M1 MacBook air အပေါ်သုံးသပ်ချက်
.
.
Apple ရဲ့ Macbook Air အသစ်ကအတော်လေးကို စိတ်လှုပ်ရှားလောက်အောင်ကို မြန်ပါတယ်။Web Browse လုပ်မှာ လား ? Load များတဲ့site ကို ကြည့်မယ်ဆိုရင်တောင် သင်မြင်ဖူးသမျှ laptop တွေထက် မြန်နေတာ တွေ့ရမှာပါ။Game တစ်ချိူ့ ဆော့မှာလား? no fan noise နဲ့ ultraportable တိုင်းကို နောက်ကောက်ချန်စေခဲ့ ပါတယ်။Battery life ကလဲ တစ်နေ့လုံးကောင်းကောင်း သုံးနိုင်မှာဆိုတော့ ဒီအတွက်ပူစရာမလိုပါဘူး။Macbook air ကိုသုံးကြည့်လိုက်တဲ့ အခါ တစ်ချိန်လုံး ultraportable တွေဆီက မျှော်လင့်လို့မရတဲ့ အရာတွေ ရလိုက်သလို ခံစားရပါတယ်။ဒါတွေက Apple ရဲ့ M1 SOC ကြောင့်ဖြစ်ပြီး ကိုယ်ပိုင် Mobile chip တွေကို ဆယ်စုနှစ် ကျော်ထုတ်လုပ်ပြီးနောက်မှာ Mac တွေမှာစတင်သုံးနိုင်လာပြီး အထင်ကြီးလောက်အောင် အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ Intal ကို မလိုတော့လောက်အောင် သက်သေပြနိုင်ခဲ့ပါတယ်။
M1 SOC ကြောင့် MacBook air ဟာ most refined ဖြစ်တဲ့ ultraportable ဖြစ်ပါတယ်။ အတော်ကို မြန်ပြီး no fan ဖြစ်တဲ့ အတွက်လုံးဝကို silent ဖြစ်ပါတယ်။iPhone and iPad တွေလို software and hardware unify လုပ်တဲ့ ပထမဆုံး step ဖြစ်ပေမဲ့ result ကတော့ မထင်မှတ်လောက်အောင်ပါပဲ။
ဒီလိုပြောင်းလဲမှုမျိုးက ခုမှမဟုတ်ပါဘူး။ 2005 တုန်းက Apple ဟာ Mac Platform မှာ Motorola CPUs တွေကနေ Intel chip တွေကို ပြောင်းလဲခဲ့ပါတယ်။ရုတ်တရက်တော့ အားလုံးက Mac တွေဟာ Window PCs တွေနဲ့ သိပ်ကွာမှာမဟုတ်ဘူးလို့ထင်ခဲ့ကြတာပါ။Intel partnership က Apple အတွက် ကောင်းကောင်း အလုပ်ဖြစ်ခဲ့ပါတယ်။2008 မှာ original Macbook Air နဲ့ Unibody Macbook pro တွေကို မိတ်ဆက်နိုင်ခဲ့ပြီး laptop တွေ အတွက် design standard အသစ်နဲ့ ultraportable ခေတ်ကို စတင်ခဲ့တာပါ။Apple က ဆယ်စုနှစ် လောက်ထိ iPhone , iPad တွေ အပေါ်မှာပဲ အာရုံစိုက်ထားခဲ့ပြီး Mac တွေပေါ်မှာတော့ သိပ်ပြီး အာရုံမထားခဲ့ပါဘူး။ TouchBar ကတော့ အမိုက်စားဖြစ်ခဲ့ပေမဲ့ error များတဲ့ butterfly keyboard ကို ခေါင်းမာမာနဲ့ပဲ အတော်ကြာ ဆက်သုံးခဲ့ပါတယ်။ဒါကြောင့် M1 က မှန်ကန်တဲ့ ပြောင်လဲမှုလို့ပြောမယ်ဆိုရင် ပြောလို့ရပြီး Apple က Macs ကို CPU နဲ့အဆင်ပြေအောင် innovate လုပ်ဖို့ ဦးတည်လာပြီလို့ပြေရမှာပါ။
Design ပိုင်းကတော့ အရင် model အတိုင်းပဲဖြစ်လို့ သိပ်တော့ ပြောစရာမရှိပါဘူး။ အဲဒါကြောင့်လဲအခြားပြိုင်ဖက်တွေလို တော့ bezel တွေကမသေးပါဘူး။ဒါပမဲ့လဲ Premium materials သုံးတာနဲ့ သေသပ်တိကျတဲ့ လက်ရာ design ကြောင့် နှစ်အတော်ကြာ အဆင်ပြေနေခဲ့တာပါ။လက်ထဲကိုင်လိုက်တာ နဲ့ $1000 ထက်ကိုတဲ့ feel ကိုခံစားရပါတယ်။ Macbook Air က ကြည့်လို့ကောင်းရုံတင်မဟုတ်ပါဘူး လက်တွေ့မှာလဲ အဆင်ပြေအောင် design ထုတ်ထားတာပါ။Slim laptop တွေရဲ့ ပြဿနာက lid ဖွင့်ရခက်တာပါ။ XPS 13 မှာတောင်သိပ်အဆင်မပြေချင်ပါဘူး။ Air မှာတော့ ဒီလိုမဟုတ်ပဲ လက်တစ်ချောင်းတည်းနဲ့တောင် ဖွင့်လို့ရပါတယ်။ Design ကောင်းပေမဲ့ နောက် Version မှာတော့ XPS ထက်မဟုတ်တောင် bezel တွေကိုတော့ ချုံ့သင့်နေပါပြီ။ ခုလောဆယ်တော့ Macbook Air က Dell XPS ထက်ကြီးပေမဲ့ Microsoft surface Laptop 3 ထက်တော့ compact ဖြစ်နေပါသေးတယ်။Port တွေ အနေနဲ့ ဘယ်ဖက်မှာ USB-C Thunderbolt 3 နှစ် ပေါက်ပါဝင်ပါတယ်။ ကျွန်တော်ကတော့ ဒီ နှစ်ပေါက်ကို တစ်ဖက်တစ်ပေါက်ပြောင်းပေးရင်ပို အဆင်ပြေမယ်လို့ ထင်ပါတယ်။ညာဖက်မှာတော့ Headphone Jack ကိုတွေ့ရမှာပါ။ အခြား Laptop တွေက Thunderbolt 4 ကို သုံးနေတဲ့အချိန်မှာ Air ကThunderbolt 3 ဆိုတော့ အားနည်းချက်လို့ပြောလို့ရပေမဲ့ လူအများစုကတော့ ဒီနှစ်ခုခြားက ကွာခြားမှုကို သိပ်သတိထား မိမယ်မထင်ပါဘူး။ Security အတွက်တော့ အရင် model လိုပဲ Keyboard ညာဖက်အပေါ်ဖက်ထောင်မှာ အတော်မြန်ပြီး reliaby ဖြစ်တဲ့ fingerprint sensor ပါဝင်ပြီး Face ID Feature တော့ မပါပါဘူး။ နောက်နှစ် တွေမှာ pro Model မှာပဲဖြစ်ဖြစ် Face ID ပါလာနိုင်ပါတယ်။
Display မှာ အဓိက ပြောင်းလဲသွားတာက P3 color gamut support ပါလာတာပါ။ဒါကြောင့် 13.3-inch 2560x1600 p ရှိတဲ့ Macbook Air ရဲ့ Retina Display ဟာ ပိုပြီး vivid ဖြစ်လာတာကို တွေ့ရမှာပါ။ standard use အတွက် DCI P3 color gamut က 81% လောက်ရှိပြီး ရင် model က 80%, Dell xps 13 က 69.4% ပဲရှိပါတယ်။ဒါပေမဲ့ surface Laptop 3 က 86% ဆိုတော့ သူကပိုများပါတယ်။ Brightness ကတော့ 366 nit ဆိုတော့ အရင် model ထက်ကော Dell xps 13, surface Laptop 3 ထက်လဲ နည်းတယ်ဆိုပေမဲ့ outdoor အတွက်တော့လဲ အဆင်ပြေပါတယ်။
Keyboard ကလဲ ရင်းနီးပီးသားဆိုတော့ ထွေထူးတော့ ပြောစရာလိုမယ်မထင်ပါဘူး။ Butterfly ဟာ Mac တွေမှာ မသုံးတော့တာအတော်ပဲ အဆင်ပြေသွားပါတယ်။ အတာနဲ့အတူ arrow key တွေက T-inverted ပုံပြန်ဖြစ်သွားတာကတော့ ကျွန်တော့ အတွက် အကြိုက်ဆုံးပါ။Keyboard က ရိုက်ရတာ comfortableဖြစ်ပြီး keys တွေက clicky ဖြစ်သလို actuateဖြစ်ဖို့ကလဲ အဆင်ပြေတဲ့ အနေလောက်ပါပဲ။ ဒါပေမဲ့ shallow ဖြစ်တဲ့ အတွက် မကြိုက်တဲ့သူတွေလဲရှိမှာပါ။Apple က function key တစ်ချို့ကိုလဲ့ ပြောင်းထားပါတယ်။ Keyboard backlighting Key, Launchpad key တွေအစား Dictation, Do not Destrub and spotlight function တွေ ပြောင်းထားပါတယ်။ Trackpad ကတော့ အရင်လိုပဲ ပြိုင်ဖက်ကင်းကောင်းနေတုန်းပါပဲ။Audio Quality အနေနဲ့ကတော့ ပါးလွှာတဲ့ laptop တွေမှာဆို ပုံမှန်တော့ အသံက ပါးတတ်ပေမဲ့ MacBook Air မှာတော့ ဒီလိုမဟုတ်ပါဘူး။ Keyboard တစ်ဖက်တစ်ချက်မှာ ရှိတဲ့ Top-firing stereo speaker တွေက အတော်လေးကောင်းပြီး ကျယ်ပါတယ်။အသံတွေက သေသပ်ပြီး detail ကြားရပါတယ်။instrumental တွေမှာဆိုလဲ separate အတော်ကောင်းပါတယ်။Pro model လောက် မကောင်းဘူးဆိုပေမဲ့ ပါးလွှာတဲ့ Laptop တွေမှာ သင်ထင်ထားတာထက် ပိုပြီး depth ဖြစ်ပါတယ်။
WebCam ကတော့ Phone တွေလောက်မကောင်းသေးပေမဲ့ Laptop တွေထဲမှာ အကောင်းဆုံးလို့ပြောလို့ရပါတယ်။
Apple ရဲ့ ကိုယ်ပိုင် hardware နဲ့ Software တွေပေါင်းစပ်မှုဟာ အဓိက Selling Point ဖြစ်တာ iPhone , iPad တွေမှာထဲက သိပြီးသားပါ။ခုတော့ Apple ဟာ ဒီလိုတူညီတဲ့ ပေါင်းစပ်မှု ကို Macs တွေဆီလို ယူလာပါပြီ။ပထမဆုံး M1 သုံးထားတဲ့ Macbook Air ကို စသုံးကြည့်တော့ အတော်လေးကို surprise ဖြစ်စေပြီး iPad Pro ကိုသုံးရတာနဲ့ အတော်လေးဆင်ပါတယ်။လုပ်ဆောက်ချက်တစ်ခုပြီးတာနဲ့ နောက်တစ်ခု အဆင်သင့်ဖြစ်နေသလိုမျိုး အတော်လေးကို responsive ဖြစ်တာပါ။အထူးသဖြင့် M1 အတွက် Natively built ထားတဲ့ Safari လို App တွေဆိုရင် iPad apps တွေ launch လုပ်သလိုမြန်ပါတယ်။ Safari ကလဲ Computer ပေါ်မှာ အကောင် ဆုံး Browsing experience ကိုပေးတယ်လို့တောင်ထင်ရပါတယ်။ Sites တွေ load တက်တာ မြန်စေသလို, animation တွေလို complex ဖြစ်တဲ့ Web page တွေမှာဆိုလဲ အတော်ကို ချောမွေ့ တာပါ။
Apple ရဲ့ 17th edition long-running desktop OS, ဖြစ်တဲ့ macOs BigSur ကလည်း M1 အတွက် fully optimized လုပ်ထားပြီးသားပါ။Finder တွေ system menus တွေကို သုံးနေရင် သင်ဒါကို သတိပြုမိမှာပါ။ Apps တွေ swapping လုပ်တာ တွေမှာ လေးလန် နေတာမျိးတွေရှိမှာမဟုတ်သလို သင်က lid ကိုဖွင့်လိုက်နဲ့ Macbook air က wake up ဖြစ်နေပါတာကိုတွေ့ရမှာပါ။သုံးကြည့်ရသလောက်တော့ အရင်ကလို့ နှေးတာတွေဘာတွေ မတွေ့ရပါဘူး။
M1ကို ပြောင်းတဲ့ အခါမှာ architecture အသစ်အတွက် fully utilize ဖြစ်ဖို့ သူတို့ software ကို rebuild လုပ်ဖို့လိုပါလိမ့်မယ်။M1 က mobile device တွေမှာ တွေ့ရတဲ့ ARM design အပေါ်အခြေခံထားတဲ့ 8 core chip တွေဖြစ်လို့ ဒါကနောက်ကွယ်က အကြီးမားဆုံး မတူညီတဲ့ အချက်ပါ။4 က performance , 4 က efficiency core ပါ။ Chip က unified memory architecture ဖြစ်လို့ expand လုပ်လို့ မရပါဘူ။ RAM က GPU နဲ့ CPU ကြားမှာ Shared လုပ်ပါတယ်။Apple က intel x86 အတွက် ထုတ်ထားတဲ့ Apps တွေကိုတော့ မစွန့်လွှတ်ပါဘူး။လုပ်လို့လဲမရသေးဘူးလေ။Rosetta 2 emulator က ဒီ Old App တွေကို run လို့ရအောင်လုပ်ပေးပြီး ကျွန်တော်သုံးကြည့်ရသလောက်တော့ သိသိသာသာ နှေးတာတို့ ကြာတာတို့ မရှိပါဘူး။Chrome လို App တွေ Rosetta မှာ launch လုပ်ရတာမြန်သလို Intel mac မှာ သုံးသလိုပဲ အဆင်ပြေပါတယ်။ Tab 25 ခုလောက် ဖွင့် တာတောင် လေးတာမရှိပဲ အတော်လေးအဆင်ပြေပါတယ်။ Dell ရဲ့ XPS 15 မှာတောင် သိပ်အဆင်မပြေချင်ပါဘူး။ Google ရဲ့ Browser က web page တွေ loading လုပ်တဲ့အခါမှာ တော့ Safari ထက်တော့နောက်ကျကျန်ခဲ့ပါတယ်။ဒီintel app တစ်ချို့ကို emulated run တာက Window PCs တွေမှာထက်ပိုမြန်တယ်လို့တောင်ခံစားရပါတယ်။တစ်ချို့ App တွေကို run လို့ အဆင်မပြေသေးဘူးဆိုပေမဲ့ M1 Macbook Air ဟာ App တိုင်းလိုလို ကို အေးအေး ဆေးဆေး handles လုပ်နိုင် ပါတယ်။ Apple က App တွေ အားလုံး optimize လုပ်ပြီး transition လုပ်ဖို့ 2 နှစ်လောက်အချိန်ယူရမယ်လို့ဆိုပေမဲ့ ထင်ထားတာထက်ပို မြန်နိင်ပါတယ်။ Adobe LightRoom ဆို native Run နိုင်ပြီ ဖြစ်ပြီး, photoshop ကတော့ beta vision တွေရနေပါပြီ။ Microsoft Office တွေဆိုရင်လဲ Develop လုပ်နေပြီဖြစ်လို့ 2021 ထဲမှာ ရနိုင်မှာပါ။ M1 Chip ကြောင့် iPhone , iPad App တွေကို Mac တွေပေါ်မှာ Run နိုင်သွားပါတယ်။I iOS App တိုင်းကို တော့ Mac App store မှာတွေ့ရဖို့တော့ မမျှော်လင့်ပါနဲ့။ Developers တွေက သူတို့ App တွေကို MacOs နဲ့ သီးသန့် ခွဲထားချင် နိုင်တာမလို့ပါ။
Overall performance မှာ MacBook Air က 11 Gen XPS 13 ထက် 10%ကျော်, sufrace laptop 3 10 Gan ထက် 20% လောက်ပိုကောင်းတာတွေ့ရပါတယ်။ handbrake နဲ့ 4K video ကို 1080p convert လုပ်ကြည့်သလောက်တော့ Macbook air က 12 min ဝန်းကျင် ရှိပြီး။ XPS တုန်းက 18min ဝန်းကျင်, Surface Laptop 3 မှာတော့ 25 min လောက် ကြာပါတယ်။ SSD speed ကို Apple က နှစ်ဆမြန်တယ်လို့ပြောတုန်းက အဲလောက်မဟုတ်ဘူးထင်ခဲ့တာပါ။ SSD တွေက အခြား storage drive တွေထက် မြန်ပီးသားပါ။ Macbook တွေက SSD တွေကလဲ အခြား device တွေထက်လဲ မြန်လေ့ရှိပါတယ်။ MacBook Air အရင် Model က 1300 Mbps လောက်ရှိတဲ့ အချိန်မှာ XPS 13 က 805 Mbps Surface Laptop 3 က 780 Mbps လောက်ရှိပါတယ်။ ဒီ M1 Macbook Air မှာတော့ 2893 MBps လောက်ထိ ရှိတာတွေ့ရပါတယ်။ တစ်ကယ်ကို နှစ်ဆ ပါ။
M1 က Macbook air တွေမှာ အရင်က မကြားဘူးတဲ့ Gaming Performance ကို ပေးနိုင်ပါတယ်။ဒီ 8 core Soc က intel integrated graphic တွေထက်အတော်ကို ကောင်းတာတွေ့ရပါတယ်။Pathless လို Apple Arcade title Game တွေကို 60 fps နဲ့ PC ပေါ်မှာလိုပဲ smooth ဖြစ်တာတွေ့ရပါတယ်။iPhone, iPad ရဲ့ A series chip တွေမှာလဲ မြင်ပြီးသားပါ။Air လို ultrathin matchine တွေမှာ ဒီလို 3D title တွေကို ကောင်းကောင်းဆော့ လို့ရတယ်ဆိုတာတော့ အထူး အဆန်းပေါ့။ Performance ကတော့ Window loaptop အများစုထက်ကို ပို မြန်နေတာက လုံးဝ အံ့အားသင့်စရာ ပါ။ ဒါတောင် M1 ရဲ့ အနိမ့်ဆုံး version macပါ။ဒါကြောင့် Pro model နဲ့ နောက်ထွက်မဲ့ Mac တွေမှာ ဘယ်လောက် ကောင်းမလဲဆိုတာ မြင်သာပါတယ်။
ပိုအံ့အားသင့်စရာ ကောင်းတာက Macbook Air က fan မပါပဲ passive cooling နဲ့ heatsink ပဲသုံးထားတာပြီး Apple က Slim matching တွေမှာ powerful ရော efficienty ပါဖြစ်နိုင်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။video loop အပါအဝင် heavy test တွေကို 15.5 hr လောက် ခံတာတွေ့ရပါတယ်။ ဒါက အရင် model ထက် 5hr လောက်ပိုခံပါတယ်။Heat ကလဲ No fan , No problem ပါပဲ။သာမာန်သုံးတာလောက်တော့နွေးရုံလောက်ပံရှိပြီး အရင် fanless 12inch macbookထက်တော့ သိသိသာသာကြီးကိုကောင်းတာပါ။ ဒါက Air အတွက်တော့ အတော်မိုက်တယ်ပြောလို့ရပေမဲ့ Pro Model နဲ့ အဓိကကွာတာက Fan ပါတာဖြစ်ပြီး အဲတာက အချိန်ကြာကြား Performance ကို ထိန်းထားနိုင်တာပါ။ Program ကြီးတွေကို ကြာကြာ Run ရင် Macbook Air က အတော်လေး ပူလာပါလိမ့်မယ်။ ကျွန်တော်စမ်းတာတော့ အဲလောက်ထိတော့ မရောက်ပါဘူး။
M1 macbook air ဟာ fanless design ကို power နဲ့ အသုံးခံတာကို အကောင်းဆုံးပေါင်းစပ်ထားပါတယ်။အမိုက်စား OS, ပိုကောင်းလာတဲ့ WebCam, iPad, iOS အကောင်းဆုံးပေါင်းစပ်မှု တွေကြောင့် recommend လုပ်လို့အကောင်းဆုံးပါ။ဒီ improvement တွေကြောင့် ဈေးကြီး မယ်လို့ ထင်ရင်တော့ မှားပါလိမ့်မယ် အရင်လိုပဲ $999 နဲ့ပဲ စတင်ဝယ်နိုင်မှာပါ။ Macbook Air ရဲ့ speed ကို အခြား laptop တွေ မယှဥ်နိုင်ပေမဲ့ XPS လို Bezelless Design နဲ့ size ပိုသေးပြီး Thunderbolt 3 ကို ပိုပါရင်ပိုကောင်းမှာပါ။ ဒါပေမဲ့ သင်က အမြန်ဆုံး longest-lasting ultrathin laptop ကိုလိုချင်ရင်တော့ MacBook Air က standard အသစ်နဲ့ ပြိုင်ဖက်တွေကို လုံးဝနောက်ချန်နိုင်ခဲ့ပြီး Windows big Fans တွေတောင် ဒါကို လက်ခံရပါလိမ်မယ်။
မူရင်း.. Tech Glaze
M1 chip ကို MacBook Pro mid 2012 မှာ ထည့်သုံးလို့ရနိုင်လားဗျ?
ReplyDelete