menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

M1 Macbook Air နဲ့ Macbook Pro ဘာကိုဝယ်သင့်လဲ

 

M1 Macbook Air နဲ့ Macbook Pro ဘာကိုဝယ်သင့်လဲ

ဒီရက်ပိုင်း M1 MacBook ကို upgrade လုပ်ဖို့စဥ်းစားနေတဲ့သူတွေအနေနဲ့ MacBook Air နဲ့ Pro ကြားမှာ ဘာဝယ်ရမလဲဆိုတာ အရမ်းကိုစဥ်းစားရခက်ပါတယ်။ M1 သုံးထားတာတူတဲ့အပြင် ကွာခြားချက်ထက် တူညီမှုကများနေတဲ့အတွက် MacBook Pro က မြန်မာငွေ ၄ သိန်းပိုပေးရတာ တန်ရဲ့လား မတန်ဘူးလားဆိုတာကို ဒီ post မှာ အဖြေရှာတွေ့ပါလိမ့်မယ်။

​MacBook ၂ ခုစလုံးက  5nm based M1 ကိုအတူတူသုံးပေးထားတယ်။

Based model RAM 8GB , SSD 256 GB ၂ ခုကိုယှဥ်ကြည့်ရင် SoC မှာ GPU 7 cores နဲ့ 8 cores ပဲကွာပါတယ်။

၂ ခုစလုံးမှာ CPU က 8 cores , High Performance အတွက် 4 cores, High Efficiency အတွက် 4 cores အတူတူပဲသုံးပေးထားတဲ့အတွက် CPU performance က လုံးဝအတူတူပါပဲ။

••• M1 GPU •••

MacBook Air - 7 Cores

MacBook Pro - 8 Cores

MacBook Air ဖြစ်တာမို့လို့ M1 chip ကိုပဲ တမင် core တစ်ခုကို ဖယ်ထားတာလို့တောင်ထင်ပါတယ်။ လက်တွေ့မှာ ဘာမှမကွာပါဘူး။ 

ဒါပေမဲ့ကိုယ်က Graphic သမား Heavy user ဆိုရင်တော့ 8 cores နဲ့ Fan ပါတဲ့ Pro ကိုပဲစဥ်းစားပါ။

MacBook Air မှာတော့ လုံးဝ Fanless, Complete Silent Design နဲ့ဖြစ်သွားပြီး MacBook Pro မှာတော့ Active cooling fan ပါလာတယ်။

ဒါပေမဲ့ လက်တွေ့ နှိုင်းယှဥ်ချက်တွေအရတော့ MacBook Air ရဲ့ အမြင့်ဆုံး Performance ကို Run နေတဲ့အချိန်မှာ Heat က 39, 40°C အထိပဲတက်တဲ့အတွက် Fanless ဖြစ်နေတာကိုလက်ခံလို့ရပါတယ်။

Heavy task ကို နေ့စဥ်လုပ်နေရတဲ့သူဆိုရင်တော့ MacBook Pro ရဲ့ Active Cooling Fan နဲ့မှ ရေရှည်အဆင်ပြေနိုင်မှာပါ။ ရံဖန်ရံခါမှ Heavy သုံးရတယ်ဆိုရင်တော့ MacBook Air က ပေးရတဲ့စျေးနဲ့ကျေနပ်စရာပါ။ 

Display ပိုင်းမှာ Retina Display ကိုပဲ Quality အတူတူသုံးပေထားတယ်။

ဒါပေမယ့် Pro က 100 nits ပိုပြီးလင်းပါတယ်။ အဲ့တာကြောင့် outdoors တွေမှာဆို ပိုလင်းတယ်ဆိုပေမယ် အရမ်းကြီးထည့်စဥ်းစားဖို့တော့မလိုပါဘူး။

Web Cam မှာ ၂ ခုလုံးက 720p quality ပဲရမယ်။ Pro မှာတော့ sharpness တွေ အနည်းငယ်ပိုကောင်းမယ်။ ဒါပေမဲ့ သိပ်မကွာပြန်ပါဘူး။

Speaker နဲ့ Mic မှာ Pro က studio quality ရလို့ မသိမသာလေး ပိုသာမယ်။

Size က အတူတူပဲ ဖြစ်ပြီးတော့ Weight မှာ MacBook Air က 2.8lb, MacBook Pro က 3.0lb

0.2lb လောက်ကွာတာက သိပ်မသိသာပေမဲ့ Design Language မှာ MacBook Air က ပိုပါးတဲ့ wedge ကြောင့် စာရိုက်တဲ့အခါပိုပြီး convenience ဖြစ်မယ်။

Touch Bar မဟုတ်ပဲ Function keys တွေပဲပါတာကလည်း MacBook Air ကတစ်ချို့လူတွေအတွက် ပိုအဆင်ပြေစေမှာပါ။ 

ကျွန်တော်ကတော့ Personally Touch Bar ကိုမကြိုက်ပါဘူး။

အရင်နှစ်တွေက MacBook Pro ရဲ့ Touch Bar တန်းမှာ ESC key မပါတဲ့ပြဿနာကို Apple က M1 မှာ ပြန်ထည့်ပေးလိုက်တဲ့အတွက် Touch Bar ကြိုက်တဲ့သူတွေအတွက်လည်း အဆင်ပြေသွားပါတယ်။

Battery life မှာ M1 က အရင် intel တွေတက် အများကြီး (တကယ်အများကြီး) improved ဖြစ်သွားတာပါ။ MacBook Air မှာ Video playback 18hrs, Web browsing 15hrs နဲ့ MacBook Pro မှာ 20hrs, 17hrs ပါ။ ဒါက အရင် intel processors တွေလုံးဝလိုက်မမှီတဲ့အချက်ဖြစ်ပြီးတော့ ပုံမှန် user ဆို ၂ ရက်လောက် အားမသွင်းပဲ အကြိုက်သုံးလို့ရပါတယ်။ တကယ်ရတာပါ။ 

Neural Engine 16 cores ဖြစ်ပြီး Machine Learning မှာ အရင် Mac series တွေထက် MacBook Air က 9 ဆ နဲ့ MacBook Pro က 11 ဆ ပိုပြီး မြန်မှာပါ။ 

အားမရတဲ့အပိုင်းကတော့ I/O ports တွေပါပဲ။ ၂ ခုလုံးမှာ Thunderbolt ၂ ခုပဲပါပါတယ်။ Extra Monitor နဲ့ချိတ်ချင်ရင် Maximum 1 display ပဲရတာမို့ Ports ထပ်လိုရင်တော့ M1 Mac Mini ကမှ အဆင်ပြေနိုင်မှာပါ။

Over all ခြုံပြောရရင် MacBook Air နဲ့ Pro က ဘာမှမကွာပါဘူး။

Cooling Fan ပါတာနဲ့ မပါတာ

Touch Bar နဲ့ Function Key

Display Brightness

GPU 7 and 8 cores

2hrs Battery Life

ဒါပါပဲ။

ကျွန်တော့အနေနဲ့ အပေါ်က ကွာခြားချက်တွေအတွက် 4 သိန်းပိုပေးရတာတန်လားဆိုရင်တော့ မတန်ပါဘူး။

အဲ့အစား MacBook Air ကို GPU 8 cores ပါတာယူလိုက်မှာပါ။ SSD 512 GB လဲရပြီး MacBook Pro based model ထက် ၅ သောင်းသက်သာပါသေးတယ်။

ကျွန်တော်က Engineering field ကဖြစ်တာမို့ Pro ကို လိုခဲ့မယ်ဆိုရင်တောင် နောက်ထွက်မယ့် MacBook Pro 16-inch ကို စောင့်ဖြစ်မှာပါ။ အခုလက်ရှိ M1 chips နဲ့ကိုတော့ သင်က ကျောင်းသားဆိုရင် or heavy user မဟုတ်ရင် MacBook Air ကိုပဲ  ၄ သိန်းလျော့ပြီး ဝယ်လိုက်ဖို့အကြံပေးပါတယ်။

Price List တွေကိုလည်း ကျွန်တော်တို့ iP Apple Products Page မှာ တင်ထားပါတယ်။

Customized RAM, SSD ကိုလဲမှာယူလို့ရသလို ဘာဝယ်ရမှန်းမသိဖြစ်နေရင်လည်း Chat Box မှာ Consultant service လုပ်ပေးနေပါတယ်။

အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

Credit

ရေးသားသူ - Pyae Htoo Khant (iP Apple Products)

1 comment:

  1. Computer နဲ့ ပတ်မသက်သိပြီးသေးတာလေးတွေ သိခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ

    ReplyDelete

မင်္ဂလာပါ..