြစ်ပြီး ထိုင်းတပ်မတော်လို အလက်ရေ သောင်းချီဝယ်ခဲ့တာသာဆိုရင် စျေးလျော့နိုင်ပါသေးတယ်။
အရပ်ဘက်စျေးကွက်မှာလည်း လူကြိုက်များတဲ့ သေနတ်တစ်မျိူးထဲမှာ ပါပြီး သာမန် M4 ပုံစံထဲကနေ အနည်းငယ်ကွဲထွက်နေတော့ စိတ်ဝင်စားစရာ ပိုကောင်းတာပေါ့။
စျေးနှူန်းအနေနဲ့ ကြည့်မယ်ဆိုရင် AK 12 ( ဒေါ်လာ ၁၀၀၀) ထပ်လည်း စျေးအနည်းငယ်တောင် လျော့နေတော့ ရွေးချယ်သူအနေနဲ့ ယှဥ်ရွေးလို့ ကောင်းလာတာပေါ့ဗျာ။
No comments:
Post a Comment
မင်္ဂလာပါ..