menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Monitor Graphic Resolution အကြောင်း အပိုင်း(၂)

 


အားလုံးပဲ မင်္ဂလာပါ… ဒီတစ်ပတ်မှာတော့ SmartPhones တွေ၊ TV တွေ၊ Computer Display တွေပေါ်က screen resolution တွေ ခွဲခြားသတ်မှတ်ထားပုံကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
What is screen resolution?

Resolution ဆိုတာအလွယ်ပြောရရင် Display/Screen ပေါ်မှာ ရှိတဲ့ Pixels အရေအတွက်ဖြစ်ပါတယ်။ Display ပေါ်မှာ ပုံရိပ်တစ်ခုဖော်ပြဖို့အတွက် Pixels လေးတွေ သန်းပေါင်းများစွာလိုအပ်ပါတယ်။ ယေဘုယျအားဖြင့် Pixels တွေများများပါလေ တစ်နည်း resolution ကောင်းလေဖြစ်ပါတယ်။ Display တစ်ခုကြည့်လို့ ကောင်းမကောင်း ဆုံးဖြတ်တဲ့အခါမှာ resolution ကောင်းရဲ့လား၊ များရဲ့လား ဆိုတာအပြင် Dynamic range, color reproduction စတဲ့အချက်တွေကိုလဲ ထည့်သွင်းစဉ်းစားရပါတယ်။ ဒါကြောင့် device နှစ်ခု 720p ချင်းတူနေရင်တောင် ကြည့်ရတာ မတူတာမျိုးတွေ ဖြစ်တတ်ပါတယ်။

Resolution အမျိုးအစားများ


HD/720p

ယနေ့ခေတ်မှာ SmartPhones, Computers, TV တော်တော်များများမှာ အနိမ့်ဆုံးပါလေ့ရှိတဲ့ resolution က HD ပဲ ဖြစ်ပါတယ်။ အတိတ်မှာ ကျန်ခဲ့ပြီဖြစ်တဲ့ SD (480p) ကိုချန်လှပ်ခဲ့ပါတော့မယ် HD ဆို High Definition လို့ အဓိပ္ပါယ်ရပြီး တခြား MyTel Groups တွေထဲက သင်ထင်ထားတဲ့ HD နဲ့ မရောလိုက်ပါနဲ့။ xD

HD ရဲ့ pixel measurement ဟာ 1280 x 720 pixels ဖြစ်ပါတယ်။ Screen size 5 လက်မကနေ လက်မ 40 ဖြစ်ပါစေ ဘယ်လိုပဲ screen size မတူပါစေ 1280 x 720 pixels ရှိရင် HD (High Definition) လို့ခေါ်ပါတယ်။ ဆိုတော့ screen size သေးသေးလေးမှာ ကြည့်ရတဲ့ HD က size ကြီးတဲ့ Display ပေါ်က HD resolution ထက် ပိုကြည့်လို့ကောင်းပါတယ်။ ဥပမာ 4.3-inch screen ပေါ်က HD resolution ဟာ generally 342 ppi လောက်ရှိပြီး 12 လက်မ screen ပေါ်က HD 1280 x 720 ဟာ 100 ppi ဝန်းကျင်ပဲရှိပါတယ်။ ဆိုလိုတာက Screen size ကြီးတဲ့အတွက် HD ချင်းတူရင်တောင် သေးတဲ့ Display ပေါ်မှာ Pixels အရေအတွက် ပိုများပါတယ်။ ဒီနေ့ခေတ်မှာ HD 720p resolution ကို Budget SmartPhones တွေနဲ့ ဈေးသက်သာတဲ့ 32 လက်မ TV တွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။

SmartPhones တွေပေါ်မှာနောက်ထပ်တွေ့ရအများဆုံးဖြစ်တဲ့ HD+ (720p+) resolution ဆိုတာကတော့ Full HD 1080p နဲ့ HD 720p ကြားထဲက resolution ကို ခေါ်တာဖြစ်ပါတယ်။ ဥပမာ iPhone 11 ရဲ့ resolution ဟာ 828×1972 ရှိပြီး 1280×720 ထက်လဲ များသလို 1920×1080 (Full HD) ထက်လဲ နည်းတဲ့အတွက် HD+ (720p+) resolution ရှိတယ်လို့ ယူဆလို့ရပါတယ်။
iPhone 11 (Image credit: Trusted Reviews)

Full HD/1080p

Full HD ရဲ့ pixel measurement ကတော့ 1920×1080 ရှိပြီး 1080p လို့လဲ ခေါ်ပါတယ် ဒီနေ့ခေတ် SmartPhones တွေနဲ့ TV တော်တော်များများရဲ့ standard resolution အဖြစ်အသုံးပြုလာပါတယ်။ Full HD မှာ pixels ပေါင်း 2 million လောက်ပါဝင်ပြီး သူလဲပဲ screen size တွေ ဘယ်လိုကွဲကွဲ 1920×1080 ရှိရင် Full HD လို့ သတ်မှတ်ပါတယ်။ 5.5 inch screen တစ်ခုမှာ HD ဆိုရင် အကြမ်းဖျင်း 267ppi လောက်ပါဝင်ပြီး FHD မှာတော့ 400ppi ဝန်းကျင်လောက်အထိပါဝင်တတ်ကြပါတယ်။

နောက်ထပ် SmartPhones တွေမှာ သုံးလေ့ရှိတဲ့ Full HD+ ဆိုတာကလဲ FHD, 1080p နဲ့ QHD, 2K ရဲ့ ကြားထဲက resolution ကို ခေါ်တာဖြစ်ပါတယ်။ 2160×1080, 2280 x 1080 စတာတွေကတော့ FHD+ resolution တွေ ဖြစ်ပါတယ်။

QHD/WQHD/1440p/2K

ဒီနေရာမှာ q အသေးနဲ့ qHD ဟာ Q အကြီးနဲ့ Quad HD နဲ့ မတူပါဘူး။ qHD ဆိုတာကတော့ Full HD 1080p ထက် ၄ ဆ နိမ့်တာကို ခေါ်တာဖြစ်ပြီး 960 x 540 (540p) လို့လဲ ခေါ်ကြပါတယ်။ Q အကြီးနဲ့ Quad HD ဆိုတာ Standard resolution ဖြစ်တဲ့ HD/720p ထက် ၄ ဆပိုများတာကို ခေါ်ပြီး 2,560 x 1,440 pixels ရှိပါတယ်။ 1440p လို့လဲ ခေါ်ကြပြီး Pixels အရေအတွက် 4 million ဝန်းကျင်ပါဝင်ပါတယ်။

စံ QHD တွေရဲ့ screen ratio ဟာ 16:9 ရှိတဲ့အတွက် တချို့ ဖုန်းထုတ်လုပ်သူတွေဟာ aspect ratio ကို 18:9 ဘာညာ စတာမျိုးတွေ ပိုပြီး wide ချင်ကြတဲ့အတွက် W တပ်ပြီး WQHD လို့လဲ ခေါ်ကြပါတယ်။ WQHD ဟာ QHD နဲ့ အတူတူပဲ ဖြစ်ပြီး Aspect ratio ပဲ ကွာပါတယ်။ QHD resolution တွေကိုတော့ Flagship SmartPhones တွေမှာ တွေ့ရအများဆုံးဖြစ်ပါတယ်။ 2K လို့ ခေါ်ကြတာကတော့ 2560×1440 ရှိတဲ့အတွက် 2000 ထက်ကျော်လို့ 2K လို့ ခေါ်ကြတာပါ။ တကယ့် 2K အစစ်က 4K resolution ရဲ့ တစ်ဝက် 2,048 × 1,080 ပဲ ရှိပါတယ်။ ဒါပေမဲ့ တော်တော်များများကတော့ 2560×1440 ကိုပဲ QHD, 2K, WQHD, 1440p အစရှိသဖြင့် ခေါ်ကြပါတယ်။
OnePlus 7Pro

4K and Ultra HD (UHD)

တချို့တွေထင်ထားသလို 4K နဲ့ Ultra HD ဟာ မတူပါဘူး။ 4K အစစ် (4,096 x 2,160) ကို consumers တွေကြားမှာ အသုံးပြုတာရှားပြီး professional production တွေနဲ့ digital cinemas တွေမှာပဲ အသုံးပြုကြပါတယ်။ 4K လို့ခေါ်ကြတာကတော့ 4096 ဖြစ်တဲ့အတွက် 4K လို့ ခေါ်သလို FHD 1080p ရဲ့ ၄ ဆ ဖြစ်လို့ 4K လို့ ခေါ်တာဖြစ်ပါတယ်။ Ultra HD ဆိုတာကတော့ standard aspect ratio 16:9 ရှိပြီး သူလဲပဲ 1080p FHD ရဲ့ ၄ ဆ ဖြစ်ပါတယ်။ UHD ရဲ့ standard resolution ကတော့ 3,840 x 2,160 ဖြစ်ပြီး ဥပမာ Sony ရဲ့ Xperia Z5 Premium မှာ အသုံးပြုထားတာကိုတွေ့ရပါတယ်။ တကယ့် 4K အစစ်မဟုတ်ပေမဲ့ ကုမ္မဏီတွေက 3,840 x 2,160 (UHD) ကိုပဲ 4K လို့ သုံးနှူန်းကြပါတယ်။

5K

5K ရဲ့ resolution ကတော့ 5120 x 2880 ရှိပြီး တွေ့ရနည်းပါတယ်။ Apple ရဲ့ 27-inch iMac display တွေ၊ LG’s 27-inch Ultrafine 5K monitor တွေမှာ 5K Display ကို အသုံးပြုထားပါတယ်။

8K and 8K UHD

8K ဆိုတာကတော့ Full HD 1080p ရဲ့ ၈ ဆ ပိုများပြီး 7680 × 4320 pixels နဲ့ standard aspect ratio 16:9 ရှိပါတယ်။ လက်ရှိဈေးကွက်ထဲမှာတော့ 8K TV တွေလောက် ကလွဲပြီး အရမ်းရှားနေပါသေးတယ်။ အဆိုပါ resolution ကို သာမန်လူတွေရဲ့ မျက်လုံးနဲ့ ခွဲခြားမမြင်နိုင်ဘူးလို့ဆိုပါတယ်။ ဆိုလိုတာက 4K TV နဲ့ 8K TV ယှဉ်ကြည့်ရင် ကွဲပြားမှူကို သာမန်မျက်လုံးနဲ့ သတိမထားမိနိုင်ဘူးလို့ သိရပါတယ်။ အခု resolution တွေကို ဥပမာ 4,096 x 2,160 ကို 4K လို့ ခေါ်ပြီး ဥပမာ 3,840 x 2,160 ဆိုတာမျိုးကို 3.8K လို့ ခေါ်တာမျိုးမရှိပါဘူး။ 2K, 4K, 5K, 8K ဆိုပြီးတော့ standard သတ်မှတ်ထားတာတွေပဲ ရှိပါတယ်။ တချို့တွေက 3.8K တို့၊ QHD 2560×1440 (2K) ကို 2.5K တို့ဆိုပြီး အမှတ်မှားနေကြလို့ ဖြစ်ပါတယ်။


ဆိုတော့ အခုဖော်ပြပေးခဲ့တဲ့ Screen Resolution တွေအကြောင်းကို နားလည်နိုင်လောက်မယ်လို့ မျှော်လင့်ပါတယ်။ နောက်အပတ်မှာလဲ ဘယ်လို အကြောင်းအရာမျိုးတွေကို သိချင်သေးလဲဆိုတာ comment မှာ ဖော်ပြခဲ့နိုင်ပါတယ်။ ကျွန်တော် ရှာဖွေပြီး ကြိုးစား ရေးသားပေးပါ့မယ်ခင်ဗျ။ အားလုံးပဲ အဆုံးထိ ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။

Ref links: cnet, AndroidPit, Droidviews | Cover Photo credit to Droidviews

 Droidviews,  Medium

No comments:

Post a Comment

မင်္ဂလာပါ..