menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

ဥယျာဉ်ခြံမြေ ဝယ်မယ်ဆိုရင်

“ဥယျာဉ်ခြံမြေတွေဟာ လယ်ယာမြေဖြစ်လို့ အရောင်းအဝယ် လုပ်မရဘူးဆိုတာ ဟုတ်ပါသလား” ဟု မိတ်ဆွေတစ်ဦး က ဆွေး နွေး လာပါသည်။

“လယ်ယာမြေ ဥပဒေအရ ဆိုရင်တော့ ယင်းဥပဒေပုဒ်မ (၃) မှာ လယ်ယာမြေမှာ အကျုံးဝင်တဲ့ မြေအမျိုးအစားတွေကို ဖော်ပြထား တယ်။ လွယ်လွယ်ကူကူ မှတ်သား ထားမယ်ဆိုရင်တော့ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ ဟင်းသီး ဟင်းရွက် ပန်းမန်စိုက်ပျိုးတဲ့ ခြံ မြေ၊ ဥယျာဉ်မြေတို့ အားလုံး လယ် ယာမြေ အမျိုးအစားထဲမှာ ပါဝင် တယ်”



“လယ်ယာမြေဆိုရင် အ ရောင်းအဝယ် လုပ်လို့မရဘူးမ ဟုတ်လား”

“လယ်ယာမြေတိုင်းလို့ လွယ် လွယ်ကူကူ သတ်မှတ်ပြောလို့တော့ မရဘူး”

“ဘယ်လို ကွာခြားတာရှိလို့ လဲ”

“ခြံမြေဆိုပေမယ့် လူအများ နေထိုင်လာကြပြီး အိမ်ရာဆောက် လုပ်လို့ ကျေးရွာနယ်နိမိတ်အဖြစ် သတ်မှတ်တဲ့ နယ်မြေထဲပါသွား ရင် တော့ ခြံမြေဖြစ်ပေမယ့် လယ်ယာ မြေမဟုတ်ဘူးလို့ ဥပဒေအရ သတ် မှတ်ထားပါတယ်”

“ဒီလိုဆိုရင် ခြွင်းချက်သဘော မျိုး သတ်မှတ်ထားတာပေါ့”

“ဒီလိုပဲ ပြောရမှာပေါ့၊ စိုက် ပျိုးရေးမြေအဖြစ် အသုံးမပြုကြ တော့ဘဲ၊ လူနေရပ်ကွက်ဖြစ်လာ ရင် ဒီမြေဟာ ခြံမြေဖြစ်ပေမယ့် လယ်ယာမြေထဲအကျုံးမဝင်တာမို့ လွှဲပြောင်းရောင်းချခွင့်ရှိမှာဖြစ် တယ်”

“တရားဝင်ပိုင်ဆိုင်ခွင့်ရပါ့မလား”

“အရောင်းအဝယ် စာချုပ်မှာ တော့ အရောင်းအဝယ် ကတိစာ ချုပ်အနေနဲ့ပဲ ချုပ်ဆိုကြရမှာဖြစ် တယ်”

“အရောင်းစာချုပ်နဲ့ အ ရောင်းအဝယ် ကတိစာချုပ်ဆိုတာ ဘယ်လိုကွာပါသလဲ”

“အရောင်းစာချုပ်ဆိုတာက မိမိအမည်ပေါက်ဖြစ်ဖြစ်၊ မိမိထံ အမွေရပစ္စည်းအဖြစ်ရလာတဲ့ မြေကွက်အဆောက်အအုံဖြစ်ဖြစ်၊ ဥပဒေနဲ့ အညီ ပိုင်ဆိုင်ခွင့်ရရှိထား သူက ရောင်းချခြင်းဖြစ်တယ်။ ဥပဒေနှင့်အညီ တရားဝင် ပိုင်ဆိုင် ဖို့ဆိုရင် အရောင်းစာချုပ်ကို မှတ်ပုံ တင် စာချုပ် စာတမ်း ဥပဒေအရ ရောင်းချခြင်း၊ မှတ်ပုံတင် စာချုပ် ချုပ်ဆိုရမှာဖြစ်တယ်။ ဒါမှဥပဒေ နဲ့အညီ တရားဝင်ပိုင်ဆိုင်ခွင့် အ မည်ပေါက် လျှောက်ထားခွင့်ရရှိ မှာပဲဖြစ်တယ်”

“တရားဝင်မှတ်ပုံတင် အ ရောင်းစာချုပ် မပြုလုပ်ရင်တော့ ဥပဒေနဲ့အညီ ပိုင်ဆိုင်ခွင့်မရနိုင်တဲ့ သဘောဖြစ်တယ်ပေါ့”

“မှန်ပါတယ်၊ မရွှေ့မပြောင်း နိုင်သော ပစ္စည်းကို ဝယ်မယ်၊ ရောင်းမယ်၊ လွှဲပြောင်းပေးကမ်း မယ်စတဲ့ ကိစ္စရပ်တွေကိုတော့ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်ပြု လုပ်ပြီး ငွေအကြေပေးချေခြင်း ဖြစ်ရပါမယ်”

“အရောင်းအဝယ် ကတိစာချုပ်ရဲ့ သဘောကတော့ ငွေအပြီး ချေမယ်ဆိုရင် ဘယ်အချိန်ကာလအထိ ရောင်းသူကို ထားမယ်၊ ရောင်း သူ က ဝယ်သူအား ဂရန်မြေ ရသည်အထိ ဘယ်လိုဆောင်ရွက် ပေးမယ် စသည်ဖြင့် အပြန်အလှန် ကတိပေးရမည့် အချက်များကို ထည့်သွင်းချုပ်ဆိုကြတာပဲဖြစ်တယ်။ လုပ်ငန်းအပြီးအပြတ် ဆောင် ရွက်ပေးခြင်း မဟုတ်ဘဲ တာဝန် ယူမှုအပိုင်းနဲ့ စာချုပ်ကတိပြုချုပ် ဆိုကြတာပဲ ဖြစ်တယ်။ မှတ်ပုံတင် စာချုပ်အဖြစ် ချုပ်ဆိုဖို့ မလိုဘူး”

“ဒါဆိုရင် လမ်းဘေးမှာရှိတဲ့ အရပ်စာချုပ်ဆိုရင်ဖြစ်တယ်မ ဟုတ်လား”

“ဖြစ်တာတော့ ဖြစ်ပါတယ်”

“ဘာလိုသေးလို့လဲ”

“ပြည့်ပြည့်စုံစုံ ဖော်ပြချုပ်ဆို ကြတာတော့ အကောင်းဆုံးပေါ့။ ဒါနဲ့ အခုဝယ်ဖို့ လုပ်နေတဲ့ မြေက ဘယ်လိုဖြစ်လို့လဲ”

“အရင်ကတော့ ခြံမြေပေါ့၊ အခုတော့ သူငယ်ချင်း ပြောသလို လူနေရပ်ကွက်အဖြစ်နဲ့ အဆောက် အအုံ ဆောက်လုပ်နေထိုင်လျက်ရှိ ကြတယ်”

“အခုရောင်းမှာက အ ဆောက်အအုံပါ ပါတဲ့ သဘော ပေါ့”

“ဟုတ်ပါတယ်။ မိခင်အဘွား ကြီးက ကျန်းမာရေး မကောင်း တော့ သားသမီးတွေက အဲဒီမြေနဲ့ အိမ်ကို ရောင်းချင်တဲ့ သဘော ပေါ့”

“ဝယ်လို့ရပါတယ်။ တစ်ခုရှိ တာက ဝယ်ပြီးတာနဲ့ လက်ရောက် ရယူနေထိုင်ဖို့တော့ လိုတယ်။ ဒါမှ တရားဝင်လွှဲပြောင်းတဲ့ သဘော၊ တရားဝင်ပြောင်းရွှေ့လာတဲ့ သဘောတွေ၊ အခွင့်အရေးတွေရ မှာဖြစ်တယ်”

“မြေငှားစာချုပ် ရနိုင်တဲ့မြေ အမျိုးအစားဖြစ်သလား”

“အမှန်က ပန်းပင်တွေစိုက် တဲ့ ပန်းပျိုးမြေ၊ ခြံမြေတွေကို ခွဲစိတ် ပြီး အိမ်တွေဆောက်လုပ်နေထိုင် ကြတယ်။ ငွေအင်အားထုတ်နိုင်သူ တွေကတော့ အခိုင်အမာအ ဆောက်အအုံတွေ ဆောက်လုပ်နေ ထိုင်ကြတာဖြစ်တယ်။ အဲဒီအခြေ အနေကစပြီး ပန်းမန်စိုက်ပျိုးတာ မရှိဘဲ လူနေရပ်ကွက်အဖြစ် နေ ထိုင်ကြရင်းနဲ့ မြေနဲ့ အဆောက်အ အုံကို ရောင်းချခြင်း လွှဲပြောင်းပေး ခြင်းများပြုလုပ်လာကြတာ ဖြစ် တယ်”

“လူနေရပ်ကွက်မြေဖြစ်သွား ပြီဆိုတော့ မြေငှားဂရန် (မြေငှား စာချုပ်) ကို ထုတ်ပေးနိုင်ပြီပေါ့ နော်”

“မှန်ပါတယ်။ မြေပေါ်အခြေ အနေကို သက်ဆိုင်ရာ အဖွဲ့အ စည်းက ကွင်းဆင်းမယ်၊ မြေတိုင်း မယ်၊ လက်ရှိနေထိုင်သူရဲ့ ပိုင်ဆိုင် မှု စိစစ်ပြီး အလျဉ်းသင့်သလို မြေ ငှားစာချုပ် ထုတ်ပေးမှာဖြစ်တယ်”

“အိမ်ရာ တည်ဆောက်နေ ထိုင်တာ ဘယ်နှစ်ကာလကြာမှ ရွာ မြေအဖြစ် သတ်မှတ်ပါသလဲ”

“ဗဟုသုတအဖြစ် ပြောရ မယ်ဆိုရင် တရားရုံးချုပ်က ဆုံး ဖြတ်ထားတဲ့ ဦးစံသင်းပါ (၄) ဦးနှင့် ဒေါ်ဝင်းတင်ပါ (၁၇) ဦး၊ ၁၉၉၂ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၃၄ အမှုမှာ မြန်မာ နိုင်ငံ အရပ်ရပ်ရှိ မြို့ရွာများတွင် သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာန ၌ လယ်မြေ၊ ဥယျာဉ်ခြံမြေဟု အ မည်ပေါက်နေသော်လည်း နှစ် ပေါင်းများစွာ လူနေမြို့ရွာများအ ဖြစ် အတည်တကျ နေထိုက်လျက် ရှိကြသည့် မြေအမျိုးအစားများစွာ ရှိကြသည်။ ယခုအမှုတွင် အချင်း ဖြစ်မြေမှာ နှစ်ပေါင်း ၃ဝ ကျော်ခန့် လူနေအိမ်ရာအဖြစ် အသုံးြ ပုနေ ထိုင်လျက်ရှိသော လူနေရပ်ကွက် အဖြစ် တည်ရှိနေကြောင်း ဆုံး ဖြတ်ခဲ့တာရှိပါတယ်။ ဒါကြောင့် နှစ်ကာလအတိအကျ သတ်မှတ် ချက်မရှိပေမယ့် ခြံမြေတွေဟာ လူနေရပ်ကွက်အတွင်းမှာ လမ်း အမည် အိမ်နံပါတ်၊ ရပ်ကွက်အ မည် စသဖြင့် အတိအကျထွက်ရှိ နေထိုင်ကြပြီဆိုရင်တော့ လယ်ယာ မြေ မဟုတ်တော့တဲ့အတွက် ကတိ စာချုပ် ချုပ်ဆိုပြီး ဝယ်ယူနိုင်မှာ ဖြစ် ပါတယ်”

“ဝယ်ပြီးဝယ်သူက ဆက်မနေ ရင် ဖြစ်သလား”

“ဥပဒေအရတော့ ဝယ်သူက လက်ရောက်ရယူပြီးနေထိုင်မှ တရားဝင် ပိုင်ဆိုင်မှာမို့ ဝယ်ပြီး အိမ်ခြံမြေကို လက်ရောက်နေထိုင် ပြီးမှ ငှားရမ်းခြင်း၊ အခြားသူထား ခြင်းတို့ကို ပြုလုပ်သင့်ကြောင်း” အကြံပြုလိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်

No comments:

Post a Comment

မင်္ဂလာပါ..