DNS vs VPN တွေကဘယ်လိုအလုပ်လုပ်သလဲ၊ အခုချိန်မှာ ဘယ်ဟာက ပိုအဆင်ပြေစေမလဲ...
----------------------------------------------------------
VPN App မထည့်ဘဲ 8.8.4.4 / 8.8.8.8 စတဲ့နံပါတ်တွေနဲ့ VPN ဘယ်လိုကျော်ရမလဲဆိုတဲ့ Post တွေ 1.1.1.1 ဆိုတဲ့ App ဆိုတဲ့ App က VPN ထက်ပိုကောင်းပါတယ်ဆိုတဲ့ Post တွေအခုရက်ပိုင်းမှာမြင်ရတာများလာပါတယ်။ ဒါကြောင့် အဲ့ဒီနံပါတ်လေးတွေက ကိုယ့်ရဲ့ Online Identity ကိုရောတကယ်ကာကွယ်ပေးနိုင်ပါ့မလား၊ VPN သုံးစွဲမှုတွေကရော ကိုယ့်ကိုဘာတွေထိခိုက်စေနိုင်သလဲဆိုတာ ရှင်းပြပေးသွားပါမယ်။
.
အရင်ဆုံးသိထားရမှာက 1.1.1.1 တို့၊ Setting ထဲဝင်ဖြည့်ရတဲ့ 8.8.8.8 ဆိုတွေက DNS Resolver တွေပဲဖြစ်ပါတယ်။ Virtual Private Network ဆိုတဲ့ VPN နဲ့လုံးဝမသက်ဆိုင်ပါဘူး။
ဒါဖြင့် DNS Resolver တွေကဘယ်လိုအလုပ်လုပ်သလဲ?
ဥပမာ - Admin တို့အနေနဲ့ Browsing လုပ်တဲ့အခါသက်ဆိုင်ရာ Website ရဲ့ Host Server ကို Logs တွေပို့ပေးရပါတယ်။ DNS Resolver ကအဲ့ Logs တွေကိုကိုယ်အသုံးပြုနေတဲ့ Provider ရဲ့ Cloud Server ထဲကိုသွားပြီးတော့မှ Host Server ထဲကိုပို့ပေးတာဖြစ်ပါတယ်။
.
ဒါကြောင့် DNS Resolver တွေရဲ့ ကောင်းကျိုးက Lightweight ဖြစ်တယ်။ ကိုယ့်မှာရှိတဲ့ Connection အတိုင်းလည်းအသုံးပြုနိုင်မယ့်အပြင့် Internet Speed ကိုလည်း Improve လုပ်ပေးပါတယ်။ VPN နဲ့တူတဲ့အချက်တစ်ချက်ကတော့ သူလည်း အစိုးရက Block ထားတဲ့ Restricted Content တွေကို Access လုပ်နိုင်မှာဖြစ်ပါတယ်။
.
မကောင်းကျိုးကတော့ DNS Resolver ဟာ VPN လိုမျိုး IP Address ကို Hide လုပ်ပေးမှာလည်းမဟုတ်သလို ကိုယ့်ရဲ့ Online Identity ကိုမဖုံးကွယ်ပေးနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် VPN တွေလောက်တော့ Safe ဖြစ်မှာမဟုတ်ပါဘူး။
.
VPN တွေရဲ့အလုပ်လုပ်ပုံကတော့ Admin တို့ Browsing လုပ်တဲ့အခါ သက်ဆိုင်ရာ Website ရဲ့ Host Server ကိုကိုယ်သိချင်တဲ့ Data မပို့ခင် Virtual Private Network လို့ခေါ်တဲ့ VPN Server ထဲကိုဖြတ်သန်းသွားရပါတယ်။ အဲ့ဒီကနေ IP Address အတုတစ်ခုနဲ့ Website ရဲ့ Host Server စီရောက်သွားတာပဲဖြစ်ပါတယ်။ Server ကနေကိုယ့်စီပြန်လာရာမှာလည်း အလားတူပုံစံမျိုးပဲဖြစ်တာကြောင့် VPN တွေက အင်တာနက်လိုင်းနှေးရခြင်းဖြစ်ပါတယ်။
.
ဒါပေမယ့် VPN Type တွေထဲမှာ PPTP, L2TP, OpenVPN စသဖြင့် အမျိုးအစားများစွာရှိကြပါတယ်။ PPTP ကတော့ လက်ရှိ Admin တို့အသုံးများနေတဲ့ VPN Type တစ်ခုဖြစ်ပြီး၊ L2TP နဲ့ OpenVPN တို့ကတော့ အင်တာနက် အမြန်ဆုံး၊ လုံခြုံမှုအရှိဆုံး VPN အမျိုးအစားတွေဖြစ်ကြပါတယ်။
.
VPN ရဲ့ ဆိုးကျိုးကတော့ ကိုယ့်ရဲ့တည်နေရာကိုခဏခဏချိန်းနေမယ်ဆိုရင် Facebook, Instagram, Twitter စတဲ့ Social Media တွေက ကိုယ့်ကို Bot လို့သတ်မှတ်ပြီး Account Locked ချလိုက်တာ၊ Disable လုပ်ပစ်တာမျိုးတွေရှိလာနိုင်ပါတယ်။ နောက်ပြီး VPN ဟာသာမာန်ထက် Bill ပိုစားတာကြောင့် ကိုယ်ပိုင် Cellular Data နဲ့သုံးတာထက် Wifi နဲ့သုံးတာကပိုအဆင်ပြေပါလိမ့်မယ်။
.
ကောင်းကျိုးကတော့ VPN ဟာ DNS တွေထက်စာရင်ပို Secure ဖြစ်စေပြီး ကိုယ့်ရဲ့ Online Identity ကိုလည်းဖုံးကွယ်ထားနိုင်မှာဖြစ်ပါတယ်။
.
အားလုံးပဲ ဘေးအန္တရာယ်ကင်းရှင်းကြပါစေ...
No comments:
Post a Comment
မင်္ဂလာပါ..