menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

ရွှေဝယ်မယ်ဆိုရင် ဒါအရင်ဖတ်

 

ရွှေဝယ်မယ်လို့ စိတ်ကူးမိတာနဲ့ မဖြစ်မနေသိထားရမယ့် (5)ချက်‼️📣
(Unicode)
စစချင်း ဒီခေါင်းစဉ်ကို မြင်ရင် ဘယ်အချက်ကို အရင်ဆုံး တွေးမိကြမလဲ မသိပေမဲ့ အားလုံးထင်နေတာနဲ့တော့ နည်းနည်းလေးကွဲမယ်လို့ ပြောပါရစေ။☝️
ဒါပေမဲ့ ရွှေထည် လက်ဝတ်ရတနာကို ဝယ်တော့မယ်ဆိုရင် ဒီအချက်တွေကို ကျိမ်းသပေါက် သိထားတယ်ဆို ဖြစ်လာနိုင်မယ့် အခက်အခဲနဲ့ ပြဿနာတွေကို ကြိုတင်ရှင်းထားနိုင်သလိုပါပဲ။ 💎💎

📌 ပထမဆုံး မဖြစ်မနေသိထားရမဲ့ အချက်ကတော့ …
၁။ ကိုယ့်ရဲ့ ငွေပမာဏ ✅💸💸
ဟုတ်ပါတယ် … ကိုယ့်ရဲ့ငွေပမာဏပဲ ဖြစ်ပါတယ်။ ဆိုင်ရောက်ရင် အရောင်းဝန်ထမ်းတွေ အရင်ဆုံး မေးမယ့် မေးခွန်းတွေက ဘယ်ဒီဇိုင်းထဲက၊ ဘယ်ထဲကလဲ၊  ဘယ်လောက် ဝန်းကျင်ထဲက ပြပေးရမလဲ ဆိုတဲ့ စကားဖြစ်ပါလိမ့်မယ်။ ဒါမှလည်း သေချာ ပြသပေးလို့ အဆင်ပြေမှာ ဖြစ်ပါတယ်။  
ကိုယ်က ဘယ်လောက်ဝန်းကျင်ထဲက ကြည့်ချင်တယ်ဆိုတာကို ၊ ကိုယ့်ငွေပမာဏနဲ့ ချိန်ပြီး မစဉ်းစားထားမိရင် ဘာကြည့်ရမယ်၊ ဘာရွေးရမယ်ဆိုတာကို တွေဝေနေမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေလည်း အလကားပိုပေးနေရပါလိမ့်မယ်။ အဲ့အချိန်တွေကို ဒီဇိုင်းရွေးတဲ့နေရာမှာ အသုံးချလိုက်တာက ပိုပြီးကောင်းပါတယ်။
၂။ ဝယ်မယ့် ရွှေဆိုင် ✅ 🎪
ဒါက တစ်ကယ်ကို အရေးကြီးတဲ့ အပိုင်းဖြစ်ပါတယ်။ ရွှေဝယ်တယ်ဆိုတာ အလှအပတစ်ခုတည်း အတွက်တင် မကပဲ ရင်းနှီးမြုပ်နှံမှုတစ်ခုဆိုလည်း မမှားပါဘူး။ “အာမခံ” ဆိုတာမျိုးက ဆိုင်တော်တော်များများမှာတော့ ရေးထားကြတဲ့ စာလုံးဖြစ်ပေမယ့် လက်တွေ့မှာတော့ ဘယ်အရာတွေကို အာမခံတယ်ဆိုတာ သေချာရှင်းရှင်းလင်းလင်း သိဖို့တော့ လိုအပ်ပါလိမ့်မယ်။
 ဒီတော့ ကိုယ်ရွှေဝယ်မယ့်ဆိုင်ဟာ ဘယ်လိုဆိုင်မျိုးလည်း၊ ဘယ်လောက်အထိ ယုံကြည်စိတ်ချရမလဲ၊ ရွှေရည်ဘယ်လောက်ထိ စစ်မှန်ပြည့်ဝသလဲ စတဲ့ .. စတဲ့ ယုံကြည်စိတ်ချရမှုတွေကို ကြိုသိထားရင်တော့ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
၃။ ရွှေအရည် အသွေး ✅🏅
ဝယ်မယ့် ပစ္စည်းဟာ ရွှေထည်ဖြစ်တဲ့ အတွက် … အရေးအကြီးဆုံးက ရွှေရည်ပြည့်ဝဖို့ ပထမပဲ ဖြစ်ပါတယ်။ ရွှေထည်လက်ဝတ်ရတနာကို ဈေးကြီးပေးဝယ်ရပြီး အရည်သွေးမပြည့်ဝတဲ့ ရွှေထည်ကိုဝတ်ရတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောရရင် ဝယ်သူ အလိမ်ခံလိုက်ရတာပါ။  
ရွှေထည်ဆိုတာ ဝတ်တာကြာမှ သိသာလာတဲ့အမျိုးပါ။
ရွှေရည်ပြည့်ဝတဲ့ ရွှေထည်တွေဟာ လိုအပ်လို့ အခြားဆိုင်မှာသွားရောင်းရင်တောင် မတရားဈေးနှိမ်ခံရတာတွေ မရှိပါဘူး။
၄။ ရွှေပေါက်ဈေး ✅‼️
ရွှေဝယ်မယ့် နေ့ရဲ့ ရွှေပေါက်ဈေးကို သိထားတာအကောင်းဆုံးပါ။ ပုံမှန်အားဖြင့်တော့ ဝယ်သူတွေက ဆိုင် ၃/၄ ဆိုင်ကို ပတ်ကြည့်ပြီး စုံစမ်းတတ်ကြပါတယ်။ အချို့ကတော့ အွန်းလိုင်းက တရားဝင်ရွှေပေါက်ဈေးတွေကို အပြင်ပေါက်ဈေးနဲ့ ချိန်ပြီး ဝယ်တတ်ကြပါတယ်။
(အွန်လိုင်းက ပေါက်ဈေးနဲ့ အပြင်က တစ်ကယ်ရောင်း/ဝယ် နေတဲ့ဈေးတွေက ကွာတတ်ပါတယ်။)
ဘယ်လိုနည်းနဲ့ပဲ သိသိ … ကိုယ်သွားဝယ်မယ့် နေ့နဲ့ အချိန်ရဲ့ ရွှေပေါက်ဈေးကို သိထားတာက ကိုယ့်ငွေပမာဏနဲ့ ပြန်ချိန်ကြည့်လို့ရတဲ့ အားသားချက်ရှိသလို ရွှေရည်ပြည့်တဲ့ ဆိုင်တွေရဲ့ ဈေးကိုချိန်လို့လည်း ရနိုင်တာပေါ့။
ပိုအရေးကြီးတဲ့အချက်ကတော့ - ဈေးပေါတာနဲ့ အရည်အသွေးကောင်းတာနဲ့ကို နှိုင်းယှဉ်ပြီး တန်ဖိုးမဖြတ်မိဖို့ လိုပါတယ်။ ဒီနှစ်ခုက နှိုင်းယှဉ်ပြီး တန်ဖိုးဖြတ်လို့ ကောင်းတဲ့အရာမဟုတ်ပါဘူးနော်။
၅။ ပြန်ရောင်း/လဲ ရမလား ✅♻️
ရွှေထည် လက်ဝတ်ရတနာဟာ အလှဆင်ရုံသက်သက်မဟုတ်ပဲ ရင်နှီးမြုပ်နှံတဲ့ အမျိုးအစားထဲ ပါဝင်ပါတယ်။ ဒါ့ကြောင့် ဝယ်ပြီးရင် လွယ်လွယ်ကူကူ အဆင်ပြေပြေ ပြန်ရောင်းလို့ ရနိုင်ဖို့လည်း လိုပါတယ်။
အကြမ်းအားဖြင့်တော့ ရွှေထည်က ဝယ်ပြီးရင် ပြန်ရောင်းလို့ ရတာပဲ မဟုတ်လားလို့ မေးခွန်း ထုတ်စရာပါ။ ရုတ်တရက်တော့ ဟုတ်သလိုဖြစ်ပေမဲ့ အဲ့လောက်မရိုးစင်းပါဘူး။
အချို့ဆိုင်တွေက ဝယ်တုန်းကတော့ အာမခံချက်တွေ အရမ်းပေးတတ်ပေမဲ့ တစ်ကယ် ပြန်ရောင်းတဲ့အခါ ထင်သလောက် မလွယ်ကူပါဘူး။ ပြန်ဝယ်ပေးတယ် … ဒါပေမဲ့ နည်းမျိုးစုံနဲ့ အကြောင်းပြပြီး ဈေးနှိမ်တတ်တယ်။
အချို့ဆိုင်တွေကြတော့ ဘောင်ချာမပါရင် လုံးဝပြန်မဝယ်ပေးဘူး။ 😥😥
🔰 ဒါကြောင့် ရွှေဝယ်တဲ့အခါ ပြန်ပြီး ရောင်း/လဲ လုပ်မယ်ဆိုရင် လွယ်လွယ်ကူူကူနဲ့ ရာခိုင်နှုန်းပြည့် လက်ခံပေးရဲ့လား၊ ဘောင်ချာ ပျောက်တာတွေ ဘာတွေဆိုရင်ရော ဘယ်လိုဆက်လုပ်ပေးမလဲ ဆိုတာမျိုးတွေကို သေချာမေးထားဖို့ လိုပါမယ်။ 🔰
ခုဝေမျှပေးလိုက်တဲ့ အချက် (၅)ချက်နဲ့ အဆင်ပြေတယ်၊ ကိုက်ညီတယ် ဆိုရင် ဝယ်တဲ့အခါမှာ စိတ်ချမ်းသာရသလို၊ ပြန်ရောင်းတဲ့ အခါမှာလည်း စိတ်ချမ်းသာပါပြီလို့ ပြောရင်းနဲ့ပဲ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေလို့ ဆုတောင်းနှုတ်ဆက်လိုက်ပါတယ်။ 💯💯

Credit- ဝိန့်စိန် ရွှေဆိုင်

No comments:

Post a Comment

မင်္ဂလာပါ..