mining စလုပ်ချင်တဲ့ beginner တွေမေးတတ်တဲ့ ဘာကွိုင်တူးရမလဲ။ ဒီကွိုငါတူးရင် တနေ့ဘယ်လောက်မြတ်မှာလဲ စသဖြင့်တွေအတွက်လိုအပ်မဲ့ အချက်တွေ မှတ်မိသလောက်စုစည်းပေးလိုက်ပါတယ်။
၁- wallet တည်ဆောက်ရပါတယ်။ ကိုယ်ပိုင် software , hardware wallet , exchange ထဲကwallet စင်ပြေရာ အရင်create လုပ်ပါ။
၂-ဘာကွိုင်တူးမှာလဲ ဘယ်လောက်ရင်းရမလဲ တနေ့ဘယ်လောက်ပြန်ရမလဲ လေ့လာပါ။ ( www.whattomine.com )
၃- ဘယ်ကွိုင်က ဘယ် gpu နဲ့တူးရင် သာသလဲသိပီဆိုရင် ဘတ်ဂျက်ပေါ်မူတည်ပီး gpu ကိုရွေးပါ။
၄- hardware တွေလိုက်ဝယ်ပါ။
၅- hardware set up, windows installation, လုပ်ပါ ။
၆- mining software set up and config,
၇- စတင်တူးလို့ရပါပီ။
မှတ်ချက်။။ တွက်ချက်တာတော့ တွက်ချက်တာပေါ့။ ထိုင်ဘဲတွက်နေမယ်ဆိုရင်တော့အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ လုပ်ငန်းတိုင်းမှာ Risk ရှိပါတယ်။
တနေ့ဘယ်လောက်မြတ်မှာလဲကိုဖြေပေးဖို့ တွက်ကိန်းအတိအကျမရှိပါ။ တွက်နေကြတာတွေက လက်ရှိပေါက်ဈေးနဲ့တွက်နေကြတာ။အနာဂါတ်မှာဖြစ်လာမဲ့ ကိန်းဂဏန်းက နဲချင်နဲနေမယ်။ များချင်လဲများနေနိုင်တယ်။ ဘယ်သူမှာအာမခံမပေးနိုင်ဘူး။
လက်ရှိလုပ်နေတဲ့သူတွေဘာလို့လုပ်ကြလဲ။ သူတို့ရှေ့ကလူတွေရောဘာလို့လုပ်ကြလဲပေါ့။
ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိမှလုပ်ပါ။
ဒီကြားထဲ လူလိမ်နဲ့ ကင်းဝေးပါစေလို့ လဲဆုတောင်းပါ။
mining
သေချာပြီ.. တကယ်ဆင်တော့မယ်ဆိုရင် အောက်မှာ အသေးစိတ် လေ့လာပါ..
No comments:
Post a Comment
မင်္ဂလာပါ..