menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

လယ်မြေကို ဝယ်ပြီး အကွက်ရိုက် ရောင်းမည်ဆိုလျှင်

 

လယ်ယာမြေကို ဝယ်ပြီး အကွက်ရိုက်ပြုပြင် ရောင်းချမည်ဆိုလျှင်


လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇) ရထားတဲ့သူထံက မြေကွက်ဝယ်ပြီး အကွက်ရိုက်ပြုပြင်ကာ ရောင်းချလို့ ရပါသလား”ဟု မိတ်ဆွေတစ်ဦး၏ သားဖြစ်သူက စာရေးသူထံ လာရောက် တိုင်ပင်ဆွေးနွေးပါသည်။

“မောင်ရင် ဆွေးနွေးချက်မှာ အပိုင်းနှစ်ပိုင်း ဖြစ်နေတယ်။ ပထမအချက်က လယ်ယာမြေလုပ်ကိုင်ခွင့် ပုံစံ (၇) ရထားတဲ့ လယ်ယာမြေကို ဝယ်ယူမယ်ဆိုတဲ့အချက်။ ဒုတိယအချက်က ဝယ်ယူလိုက်တဲ့ လယ်ယာမြေကို ပြန်လည်ပြုပြင်ပြီး အကွက်ရိုက်ကာပြန်လည်ရောင်းချမယ်ဆိုတဲ့ အချက်။ တစ်နည်းအားဖြင့် ပြောရရင် လယ်ယာမြေကို အခြားနည်းအသုံးပြု ခွင့်နဲ့ ရောင်းချမယ့် သဘောဖြစ်တယ်”

“ဟုတ်ပါတယ် ဆရာ။ လယ်ယာမြေကို ပုံစံ (၇) နဲ့ လုပ်ပိုင်ခွင့်ပြု ထားတာက ၃ ဧကခန့်ရှိတယ် ဆရာ၊ ကျွန်တော်က တစ်ဝက်ခန့်ဝယ်ပြီး ဆောင်ရွက်ကြည့်ချင်လို့ ဆရာ။ ရင်း နှီးမြှုပ်နှံကြည့်တဲ့ သဘောပါ”

“ပုံစံ (၇) နဲ့ လယ်ယာမြေကို လုပ်ပိုင်ခွင့်ရရှိထားသူူက သက်ရှိထင်ရှား ရှိသေးလား”

“ရှိတယ် ဆရာ။ ကျွန်တော့် မိတ်ဆွေရဲ့ ဖခင်အမည်ပေါက်ဆရာ။ သက်ရှိထင်ရှားရှိပါတယ်”

“လယ်ယာမြေဥပဒေပုဒ်မ-၉ (၁) မှာ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိ သူသည် လယ်ယာမြေအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့် ပေါင်နှံခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့် ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ် ခွင့်နှင့် ပေးကမ်းခွင့်ရှိသည်လို့ ပြဋ္ဌာန်းထားပါတယ်”

“သတ်မှတ်ထားတဲ့ စည်းကမ်းချက်ဆိုတာ ဘယ်လိုပါလဲ ဆရာ”

“လယ်ယာမြေ ဥပဒေပုဒ်မ ၁၂ (ဂ) မှာ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိ သူသည် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနက သတ်မှတ်သည့် တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်းမှတ်ပုံ တင်ခတို့ကိုပေးဆောင်၍ သက်ဆိုင်ရာ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတွင် မှတ်ပုံတင်ရမည်လို့ ပြဋ္ဌာန်းထားပါတယ်”

“အခုမြေကွက် ၃ ဧကထဲက တစ်ဝက်ပေါ့ ဆရာ၊ ခွဲဝေဝယ်ချင်ရင်ရပါသလား”

“ဥပဒေအရတော့ ၂၀၁၉ ခုနှစ် မေလအတွင်းက ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ရဲ့ ညွှန်ကြားချက် အမှတ် ၂/၂၀၁၉ အရ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အား မှတ်ပုံတင်စာချုပ် ချုပ်ဆိုခွင့်ကို ခန့်အပ်တာဝန်ပေး အပ်ခဲ့ပါတယ်။ ရပ်ကွက်နှင့် ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က အဆိုပြုတင်ပြလာသော တစ်ဧက နှုန်းထားကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ စိစစ်ဆောင်ရွက်ရမယ်လို့ ညွှန်ကြားထားပါတယ်။ ဒါကြောင့် လယ်ယာ မြေစီမံခန့်ခွဲမှု အဖွဲ့ရဲ့ သတ်မှတ်နှုန်းထားအပေါ်မှာ တံဆိပ်ခေါင်းခွန်နဲ့ မှတ်ပုံတင်ခထမ်းဆောင်ပြီး မှတ်ပုံ တင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုရမှာ ဖြစ်ပါတယ်”

“အချို့ကပြောတော့၊ လယ်ယာမြေကို ဝယ်လိုက်ရုံနဲ့ အဆောက်အအုံဆောက်လုပ်လို့ မရသေးဘူးလို့ ပြော တယ်။ တစ်နှစ်ကျော်နှစ်နှစ်ခန့် ကာလအထိ စိုက်ပျိုးရသေးတယ်လို့ ပြောတယ် ဆရာ။ အဲဒါ ဟုတ်ပါသလား”

“ဒါကတော့ ဆွေးနွေးရမယ့် ဒုတိယအပိုင်းဖြစ်သွားပြီ”

“ဟုတ်ကဲ့ ဆရာ၊ နည်းနည်းရှင်း ပြပါဦး ဆရာ”

“လယ်ယာမြေကို ရောင်းတယ်ဆိုတာက လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူက မိမိလယ်ယာမြေပေါ်တွင် ရရှိသည့် လုပ်ပိုင်ခွင့်ကို ခွဲဝေရောင်းချခြင်းဖြစ်တယ်။ ဒါကြောင့် လယ်ယာမြေပေါ်မှာ သတ်မှတ်ပေးထားတဲ့ သီးနှံများကို စိုက်ပျိုးလုပ်ကိုင်အသုံး ပြုခွင့်ရခြင်းသာဖြစ်တယ်”

“ဒါကြောင့်မို့ သတ်မှတ်သီးနှံကို မဖြစ်မနေစိုက်ပျိုးရမယ့် သဘောလား ဆရာ”

“ဟုတ်ပါတယ်။ ဒါပေမယ့် အဆိုပါ လယ်ယာမြေကို အခြားနည်း သုံးစွဲခွင့်ပြုပါဆိုပြီး သက်ဆိုင်ရာ စီမံ ခန့်ခွဲမှုအဖွဲ့ထံ လျှောက်ထားနိုင်ပါတယ်”

“ခွင့်ပြုချက်ရမှ အကွက်ရိုက် ရောင်းချတာမျိုး လုပ်နိုင်မှာပေါ့ ဆရာ”

“အခြားနည်းနဲ့ အသုံးပြုခွင့်ရရင်တော့ အဆောက်အအုံဆောက်လုပ် နေထိုင်ခွင့်ရတဲ့ သဘောရှိလာပြီပေါ့”

“ဟုတ်ကဲ့ ဆရာ၊ အဲဒီအခြား နည်းအသုံးပြုခွင့်ကို ဘယ်အဆင့်က စပြီး ဆောင်ရွက်ရပါသလဲ ဆရာ”

“လယ်ယာမြေနဲ့ စပ်လျဉ်းပြီး အခြားနည်းဖြင့် အသုံးပြုခွင့်လျှောက်ထားချက်နဲ့ ပတ်သက်လို့ လယ်ယာ မြေဥပဒေပုဒ်မ-၃၀ (ခ) မှာ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် လယ်မြေမှ တစ်ပါး လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုနိုင်ရန်အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် ခွင့်ပြုနိုင်သည်လို့ ပြဋ္ဌာန်းထားပါတယ်”

“အဲဒီမှာ လယ်မြေမဟုတ်တဲ့ လယ်ယာမြေဆိုတာ ဘာကိုပြောတာလဲ ဆရာ”

“လယ်ယာမြေ ဥပဒေမှာ လယ်မြေနဲ့ လယ်ယာမြေဆိုပြီး နှစ်မျိုးပါရှိတယ်။ လယ်မြေဆိုတာက နားလည် အောင် ပြောရရင် စပါးသီးနှံအဓိက စိုက်ပျိုးမြေဖြစ်တယ်။ လယ်ယာမြေဆိုတာက လယ်ယာမြေအပါအဝင် ဟင်းသီးဟင်းရွက်စိုက်ပျိုးတဲ့ ဥယျာဉ် ခြံမြေလည်း ပါဝင်တယ်။ ဒါကြောင့် လယ်မြေအဖြစ် အသုံးမပြုတဲ့ လယ် ယာမြေကို အခြားနည်းအသုံးပြုဖို့ လျှောက်ထားတဲ့ သဘောဖြစ်တယ်”

“အဲဒီလို လျှောက်ထားတဲ့အခါ ဘာတွေလိုအပ်ပါသလဲ ဆရာ”

“အတိုချုပ်မှတ်ထားရင်တော့ အချက် (၁၁) ချက်ရှိတယ်”

“ဟုတ်ကဲ့ ဆရာ”

(၁) လယ်ယာမြေဥပဒေပုဒ်မ ၂၉/ ၃၀ (က)/၃၀(ခ) တို့အရ လယ်ယာ မြေကို အခြားနည်းအသုံးပြုရန် လျှောက်ထားမှုစာတွဲ ဦးစွာဖွင့်ရ တယ်။

(၂) လျှောက်ထားမှုစာတွဲမှာ လယ် ယာမြေကို အခြားနည်းအသုံးပြုရန် လျှောက်လွှာပုံစံ (၁၄)။

(၃) မြေစာရင်း ပုံစံ (၁၀၅)၊ ပုံစံ (၁၀၆) သက်သေခံမြေပုံ။

(၄) ပတ်ဝန်းကျင်ပြမြေပုံ။

(၅) မြေတည်နေရာ အခြေပြမြေပုံ (Locatiom Map)

(၆) Site Plan (စီမံမှုပုံစံ ဆိုက်ပလန်)

(၇) ဓာတ်ပုံမှတ်တမ်းများ။

(၈) လယ်ယာမြေ လုပ်ပိုင်ခွင့်လက် မှတ်ပုံစံ (၇) ဓာတ်ပုံမိတ်္တူ။

(၉) ရပ်ကွက် သို့မဟုတ် ကျေးရွာလယ်ယာမြေစီမံမှု အဖွဲ့၏ ထောက်ခံ ချက်။

(၁၀) ဘေးပတ်ဝန်းကျင် လယ်သမားနှစ်ဦး၏ ထွက်ဆိုချက်။

(၁၁) လျှောက်ထားသူ၏ မှတ်ပုံတင် ဓာတ်ပုံမိတ္တူတို့ကို ပူးတွဲတင်ပြရပါတယ်။ ပြီးမှ အမှုတွဲကို နေပြည်တော် ကောင်စီ သို့မဟုတ် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြ၍ လုပ်ပိုင်ခွင့်ပုံစံ (၁၅.က) ကို ရယူရမှာ ဖြစ်ပါတယ်”ဟု ရှင်းပြလိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)

Credit to: ဈေးကွက်ဂျာနယ်

No comments:

Post a Comment

မင်္ဂလာပါ..