menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Xiaomi ဖုန်းတွေကို China To Global Rom ပြောင်းနည်း

xiaomi ဖုန်းများကို China Rom မှ Global Rom ပြောင်းနည်းလေးပါ.. အရင်ဆုံး.. PC လိုအပ်ပါသည်။ PC တွင် Internet ရှိရပါမယ်။ ဖုန်းအတွင်းရှိ Data အကုန်ပျက်တာကြောင့် အရင်ဆုံး backup လုပ်ထားကြပါ။ မိမိဖုန်းက လက်ရှိတွင် china Rom MIUI ဘယ် version လဲ အရင်ကြည့်ပါ MIUI အမြင့်မှ အနိမ့်သို့ တင်မရပါ တင်မိလျှင် antirollback error ဖြစ်ပြီး အန္တရာယ်ရှိတာ သတိပြုပါခင်မျာ... MIUI အနိမ့်ကနေ အမြင့်ကို တင်ပါက ပြသနာ မရှိပါ လိုအပ်သော ဖိုင်များ download ချပါ အားလုံး ၃ ဖိုင် လိုပါတယ် 1. Mi flash tool 2. Mi unlock bootloader tool 3. Global rom ( အောက်မှာ note 8 နဲ့ note 8 pro ၂မျိုးလုံးအတွက် ပေးထားပါတယ်။ 
 မိမိဖုန်းအလိုက် ၁ ခုသာ download ဆွဲရန် လိုအပ်ပါသည်) Mi Flash tool download link https://androidmtk.com/download-xiaomi-mi-flash-tool Mi unlock bootloader tool download link https://mi-globe.com/download-xiaomi-mi-unlock-tool-all.../ Redmi Note 8 အတွက် Redmi Note 8 Global Rom V11.0.3.0 https://bigota.d.miui.com/.../ginkgo_global_images_V11.0... Redmi note 8 pro အတွက် Redmi Note 8 Pro Global Rom MIUI Version 11.0.2.0 http://bigota.d.miui.com/.../begonia_global_images_V11.0... Rom ဖိုင် ‌ဒေါင်းပြီးပါက .tgz ဖိုင်ဖြစ်နေပါလိမ့်မယ်... 
အောက်မှာတော့ တခြားသော mi Phone များအတွက်ပါ.. မိမိဖုန်းမော်ဒယ်ကြည့်ပြီး ဒေါင်းနိုင်ပါတယ်..
 ထို ဖိုင်ကို computer ရဲ့ C သို့ D အောက်သို့ပို့ထားပါ ထိုနောက် .tgz ဖိုင်ကို select > right click > extract here နှိပ်ပါ folder အသစ်တခုရလာပါမယ်. ထို folder ကို ဖွင့်ကြည့်ပါက အောက်ပါပုံအတိုင်းဖြစ်မဖြစ် စစ်ပါ flash လုပ်သည့်အခါ ထို folder ကို ရွှေးပေးရမှာ ဖြစ်ပါတယ်.... အောက်တွင် video ကြည့်ရန် Link ပေးထားပါသည်။ လုပ်ဆောင်ချက်အဆင့်ဆင့် ပထမဆုံး Mi unlock bootloader လုပ်ဖို့လိုပါသည်။
 
 Mi unlock bootloader လုပ်နည်း 
 
 Internet ဖွင့်ထားပါ။ ဖုန်းတွင် Mi account မထည့်သေးရင် mi account ထည့်ပေးပါ Setting >> My device >> All specs >> MIUI version ကို ၇ ချက် နှိပ်ပါ You are now a developer ဆိုတဲ့ စာတန်း ပေါ်လာပါလိမ့်မည် ထို့နောက် Additional setting ထဲသို့ သွားပါ Developer options >> Mi Unlock status Add account and ....... ကို နှိပ်ပါ ထို့နောက် usb debugging ကို on ပေးပါ Install via USB ကို on ပေးပါ Power off ပါ Volume down + power တွဲနှိပ်ထားပါ Fastboot လို့ပေါ်လာပါက ကွန်ပျူတာနဲ့ ချိတ်ပါ Computer တွင် Mi unlock tool ကို ကြိုတင် install ထားပါ Mi unlock tool တွင် ဖုန်းတွင်ထည့်ထားသည့် mi account ကို ဝင်ပြီး unlock လုပ်ပါ။
 
 စောင့်ရမည့် အချိန်ပေါ်လာပါလိမ့်မယ် 161 hours 167 hours စသဖြင့် စောင့်ရပါတယ် တလုံးနဲ့တလုံး စောင့်ရချိန်မတူပါ သတ်မှတ်ချိန်အလိုက် စောင့်ပြီး unlock ပြန်လုပ်ပါ 100% ပြည့်သည်နဲ့ reboot ပေါ်လာရင် နှိပ်ပေးပါ ဖုန်း reboot ဖြစ်ပြီးလျှင် Developer options ထဲက Mi unlock status ကို သွားစစ်ပါ This device is unlocked လို့ပြရင် ရပါပြီ ဖုန်းတွင် usb debugging ပြန်ဖွင့်ပေးပါ install via usb ပြန်ဖွင့်ထားပါ Mi account ကို ပြန်ထည့်ပေးပါ ထို့နောက် ဖုန်းကို power ပိတ်ပါ Fastboot mode ဝင်ပြီး ကွန်ပျူတာနှင့်ချိတ်ပါ computer တွင် Mi flash took ကို ဖွင့်ပါ Computer မှာ Mi flash tool တွင် refresh နှိပ်ပါ select ကို နှိပ်ပြီး rom file ထည့်ထားသောနေရာကို ရွှေးပေးပါ။ Rom file ကို partition C or D အောက်တွင်ထားပါ။
 
 ဥပမာ > C:\gingo.... ပုံစံ ဖြစ်အောင်ထားပေးပါ။ သို့မဟုတ်ပါက cannot find such file or directory ဆိုသော error ဖြစ်တတ်ပါတယ်.. file name မှာ space ပါရင်လည်း ဖြစ်တတ်ပါတယ်... clean all ကို ရွှေးပေးရန် သတိပြုပါ ညာဘက်အောက်ခြေနားတွင် ရှိပါတယ် Clean all ကို ပြောင်းပေးဖို့ မမေ့ပါနဲ့ ပြီးလျှင် flash ကို နှိပ်ပါ 10 မိနစ် ဝန်းကျင် ကြာနိုင်ပါတယ် ဖုန်း boot တက်လာရင် အဆင်ပြေပါပြီ။ (Redmi Note 8 / 8 pro နှင့်စမ်းသပ်ထားခြင်းဖြစ်ပါသည်..) အောက်က Youtube video ‌လေးအရင် ကြည့်ပါဗျ အဆင်ပြေပါစေဗျာ.. မူရင်းပိုင်ရှင်အား Credit ပေးပါတယ်.. Video ကြည့်ရန် link https://www.youtube.com/watch?v=VDiqW4Ue86c&t=2s Credit

No comments:

Post a Comment

မင်္ဂလာပါ..