Battery Health ကျတာ ပြဿနာ မဟုတ်ပါဘူး ၊ Battery ကုန်တာ မြန်နေတာကမှ ပြဿနာပါ။🍎
တစ်ချို့က 2လ လောက်နဲ့ 5% လောက်ကျသွားလို့ ၊ တစ်ချို့ကြတော့လဲ Second Hand (Used) ဝယ်မှာမို့ အဆင်ပြေပါ့မလား ဆိုတဲ့ သူတွေဖတ်ဖို့။🙋🏻♂️
iPhone Users တော်တော်များများက Battery Health ကျတဲ့ အပေါ် အရမ်း Serious ထားတတ်ကြတယ်။
ဟာ! ငါ့ ဖုန်းက ဘာလို့ အဲ့လောက်ကျနေတာလဲ Error တက်နေတာလား ဆိုင်ပြရတော့မှာလားဆိုတဲ့ Depression တွေအထိ ဝင်တတ်ကြပါတယ်။
(တခါတလေ သုံးနေရင်းနဲ့တောင် Battery ကုန်တာ မြန်နေရင် Battery Health ကျနေလို့ ဖြစ်တာဆိုပြီး ထင်တတ်ကြပါတယ်။ Battery ကုန်တာ မြန်နေတာ Battery Health နဲ့ မဆိုင်ပါဘူး၊ သင်နဲ့ပဲ ဆိုင်ပါတယ်။ သင်က Power Consumption များတဲ့ ၊Apps တွေ Games တွေ ဆော့နေရင်တော့ မြန်မြန် ကုန်မှာပါပဲ။
(Battery Health နဲ့လဲ ဆိုင်တာပေါ့နော် ၊ ၁၀ ပုံမှာ ၂ ပုံလောက်ပဲဆိုင်တာပါ)🗣️
iPhone များ Battery လဲထားမထား စစ်နည်း https://www.youtube.com/watch?v=yfoKokQiwuQ&t=32s
Battery Health ကျတဲ့ ပုံစံတွေက အမျိုးမျိုးရှိပါတယ်။ တစ်ချို့က 90% နဲ့ရပ်နေပြီး နောက် ၁ နှစ်လောက်ထိတောင်မကျသွားတာမျိုး ၊ နောက်တစ်မျိုးက ၁ နှစ်လောက်သုံးပြီး ငါ့ဖုန်းက Battery Health 100% က
မကျသေးဘူးလို့ ပြောနေတဲ့ သူတွေကိုလဲ စိတ်မပူပါနဲ့လို့ ကျမယ့် အချိန် ရောက်ရင် သူများထက် ပိုမြန်ပြီး ကျတတ်ပါတယ်။(စည်းကမ်းရှိရှိ ကိုင်တဲ့သူတွေကို မဆိုလိုပါဘူး)😁
စည်းကမ်းရှိရှိ ဆိုတာက မိမိ ဖုန်းကို ကြုံရာ Adapter နဲ့ မသွင်းဘူး Original Adapter, Wireless Charger တွေနဲ့ပဲ သွင်း ၊ အားကို 15% အောက် ရောက်အောင် မသုံးတဲ့သူတွေကိုပြောတာပေါ့နော်။ တစ်ချို့ကျတော့ Third-Party Adapter တွေ Wireless Charger တွေနဲ့သွင်း Power Bank ကို အချိန်တိုင်းတပ်ထားတဲ့ သူတွေရဲ့ iPhone ဆိုရင် Battery Health ကျဖို့ဆိုတာ Flash ထက်တောင်မြန်နေမှာပါ။ Battery Health 80% အောက်ကျနေပြီဆိုရင်တော့ Service ပေးတဲ့ဆီကို ပြပြီး Battery အသစ်လဲလိုက်ပေါ့နော်။ ကို်ယ့်ဖုန်းက Region လဲ ဝင်တယ် သူတို့သတ်မှတ်ထားတဲ့ အရာတွေနဲ့လဲ ကိုက်ညီတယ်ဆိုရင် လဲပေးပါတယ်။
Battery Health က 99% လောက်ရှိနေပြီး အားကုန်တာ Flash လို မြန်နေရင်တော့ Service Center ကို GO! ပေတော့ပဲ။ ပြောချင်တာက Battery Health ကျတယ်ဆို အဓိက ပြသာနာ မဟုတ်ပါဘူး။ Battery အကုန်မြန်နေတာကမှ တကယ့် ပြသာနာ။ 🧐
Second Hand (Used) အလုံးတွေ ဝယ်မယ်ဆိုရင်တော့ နည်းနည်း သတိထားပေါ့ဗျာ။ အရင်လူက ဘယ်လို သုံးခဲ့လဲပေါ်မှာမူတည်တယ်။ ကိုယ့်ဆီစရောက်တော့ 95% လောက်နဲ့ 1 လလောက်လဲနေရော 87% လောက်ဖြစ်သွားရော အဲ့လိုတွေလဲ ရှိတတ်ပါတယ်။
Experience တွေကို ခြုံငြုံပြီး ရေသားထားတာပါ။ တစ်ချို့တစ်လေနဲ့ သဘောထား ကွဲလွဲ သွားရင်လဲ စိတ်မဆိုးကြပါနဲ့လို့ ပြောချင်ပါတယ်။ အခုလိုမျိုး Content တွေ နောက်အများကြီး ရေးပေးနိုင်အောင် အားပေးကြပါအုံး။✌🏻
#appleleakermyanmar
ကျေးဇူးအထူးပါဗျို့
ReplyDelete