menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Cross Cable ကြိုးပြုလုပ်နည်း

 


    ကွန်ပျူတာ ၂လုံးတည်း ချိတ်ဆက်မယ်ဆိုရင်တော့ UTPကြိုးကို အသုံးပြုပြီး Cross Cable တစ်ခု ပြုလုပ်ပြီး ချိတ်ဆက်ရမှာဖြစ်ပါတယ်။
     💻ကဲစလိုက်ရအောင်💻
    အရင်ဆုံး UTP ကြိုးကိုဖွာထုတ်ပြီး ပါဝင်တဲ့ ကြိုးမျှင်လေးတွေကို အရောင်အစဉ်အလိုက် စီစဉ်ထားရပါမယ်။ကြိုးမျှင်အရောင်အလိုက် စီစဉ်ပုံကတော့ ကြိုးစတဖက်မှာ ဖြူစိမ်း၊ စိမ်း၊ ဖြူလိမ်၊ပြာ၊ ဖြူပြာ ၊ လိမ် ၊ ဖြူညို၊ ညို စတဲ့ကြိုးမျှင်အရောင်အတိုင်းပဲ ဘယ်ဘက်ကနေညာဘက်အထိ ဖော်ပြသတ်မှတ်ရမှာဖြစ်ပြီး



ကျန်ကြိုးစ တဖက်မှာလည်း ဖြူလိမ်၊ လိမ်၊ ဖြူစိမ်း ၊ပြာ၊ ဖြူပြာ၊ စိမ်း၊ဖြူညို၊ ညို ဆိုပြီး ဘယ်ဘက်ကနေ ညာဘက်အထိ သတ်မှတ်ရမှာဖြစ်ပါတယ် အဲ့လိုကြိုးစ ၂ဖက်စလုံးကို စီစဉ်သတ်မှတ်ပြီးရင် ကြိုးစ တဖက်စီမှာ RJ 45 Jack ခေါင်းတခုစီထဲကို ပုံပါအတိုင်း ထိုးသွင်းလိုက်ပါ

🚨🚨⚠️သတိပြုရန်
ခေါင်းထိုးရာတွင် မကျော်အောင်ဂရုစိုက်ပါ။
ကြိုးစတွေကိုထိပ်အထိရောက်အောင်သေချာထိုးပေးပါ
ပြီးရင် Crimming Tool ဆိုတဲ့ ကိရိယာနဲ့ RJ 45 Jack ခေါင်းတွေကို တစ်လှည့်စီ ဖိကိုက်လိုက်ပါ။
 ကြိုးစထိပ် ၂ဖက်စလုံးကို RJ 45 Jack ခေါင်းများ တပ်ဆင်ပြီးရင် ပုံပါအတိုင်း Cross Cable ကြိုးတကြိုး ရရှိလာပြီဖြစ်ပါတယ်။
AUNG MYANMAR (CCTV And IT Solutions)

No comments:

Post a Comment

မင်္ဂလာပါ..