menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iPhone ၏ အသုံးဝင်​သောလုပ်​ဆောင်​ချက်​များ

iPhone ၏ အသုံးဝင်​သောလုပ်​ဆောင်​ချက်​များ 1.Reduce motion iPhone တွေမှာ motionလေးတွေနဲ့ အ၀င်အထွက်လေးတွေမှာအလုပ်လုပ်ပါတယ် ဒါကို slow motionနဲ့ videoရိုက်ကြည့်ရင်သိသာပါတယ် Reduce Motion ကို on ထားလိုက်ရင်တော့ motionလေးတွေပျောက်သွားပြီးတော့ ဖုန်းက ပိုမြန်လာသလိုထင်ရပါတယ်ဒါကိုတော့ Setting>General>Accessibility>Reduce Motionမှာ on/offလုပ်နိုင်ပါတယ် ။ 2 Reduce Transparency ပုံမှန်ဆိုရင် iPhoneတွေမှာ background အရောင်လာထင်ဟပ်လေ့ရှိပါတယ် ဥပမာဆိုရင် Accesstive Touchဆိုအရောင်ကဖျော့ဖျော့လေးပါ Grayရောင်လေးပေါ့ Reduce Transparency ကို ဖွင့်ထားလိုက်မယ်ဆိုရင်တော့ Accesstivetouchလေးက လုံးဝမဲသွားမှာပါ Folderလေးကိုဖွင့်လိုက်ရင်လင်းနေပြီး ဘေးနားကမဲသွားမှာပါ အသုံးပြုလိုတယ်ဆိုရင်တော့ Setting>General>Accessibility>Increase Contrast>Reduce Transparencyမှာ On/offလုပ်နိုင်ပါတယ် ။  3.Messages Messagesကိုတစ်စောင်ကိုမြန်မာစာ အလုံး70သတ်မှတ်ထားပါတယ် အလုံး70ထက်ကျော်သွားရင် နှစ်ဆောင်ပါ – ကျွန်တော်တို့ iphoneတွေမှာတော့ messageကို ဘယ်နှစ်လုံးရှိလဲမဖော်ပြပေးပါဘူး အဲ့တာကိုဖော်ပြစေချင်ရင်တော့ setting>messages>Character Count>onပေးနိုင်ပါတယ် အဲတာဆိုရင်တော့ ကိုယ်ရေးတာ ဘယ်နှစ်လုံးရှိလဲတွက်ပေးမှာပါ ။ 4.Stocks ကျွန်တော်ကတော့ currency exchange ကိုတော့ သုံးဖြစ်ပါတယ်ပထမဆုံးးstocks appထဲကိုဝင်လိုက်မယ်ဆိုရင်တော့ Appleတို့yahooတို့အစရှိသဖြင့်တွေ့ရမှာပါ အဲတာတွေအောက်ညာထောင့်မှာရှိတဲ့ အကြောင်းလေးသုံးကြောင်းနှိပ်ပြီး မလိုတာတွေremoveလုပ်လိုက်ပါပီးရင်တော့ ကိုယ်ADDချင်တာကို ရိုက်ရှာပါ ဥပမာ MMK=X,CNYMMK=X ကျန်တာတွေလဲရှိပါတယ် အသုံးများတဲ့နိုင်ငံတွေတော့ * USD — US Dollar EUR — Euro JPY — Japanese Yen SGD–Singapore Dollar CNY–Chinese Yuan INR–Indian Rupee USD to MMk China to MMKအဲ့နှစ်ခုတော့ MMK နဲ့တွေ့ပါတယ် Widgetအနေနဲ့လဲ သုံးလို့ရပါတယ် ။ 5.Music Music နားထောင်တဲ့ အခါ Equalizer ချိန်ပြီးနားထောင်တဲ့အခါမှာOriginal နားကျပ်နဲ့ဖြစ်ဖြစ် အခြားသူ့ထက်ပိုကောင်းတာပဲဖြစ်ဖြစ်Bass booster နဲ့နားထောင်လိုက်ရင် ပိုပြီးတော့ နားထောင်ကောင်းသလိုပါပဲ(ကျွန်တော့်အကြိုက်ပေါ့နော်)ဒါပဲ အဲတာက နားကျပ်မပါပဲနားထောင်တဲ့အခါမသိသာပဲပိုအသံကိုတိုးစေပါတယ် ကိုယ်နားကျပ်နဲ့သုံးတာများလားအပြင်မှာနားထောင်တာများလားဆိုတာကြည့်ပြီးနားထောင်ချင်ရင်တော့ Setting>Music>EQထဲမှာကိုယ်ကြိုက်တာရွေးနားထောင်လို့ရပါတယ် ။  6.Note & Photo Vault Note ထဲမှာ lockကိုတော့ ios 9.3အထက်မှာ သုံးလို့ရပါတယ်အဲ့ထဲမှာ ပုံတွေလဲ ထည့်ပီး vault လိုမျိုးသုံးလို့ရပါသေးတယ်ပုံထည့်ပြီး lockခတ်ထားရင်တော့ lockမသိပဲဖျက်လို့လဲမရပါဘူးiCloudချိတ်ထားရင်တော့ iCloudသုံးလို့ရတဲ့devicesတိုင်းမှာ note ကိုပြန်ကြည့် ပုံတွေပြန်ယူလို့ရပါတယ်အချို့vaultတွေဆို appဖျက်လိုက်တာနဲ့ အထဲက dataတွေပါ ပျက်တတ်လို့ပါ ခုနောက်ပိုင်းတော့ vaultတွေမှာလဲ Cloud storage သုံးလာကြပါပြီ အသုံးပြုချင်ရင်တော့ အရင်ပုံကို selectမှတ်လိုက်ပါပြီးရင်တော့ ဘယ်ထောင့်က မျှားလေးကိုနှိပ်ပြီး Add To Note ဆိုရင်Note ထဲရောက်သွားမှာပါပြီးတာနဲ့ Note ကို Lockခတ်လိုက်တာနဲ့ ရပါပြီ ။ 7.Magnifier Setting>Accessibility>MagnifierထဲမှာMagnifierကို onပေးလိုက်ပီးHome key သုံးချက်နှိပ်လိုက်တဲ့အခါမှာတော့ မှန်ဘီလူးလိုသုံးလို့ရပါတယ်မီးလဲဖွင့်ကြည့်လို့ရပါတယ် 8.Guided Access Guide Access သုံးမယ်ဆိုရင်တော့ Setting >Accessibility>Guide AccessကိုOnပြီးရင် passcode ကို Guide Access >passcode SettingမှာPwထည့်ထားလို့ရပါတယ် အဲ့မှာမထည့်ပဲhomekey သုံးချက်နှိပ်မှ ထည့်လဲရပါတယ် အဲတာကိုသုံးမယ်ဆိုရင် ဥပမာfbထဲရောက်နေပီးHome key သုံးချက်နှိပ်လိုက်မယ်ဆိုရင်Guide access mode၀င်သွားမှာပါ အဲဒီအခါ ကိုယ်ရောက်နေတဲ့appထဲကနေထွက်လို့မရတော့ပါဘူး pwမသိရင်ကျွန်တော်ကတော့ကလိတဲ့သူငယ်ချင်းတွေ ကိုယ့်ဖုန်းသုံးမယ်ဆို အများဆုံးလုပ်ဖြစ်ပါတယ် ။  8.Power button မနှိပ်ပဲ Power Offလုပ်လို့ရပါတယ် AssistiveTouchမှာပါတဲ့ Lockဆိုတာလေးကိုကြာကြာဖိထားပြီး Power Offလုပ်ထားလို့ရပါတယ် ။ 9.Accessibility Shortcut ကိုယ်အမြန်သုံးချင်တဲ့ Featureအချို့ကို Setting>General>Accessibility>Accessibility Shortcut မှာအမှန်ခြစ်ခြစ်ထားပြီး HomeKeyသုံးချက်နှိပ်ပြီး အမြန်ဝင်နိုင်ပါတယ် ။ 10.Close More App App Recent တွေရှင်းတဲ့အခါမှာတော့လက်နှစ်ချောင်း (သို့မဟုတ်)လက်သုံးချောင်းနဲ့တွန်းဖယ်ပြီး မြန်မြန်ဆန်ဆန်ရှင်းလင်းနိုင်ပါတယ် ။ 11.Compass Compass Appလေးမှာတော့သံလိုက်အိမ်မြှောင်အပြင် ရေချိန်ချိန်တာ ပြင်ညီချိန်တာတွေပါလုပ်လို့ရပါသေးတယ် ။ 12.Find iPhone Find iPhoneဆိုတဲ့ နေရာမှာကိုယ်ရှာချင်တဲ့ဖုန်းကို iCloud Account ၀င်ပြီးရှာလို့ရပါတယ် Account ကိုလဲ Removeလုပ်လိုက်လို့ရပါတယ် ။ 13.iPhone Storage ကိုယ့်ဖုန်းဘယ်နေရာမှာဘာတွေသုံးထားလဲဆိုတာသိချင်ရင်တော့ Setting>General>iPhone Storageမှာ Manageလုပ်နိုင်ပါတယ် ။ 14.Siri Using Siriကိုမသိတာတွေရှိရင်မေးနိုင်ပါတယ် အသံနဲ့ဖြစ်စေစာနဲ့ဖြစ်စေပါ။ ဥပမာဆိုရင်ဒီအနီးနားမှာ ဘယ်စားသောက်ဆိုင်ရှိလဲ ဘာဟိုတယ်ရှိလဲ/ခုဖွင့်ထားတဲ့သီချင်းကဘာသီချင်းလဲ ဒီလိုတွေမေးနိုင်ပါတယ် Siriကသူရသမျှအချက်အလက်တွေစုပြီး လာပြပေးပါလိမ့်မယ် ။အင်တာနက်လိုင်းတော့လိုပါတယ်  15.Volume Buttons ဓာတ်ပုံရိုက်ရင်းဖုန်းခပ်ကြီးကြီးကိုကိုင်တဲ့အခါမှာ အလယ်ကခလုတ်ကိုနှိပ်ရခက်နေရင်တော့ Volume Buttonsကိုနှိပ်ပြီး ဓာတ်ပုံရိုက်နိုင်ပါတယ် ။ 16,Siri’s Gender Siriကိုပုံမှန်ဆို မိန်းကလေးအသံနဲ့ပါ ယောက်ျားလေးအသံပြောင်းချင်တယ်ဆိုရင်တော့ Setting>SiriမှာSiri VoiceကိုMale /Femaleကိုချိန်းနိုင်သလို American/Australian/britshလေသံကိုလဲချိန်းနိုင်ပါတယ် ။ 17.Spotlight search Home screen မှာအလယ်က အောက်ကိုဆွဲချလိုက်တဲ့အချိန်မှာနဲ့ ဘေးဘက်မှာSpotlight search ကိုအသုံးပြုပြီးလိုချင်တာအားလုံးကိုအမြန်ဆုံးရှာဖွေပေးနိုင်ပါတယ် ။ 18.autofocus Lock Video ရိုက်တဲ့အချိန်မှာအထူးအသုံးဝင်သလို Photoရိုက်တဲ့အချိန်မှာလဲ တစ်ခုခုကိုပဲကြာရှည်ရိုက်ထားတဲ့အချိန်မှာ Focus ကိုlockလုပ်ထားလို့ရပြီးတစ်ခုတည်းကိုပဲ Focusဖြတ်ထားလို့ရပါတယ် ဒီလိုသုံးချင်ရင်တော့ focusလုပ်ချင်တာကိုမှတ်ပြီး ကြာကြာဖိထားလိုက်ပါAE/AF lockဆိုရင်ရပါပြီ ။ 19.Back Button iPhone တွေမှာက Back Buttonမပါပါဘူး အဲဒီလိုbackဆုတ်ချင်တယ်ဆိုရင်ဘယ်ဘက်ဘောင်ကို ညာဘက်ကိုဆွဲပြီးတော့ backပြန်ဆုတ်လို့ရပါတယ် ။ 20.Shake to Undo စာရိုက်နေတဲ့အချိန်မှာ အကုန်လုံးကိုတစ်ခါတည်းဖျက်လိုပါက ဖုန်းကိုshakeလုပ်လိုက်ပြီးundoလုပ်လိုက်တာနဲ့တစ်ခါထဲပျက်သွားမှာပါပြန်shakeလိုက်ရင်တော့ Redoဆိုတာပေါ်လာပြီး ခုန undoလုပ်ထားတဲ့စာတွေပြန်ထွက်လာမှာပါ ။  21.Custom Vibration ရိုးရိုးလာနေကျ Vibrateကြီးကိုပျင်းနေပြီးလား Custom စိတ်ကြိုက်လုပ်နိုင်ပါတယ် Setting>sound >ringtoneထဲကိုဝင်လိုက်ပါ Vibrationမှာသူပေးထားတဲ့အခြားvibrateတွေရှိသလို Creat New Vibrationမှာလဲ ကိုယ့်စိတ်ကြိုက်ထွင်ပြီးပြောင်းလဲနိုင်ပါတယ် Contact မှာမတူတဲ့vibration ,ringtoneကိုထားပြီးတော့လဲ ဘယ်သူလဲဆိုတာတန်းသိနိုင်ပါတယ် ။ 22.Assistive Touch Assistive Touchကို လိုအပ်တဲ့ Function လေးတွေ Customizeလုပ်သုံးတာဖုန်းသုံးရတာပိုလွယ်ကူစေမှာပါ Setting >general> Assistive Touch မှာ Customize Top Level Menuဆိုပြီး Custom Changeလိုရသလို Double Touch တို့မှာလဲ Screen Offလေးထားလိုက်မယ်ဆို Assistive Touch ကိုနှစ်ချက်ပုတ်ရုံနဲ့ Screen Offသွားတာ ပို Smart ကျတာပေါ့ ။ 23.MPT,Ooredoo,Telenor Sim ကတ်သုံးတဲ့အခါ Appကို Downloadဆွဲပြီးသုံးတာအကောင်းဆုံးပါ Package ၀ယ်တာပဲဖြစ်ဖြစ် Package exp dateစစ်တာပဲဖြစ်ဖြစ် Appနဲ့က အဆင်ပြေဆုံးပါ Ooredoo,Telenor Appဆိုရင်တော့ Widgets ပါထည့်ထားလို့ရပါတယ် ဒီလိုထည့်ဖို့အတွက်ဆိုရင်တော့ Widgets ထည့်တဲ့နေရာကိုသွားEditကိုနှိပ်ပြီး App ကို အပေါင်းလေးနှိပ်ထည့်လိုက်ရုံပါပဲ ဒါဆို Data ဘယ်လောက်ကျန်လဲ အလွယ်တကူသိနိုင်ပါပြီ ။ 24.keyboard 3D Touchပါတဲ့ဖုန်းတွေဆိုရင်keyboardကို3d touchနဲ့ဖိပြီးစာကိုeditလုပ်ချင်တဲ့နေရာကိုရွေးပြီးeditလုပ်လို့ရပါသေးတယ် ။  25.QR Scanner iCameraကိုလဲQR Scannerအဖြစ်လဲအသုံးပြုလို့ရပါသေးတယ် ။ 26.Control Center Control centerကိုလဲ စိတ်ကြိုက်ပြင်ဆင်ခွင့်ပေးခဲ့ပြီး screen recorderလိုမျိုးအသုံးဝင်တဲ့shortcutsလေးတွေထားလို့ရပါတယ် ။ 
#iOSTechnologies #Mandalay

No comments:

Post a Comment

မင်္ဂလာပါ..