menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Magic Mouse ဟာ သာမန် Mouse တွေထက် ဘာတွေသာနေလဲ

Magic Mouse ဟာ သာမန် Mouse တွေထက် ဘာတွေသာနေလဲ..

အထင်ရှားဆုံးက Price ပါ.. စျေးကိုပြောလိုက်ရင် ကျွန်တော်တို့ တွန့်သွားတာပါပဲ။ 

ဒါပေမယ့် Magic Mouse က ခေတ်ရှေ့ပြေးတာတော့အမှန်ပါ။ Magic Mouse ကိုသုံးဖူးတဲ့သူကတော့ သာမန် mouse တွေကို ကြိုက်တော့မှာမဟုတ်ပါဘူး။

ဒါပေမဲ့ ဘာ function တွေပါလို့ ဒီလောက်စျေးပေးရတာလဲဆိုတာကို မသိသေးတဲ့သူများအတွက် အသုံးဝင်တဲ့ပုံတွေကိုပြောပြချင်ပါတယ်။

ပထမဆုံးအနေနဲ့က Rechargable battery ပါ။ ဓာတ်ခဲတွေထည့်စရာမလိုတော့ပဲ ၂ မိနစ် အသွင်းတာနဲ့ ၃ နာရီလောက်သုံးလို့ရမယ်။ အားအပြည့် ၂ နာရီသွင်းထားရင် ၁ လကျော်ခံပြီး ဒီပြဿနာက battery အပိုမဝယ်ထားမိလို့ mouse မသုံးရတဲ့ပြဿနာကင်းပါမယ်။

နောက်တစ်ခုက ချိတ်ဆက်ပုံ အရမ်းလွယ်ပါတယ်။

အားသွင်းတဲ့ Lightning cable ကို ကိုယ့် Mac မှာတပ်ပေးလိုက်တာနဲ့ တန်းချိတ်ပါတယ်။ ပြီးရင် ပြန်ဖြုတ်သုံးရုံပါပဲ။

Cable ချိတ်စရာ USB အပေါက်မပါတဲ့ MacBook တွေဆိုရင်တော့ bluetooth setting မှာ သွား pair လိုက်ရုံပါပဲ။

ဘယ်လိုချိတ်ချိတ် တစ်ခါချိတ်ပြီး တစ်သက်သုံးရုံပါပဲ။ Easy ပါ။ ပုံမှန် mouse တွေထဲက bluetooth stick လေး​ပျောက်တတ်တဲ့ ပြဿနာကင်းပါတယ်။

လာပါပြီ Main Function!

Magic Mouse က mouse လိုတင်မကဘူး track pad လိုပါသုံးလို့ရပါတယ်။ Mouse + Track pad ပါ။ ဒါက Magic Mouse ရဲ့ တကယ့် main function ပါပဲ။

Mouse ပေါ်က Track pad က smart gesture တွေသုံးလို့ရတဲ့အပြင် smart zoom တို့ web surface side switch တို့ကိုသုံးရတာကဘယ် mouse မှာမှမရတဲ့ function တွေပါ။ Tracking Speed ကိုလည်း customized ထားလို့ရမယ်။ Detail တိကျပြီးတော့ ကိုယ့်ရဲ့ Mac Surface ကို Touch screen လိုသုံးလို့ရနေမှာပါ။ Scroll လုပ်ရတာလည်း ဖုန်းတစ်လုံးကို အပေါ်အောက်ဆွဲနေသလိုလုပ်ရုံပါပဲ။ Traditional clicky style သုံးချင်လဲ ဒီ function တွေကိုသွားပိတ်လို့ရပါသေးတယ်။ ဒါပေမယ့် more easier ဖြစ်တဲ့ ဒီ function တွေကို မသုံးပဲတော့ မဝယ်ပါဘူး။ 

Magic Mouse ကိုဝယ်ပြီး window မှာတော့သုံးလို့မရပါဘူး။ MacOS မှာပဲရပါတယ်။

ပြောရရင် Magic Mouse က တကယ် Magic ဆန်ပါတယ်။ ပုံမှန် သုံးနေကျ Mouse နဲ့လားလားမှမဆိုင်တဲ့ mouse တစ်ခုပါ။

ဒါတောင် Magic Mouse 2 ကလွန်ခဲ့တဲ့ ၅ နှစ်တည်းက ထွက်ထားတာဖြစ်ပြီးတော့ အခုထိ ခေတ်ရှေ့ပြေးနေချက်ပါပဲ။ နောက်နှစ်ကို Magic Mouse 3 ထွက်လာမယ်လို့လည်းကြားပါတယ်။ ဘာ function တွေပါလာမလဲတော့မသိသေးပါဘူး။ 

စျေးနှုန်းကတော့ Silver အရောင်က စျေးပိုသက်သာမယ်။ Space Grey ဆိုရင်တော့ $20 ပိုပေးရဦးမှာပါ။ 🤧

ရေးသားသူ - Pyae Htoo Khant (iP Apple Products)

No comments:

Post a Comment

မင်္ဂလာပါ..