အလျှော့တွက်လက်ခနည်းတဲ့ ရိုးရိုးရှင်းရှင်းဒီဇိုင်းတွေကိုစုဆောင်းနိုင်ပါတယ်။ ပွဲတတ်ဝတ်ဆင်လို့လည်း ရသလို အနာဂါတ်အစီအစဉ်တွေအတွက်လည်း အဆင်ပြေပါတယ်။
မိသားစုရဲ့ ဝင်ငွေကို မျှတအောင် စီမံခန့်ခွဲဖို့က မေမေတို့ရဲ့ တာဝန်ပါ။ မိသားစုဝင်ငွေ အထူးသဖြင့် ဖေဖေတို့ ရှာဖွေထား သမျှကို မိသားစုအနာဂါတ်အတွက် သိမ်းဆည်းထားရပါမယ်။ ဖေဖေတို့ရဲ့ ဝင်ငွေကို စုဆောင်းတဲ့ အခါ မေမေအများစုက ပိုက်ဆံထက် ရွှေကိုပိုစုကြပါတယ်။ တချို့ကလည်း ရွှေစုတာ ရှုံးတယ်လို့ ပြောကြ ပါတယ်။ ငွေသားသီးသန့်ဘဏ်မှာ စုဆောင်းထားကြပါတယ်။ ရွှေပဲစုစု ပိုက်ဆံပဲ စုစု နှစ်မျိုးစလုံး အကျိုး ကျေးဇူးတွေ ရှိပါတယ်။ ရွှေစုခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့
ရွှေစုတဲ့အခါ မေမေတို့ ဘယ်လိုပုံစံနဲ့ စုတယ်ဆိုတာ အရေးကြီးပါတယ် (Photo by Zee Business)
ဝယ်ယူနည်း
ရွှေစုတဲ့အခါ မေမေတို့ ဘယ်လိုပုံစံနဲ့ စုတယ်ဆိုတာ အရေးကြီးပါတယ်။ (၁၅)ပဲရည်နဲ့ (၁၆)ပဲရည် စတဲ့ စံချိန်ပြည့်မှီတဲ့ ေ႐ႊအမျိုးအစားကို စုဆောင်းဖို့ လိုပါတယ်။ ဈေးကွက်ထဲမှာတွေ့ရတဲ့ (၁၃)ပဲရည်၊ (၁၂)ပဲရည်တွေက မေမေတို့ကို အရှုံးပေါ်စေနိုင်ပါတယ်။ ရွှေဖြူနဲ့ စပ်ထားတဲ့ လက်ဝတ်ရတနာတွေနဲ့ ရှုပ်ထွေးပြီး ဒီဇိုင်းဆန်းတဲ့ ရွှေလက်ဝတ်ရတနာတွေကို ရှောင်ရှားပါ။ ရှုပ်ထွေးတဲ့ဒီဇိုင်းတွေက ပွဲတတ်အနေနဲ့ ဝတ်ဆင်မယ်ဆိုရင် တင့်တယ်ပေမယ့်လည်း အနာဂါတ်အတွက် ရေရှည်စုဆောင်းမယ်ဆိုရင် ရွှေအလျှော့တွက်လက်ခတွေကြောင့် ပြန်ရောင်းတဲ့အခါ အရှုံးများနိုင်ပါတယ်။ အလျှော့တွက်လက်ခနည်းတဲ့ ရိုးရိုးရှင်းရှင်းဒီဇိုင်းတွေကိုစုဆောင်းနိုင်ပါတယ်။ ပွဲတတ်ဝတ်ဆင်လို့လည်းရသလို အနာဂါတ်အစီအစဉ်တွေအတွက်လည်း အဆင်ပြေပါတယ်။ စုဖို့အတွက်သီးသန့်ဆိုရင်တော့ ရွှေတုံးလေးတွေနဲ့ ရွှေခဲလေးတွေ စုဆောင်းတာ အကောင်းဆုံးပါပဲ။ အရည်အသွေးကောင်းပြီး စိတ်ချရတဲ့ ရွှေဆိုင်တွေမှာ ဝယ်ယူပါ။
လက်ငင်း
မေမေတို့အနေနဲ့ မကြာခင်နှစ်အနည်းငယ်မှာပဲ စီးပွားရေးတစ်ခု ရင်းနှီးမြှပ်နှံမှု လုပ်တော့မယ်ဆိုရင် အခုချိန်မှာ ရွှေမစုသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရွှေတုံးရွှေခဲကလွဲပြီး ကျန်ရွှေလက်ဝတ်လက်စားတွေဟာ အခုဝယ် မကြာခင်မှာပြန်ရောင်းမယ်ဆိုရင် အနည်းငယ်ရှုံးနိုင်ပါတယ်။ ဒါကြောင့် ဒီအခြေအနေမှာတော့ ပိုက်ဆံသီးသန့် ဘဏ်မှာစုထားတာ ပိုကောင်းပါတယ်။ နှစ်ပေါင်းများစွာစုဆောင်းရမယ်ဆိုရင်တော့ ရွှေဝယ်ထားတာ ပိုကောင်းပါတယ်။
အနာဂါတ်အတွက် ရွှေစုထားတာက ခိုင်မာတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ် (Photo by miningzimbabwe)
ရွှေတန်ဖိုး
အနာဂါတ်အတွက် ရွှေစုထားတာက ခိုင်မာတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွှေဟာ ပြောင်းလဲသွားတဲ့ ခေတ်ကိုလိုက်ပြီး တန်ဖိုးလည်းမြင့်သွားပါတယ်။ ဒါကြောင့် နှစ်ရှည်စုဆောင်းသွားမယ်ဆိုရင် ခေတ်ကာလအလိုက် တန်ဖိုးတွေမြင့်တတ်လာပါတယ်။ ဒါကြောင့် နှစ်ရှည်အစီစဉ်ဆိုရင်တော့ ရွှေစုဖို့ တိုက်တွန်းပါတယ်။
ဆိုးကျိုး
ရွှေကို နှစ်ရှည်စုဆောင်းတဲ့အခါ အနည်းငယ်ပွန်းပဲ့တာ၊ အလေးချိန် လျှော့တာနဲ့ ပျောက်ဆုံးတာတွေ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် ရွှေနဲ့ပတ်သက်တဲ့ လက်ဝတ်ရတနာတွေမှာ ပိုဖြစ်ပွားနိုင်ပါတယ်။ ဒါကိုတော့ သတိထားရပါမယ်။
No comments:
Post a Comment
မင်္ဂလာပါ..