လူကြိုက်အများဆုံး ကင်မရာ ၁၀ လုံး
*********************
၁၀။ Fujifilm GFX 100 ကင်မရာ
ရေပန်းအစားဆုံးကင်မရာ နံပါတ် ၁၀ နေရာမှာတော့ Fujifilm GFX 100 ကင်မရာက ရပ်တည်သွားခဲ့ပါတယ်။ Fujifilm ရဲ့ အမြင့်ဆုံး ကင်မရာဖြစ်တဲ့ ဒီ Fujifilm GFX 100 ကင်မရာဟာ ၂၀၂၀ ခုနှစ်မှာ ထွတ်ခဲ့တာတော့ မဟုတ်ပါဘူး။ ၂၀၂၀ မတိုင်ခင်က ထွတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် Fujifilm ကနေ နောက်ဆက်တွဲအဖြစ် ထုတ်ပေးခဲ့တဲ့ Farmware အသစ်တွေကြောင့် ဒီကင်မရာဟာ ကင်မရာအသစ်စက်စက် အကြိမ်ကြိမ်ပြန်ဖြစ်လာခဲ့ပြီး လူတွေရဲ့ စိတ်ဝင်စားခြင်း ခံခဲ့ရပါတယ်။ ပထမဆုံး 4K Movie တွေကို Raw နဲ့ ရအောင် လုပ်ပေးခဲ့ပါတယ်။ နောက်တဖန် X-T4 ကင်မရာမှာ ပါလာတဲ့ Film Simulations တွေနဲ့ AF လုပ်ဆောင်ချက်တွေကို ထပ်ပေါင်းထည့်ပေးခဲ့ပြန်ပါတယ်။ အခုလည်း Pixels Shift လုပ်ဆောင်ချက်နဲ့ 400 Megapixels ဓာတ်ပုံတွေ ရိုက်ယူနိုင်အောင် လုပ်ပေးထားပြန်ပါတယ်။ မူလကင်မရာကနေ မဖြစ်နိုင်တော့ဘူးထင်ရတဲ့ လုပ်ဆောင်ချက်အသစ်သစ်တွေကို ထပ်ပေါင်းပြီး ကင်မရာအသစ်စက်စက်ပြန်ဖြစ်လာအောင် လုပ်ပေးနေတာမို့ X-User တွေအပါအဝင် လူတွေက စိတ်ဝင်စားပြီး ၂၀၂၀ မှာ ရေပန်စားလာခဲ့တာ ဖြစ်ပါတယ်။
၉။ Nikon Z7 & D850
ရေပန်းအစားဆုံးကင်မရာ နံပါတ် ၉ နေရာမှာတော့ Nikon Z7နဲ့ D850 ကင်မရာတွေအကြောင်း တင်ထားတဲ့ Post က ရပ်တည်သွားခဲ့ပါတယ်။ Nikon ရဲ့ အကောင်းဆုံး DSLR ကင်မရာလို့ ပြောလို့ရတဲ့ D850 နဲ့ ပထမဆုံး FF Mirrorless ကင်မရာဖြစ်တဲ့ Z7 ကင်မရာတွေရဲ့ အလည်က ဖြတ်ထားတဲ့ ပုံတွေကို လူတွေ စိတ်ဝင်စားခဲ့ကြသလို ၂၀၂၀ ရဲ့ Covid19 ပထမလှိုင်းအစမှာ Post တင်ထားခဲ့တာမို့ အခုလို စိတ်ဝင်စားခံရပြီး ရေပန်းစားခဲ့တာ ဖြစ်ပုံရပါတယ်။
၈။ Fujifilm X-T3
ရေပန်းအစားဆုံးကင်မရာ နံပါတ် ၈ နေရာမှာတော့ Fujifilm X-T3 ကင်မရာက ရပ်တည်သွားခဲ့ပါတယ်။ ဒီကင်မရာကလည်း ၂၀၂၀ မှာ ထွတ်ခဲ့တဲ့ ကင်မရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် Fujifilm ကနေ နောက်ဆက်တွဲအဖြစ် ထုတ်ပေးခဲ့တဲ့ Farmware အသစ်တွေကြောင့် ဒီကင်မရာဟာ ကင်မရာအသစ်စက်စက် အကြိမ်ကြိမ်ပြန်ဖြစ်လာခဲ့ပြီး လူတွေရဲ့ စိတ်ဝင်စားခြင်း ခံခဲ့ရပါတယ်။ အထူးသဖြင့်တော့ X-T4 ကင်မရာမှာ ပါလာတဲ့ AF လုပ်ဆောင်ချက်တွေကို X-T3 ကင်မရာမှာလည်း ရအောင် ထပ်ပေါင်းထည့်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါက X-T3 ကင်မရာကို ဆက်ပြီး လူကြိုက်များအောင် လုပ်နိုင်ခဲ့သလို Fujifilm ဟာ သူရဲ့ ကင်မရာအဟောင်းတွေကို Farmware အသစ်တွေနဲ့ လုပ်ဆောင်ချက်အသစ်တွေ အမြဲထပ်ဖြည့်ပေးနေတယ်ဆိုတဲ့ အကောင်းဆုံးနမူနာတခုလည်း ဖြစ်လာခဲ့ပါတယ်။
၇။ Zeiss ZX1
ရေပန်းအစားဆုံးကင်မရာ နံပါတ် ၇ နေရာမှာတော့ Zeiss ZX1 ကင်မရာက ရပ်တည်သွားခဲ့ပါတယ်။ ဒီကင်မရာကလည်း Photokina 2018 မှာ စကြေငြာခဲ့ကတည်းက လူတွေစိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။ Zeiss ရဲ့ မှန်ဘီလူးအသေတပ်ထားတဲ့ Full Frame ကင်မရာ၊ Lightroom ကလည်း ကင်မရာထဲမှာ တခါတည်း ပါလာမှာဖြစ်သလို ၊ Memory ကဒ်တွေလည်း ထပ်ထည့်နေစရာမလိုဆိုတာတွေက လူတွေကို ဆွဲဆောင်ထားခဲ့သလို ၂ နှစ်ကျော်နီးပါး ထွတ်မလာခဲ့တာတွေကလည်း ပိုစိတ်ဝင်စားပြီး ရေပန်းစားစေတဲ့ အကြောင်းတွေ ဖြစ်ပါတယ်။ ရောင်းဈေး US$ 6000 နဲ့ ထုတ်ဝေမယ့်နေ့ ကြေငြာလိုက်ချိန်မှာတော့ ရေပန်းစားခဲ့ပြန်ပါတယ်။
၆။ Sony a7C
ရေပန်းအစားဆုံးကင်မရာ နံပါတ် ၆ နေရာမှာတော့ Sony a7C ကင်မရာက ရပ်တည်သွားခဲ့ပါတယ်။ ဒီကင်မရာက ဒီနှစ် စက်တင်ဘာလကမှ ထုတ်ပြန်ကြေငြာခဲ့တာ ဖြစ်ပေလည်း ကင်မရာကိုယ်အသေးလေးထဲမှာ ထည့်ထားတဲ့ FF 24MP BSI CMOS sensor နဲ့ လုပ်ဆောင်ချက်တွေကြောင့် ရေပန်းစားခဲ့တာ ဖြစ်ပါတယ်။ ကင်မရာကိုယ်ထည်သေးပေမယ့် ဓာတ်ခဲရဲ့ စွမ်းဆောင်ရည်၊ AF စွမ်းဆောင်ရည်တွေကို မြှင့်တင်ထားပြီး 10FPS ၊ 4K 30P ရိုက်လို့ရတာတွေက လူတွေစိတ်ဝင်စားပြီး ရေပန်းစားစေတဲ့ အကြောင်းတွေ ဖြစ်ပါတယ်။
၅။ Fujifilm X-S10
ရေပန်းအစားဆုံးကင်မရာ နံပါတ် ၅ နေရာမှာတော့ Fujifilm X-S10 ကင်မရာက ရပ်တည်သွားခဲ့ပါတယ်။ ဒီကင်မရာက ဒီနှစ် အောက်တိုဘာလကမှ ထုတ်ပြန်ကြေငြာခဲ့တာ ဖြစ်ပေလည်း ကင်မရာကိုယ်အသေးလေးထဲမှာ ထည့်ထားတဲ့ IBIS နဲ့ စွမ်းဆောင်ရည်တွေကြောင့် တော်တော်လေး လှုပ်လှုပ်ခပ်ခပ် ဖြစ်ခဲ့ပါတယ်။ ကင်မရာကိုယ်ထည်သေးပေမယ့် ကိုင်လို့ကောင်းတဲ့ လက်ကိုင်နေရာအပြင် X-T4 ကင်မရာရဲ့ စွမ်းဆောင်ရည်တွေ အကုန်နီးပါးပြန်ပါနေခဲ့ပါတယ်။ X-T4 ကင်မရာအငယ်စားလေးကို US $1000 (ကင်မရာကိုယ်ထည်သီးသန့်) နဲ့ ဝယ်လို့ရစေတာကလည်း လူတွေစိတ်ဝင်စားပြီး ရေပန်းစားစေတဲ့ အကြောင်းတွေ ဖြစ်ပါတယ်။
၄။ Fujifilm X-100V
ရေပန်းအစားဆုံးကင်မရာ နံပါတ် ၄ နေရာမှာတော့ Fujifilm X-100V ကင်မရာက ရပ်တည်သွားခဲ့ပါတယ်။ ဒီကင်မရာက ဒီနှစ် ဖေဖော်ဝါရီလက ထုတ်ပြန်ကြေငြာခဲ့တာ ဖြစ်ပြီးတော့ Image Sensor အသစ်၊ မှန်ဘီလူးအသစ် ၊ အပေါ်အောက်ကစားလို့ရတဲ့ ဖော်ပြမျက်နှာပြင်အသစ်၊ ရာသီဥတုဒဏ်ခံနိုင်တဲ့ တည်ဆောက်ပုံအသစ်တွေကြောင့် X-User တွေကို ရူးခါသွားစေခဲ့ပြီး အထူးရေပန်းစားခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်ကတော့ X-User တွေကို ဗျာများစေတဲ့ နှစ်တနှစ်လို့ ပြောရမှာပါပဲ။ ထူးခြားတဲ့ X ကင်မရာအသစ်တွေကို တောက်လျှောက်နီးပါး ထုတ်ခဲ့တာမို့ ဖြစ်ပါတယ်။ ဒီ X-100V ကင်မရာက 2020 DPR Award for 'Best fixed-lens camera ဆုကိုလည်း ရခဲ့သလို DP Review editor တဦးဖြစ်တဲ့ Barney ရဲ့ his favorite gear of the year 2020 အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။
၃။ Fujifilm X-T4
ရေပန်းအစားဆုံးကင်မရာ နံပါတ် ၃ နေရာကိုတော့ Fujifilm X-T4 ကင်မရာက ရယူသွားခဲ့ပါတယ်။ ဒီကင်မရာကလည်း ဒီနှစ် ဖေဖော်ဝါရီလက ထုတ်ပြန်ကြေငြာခဲ့တဲ့ ကင်မရာဖြစ်ပါတယ်။ 26.2 Megapixel X Tran Image Sensor ၊ 20 FPS ကို AF နဲ့ တောက်လျှောက်ရိုက်ယူနိုင်တာ၊Movie 4K 60P Non Crop ရိုက်နိုင်တာ၊ ဘေးဘယ်ညာအပေါ်အောက်ကစားလို့ရတဲ့ ဖော်ပြမျက်နှာပြင်အသစ်၊ ဓာတ်ပုံပေါင်း ၅၀၀ ကျော်အထိ ဆက်တိုက်ရိုက်လို့ရတဲ့ ဓာတ်ခဲအသစ် ၊ 6.5 Stops အထိထိမ်းပေးနိုင်တဲ့ IBIS ၊ ရာသီဥတုဒဏ်ခံနိုင်တဲ့ တည်ဆောက်ပုံတွေဟာ Fujifilm ရဲ့ အမြင့်ဆုံး Flagship X ကင်မရာ ဖြစ်တယ်ဆိုတဲ့ ဂုဏ်ကို တင့်တယ်စေခဲ့ပါတယ်။ ဓာတ်ပုံသမားတွေအတွက်သာမကပဲ ၊ Movie သမားတွေအတွက်ပါ ရည်ရွယ်တည်ဆောက်ထားတဲ့ ဒီကင်မရာက X-User တွေကို ရူးခါသွားစေခဲ့ပြီး Movie နဲ့ V-logger သမားတွေကြားမှာပါ အထူးရေပန်းစားခဲ့ပါတယ်။
၂။ Pixii camera
ရေပန်းအစားဆုံးကင်မရာ နံပါတ် ၂ နေရာမှာတော့ Pixii ကင်မရာက ရပ်တည်သွားခဲ့ပါတယ်။ ဒီကင်မရာက လူတိုင်းအတွက် ရည်ဒွယ်တာ မဟုတ်ပေမယ့်လည်း ထူးခြားတဲ့ တည်ဆောက်ပုံနဲ့ လုပ်ဆောင်ချက်တွေကြောင့် လူတွေရဲ့ စိတ်ဝင်စားမှုကို ခံရပြီး အခုလိုရေပန်းစားခဲ့တာ ဖြစ်ပါတယ်။ ဖလင်ကင်မရာတလုံးလို တည်ဆောက်ထားတဲ့ ဒီကင်မရာမှာ ဓာတ်ပုံတွေပြန်ကြည့်ဖို့အတွက် LCD ဖော်ပြမျက်နှာပြင်လည်း မပါဝင်ပါဘူး။ ဖလင်ကင်မရာလို ရိုက်ရမှာပဲ ဖြစ်ပါတယ်။ Leica M mont အထိုင်နဲ့တည်ဆောက်ထားပြီးတော့ Leica မှန်ဘီလူးတွေ တပ်ရိုက်လို့ရစေမှာ ဖြစ်ပါတယ်။
၁။ Fujifilm X-Pro 3
ရေပန်းအစားဆုံးကင်မရာ နံပါတ် ၁ နေရာကိုတော့ Fujifilm X-Pro 3 ကင်မရာက သိမ်းပိုက်သွားခဲ့ပါတယ်။ ဒီကင်မရာကို ၂၀၁၉ နှစ်ကုန်ပိုင်းက ကြေငြာခဲ့တာ ဖြစ်ပါတယ်။ ထူးခြားတဲ့ တည်ဆောက်ပုံရှိတဲ့ Fujifilm X-Pro 3 ကင်မရာဟာ ဒီဘက်နှစ်တွေထဲမှာတော့ အထူးခြားဆုံး ဒီဂျစ်တယ်ကင်မရာလို့လည်း ပြောနိူင်ပါတယ်။ Rangerfinder ဖလင်ကင်မရာတလုံးလို တည်ဆောက်ထားတဲ့ ဒီကင်မရာမှာ ဓာတ်ပုံတွေပြန်ကြည့်ဖို့အတွက် LCD ဖော်ပြမျက်နှာပြင်ကိုလည်း Hideen လုပ်ထားပေးပါတယ်။ Hideen လုပ်ထားမယ်ဆိုရင် ဖလင်ကင်မရာတလုံးလို ဖလင်အမျိုးအစားနဲ့ ရိုက်ကူးရေးအချက်အလက်တွေကိုပဲဖော်ပြနေတဲ့ နောက်ထပ် Sub Monitor အသေးလေးလည်း ပါဝင်ပါတယ်။ ဒါက ဖလင်ကင်မရာနဲ့ ရိုက်နေသလို ရိုက်ရမှာပဲဖြစ်ပြီးတော့ ဖလင်ကင်မရာသုံးနေတယ်လို့လည်း ခံစားရစေမှာ ဖြစ်ပါတယ်။ အထူးအကြမ်းခံအောင် Tatanium နဲ့ တည်ဆောက်ထားတဲ့ ၊ ထူးခြားတဲ့ ဒီကင်မရာဟာ နံပါတ် ၁ နေရာနဲ့ တကယ်ပဲ ထိုက်တန်ပါတယ်။
The top 10 most popular cameras of 2020 (according to dpreview Instagram)
ဒီဂျစ်တယ်ကင်မရာနဲ့ ဆက်စပ်ပစ္စည်းတွေအကြောင်း ပြည့်ပြည့်စုံစုံ တင်ပြပေးနေတဲ့ DP Review Website ကနေ သူတို့ရဲ့ Instagram အကောင့်မှာ ၂၀၂၀ ခုနှစ်အတွက် လူတွေစိတ်ဝင်စားမှုအရှိဆုံး ၊ ရေပန်းအစားဆုံး ကင်မရာ ၁၀ လုံးကို ထုတ်ပြန်ပေးလိုက်ပါတယ်။ ဒီစာရင်းဟာ သူတို့ရဲ့ Instagram အကောင့်မှာ တက်လာတဲ့ အချက်အလက်တွေကို ယူပြီးပြုစုပေးထားတာ ဖြစ်ပါတယ်။ ဒီနှစ်မှာ ထူးခြားနေတာကတော့ ရေပန်းအစားဆုံး ကင်မရာ ၁၀ လုံးမှာ Fujifilm က (၆) လုံးအထိ ပါဝင်နေခဲ့တာပဲ ဖြစ်ပါတယ်။
အသေးစိတ် သိချင်ရင်တော့ ဒီ Link မှာ ဝင်ဖတ်လို့ရပါတယ်။
https://www.dpreview.com/.../the-top-10-most-popular...
အချက်အလက်တွေကို အဲဒီကနေ ရယူထားပါတယ်။
ကျော်ကျော်ဝင်း (X-Photographer)
အားပေးနေပါတယ်ဗျာ။
ReplyDelete