iPad တွေကွေးတယ်ဆိုတဲ့အထဲမှာ.. 2018,2020 ထုတ် iPad များဟာ ပါးလွန်းတဲ့အတွက်ကြောင့် ထိုင်မိတာသော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် ကွေးကုန်ပါတယ်.. ကွေးတာလွယ်သလို.. ပြန်ဖြောင့်ဖို့အတွက်လည်း နည်းလမ်းသိရင် လွယ်ပါတယ်..
ပုံမှာပြထားတဲ့နည်းလေးက ကျနော်ကိုယ်တိုင် ကြုံတွေ့လို့ လက်တွေလုပ်ဆောင်ထားတဲ့နည်းလေးဖြစ်ပါတယ်..
ပုံထဲကအတိုင်း ကွေးနေတဲ့ iPad ကို မှောက်ထားပြီး.. ကွေးတဲ့အပေါ်မှ ခဲတံ(သို့)ဘောပင်လေးဖြင့်ခံပြီး စာအုပ် ၄,၅ အုပ်ခန့်ထပ်ထားပါ.. (ဒီနေရာမှာ ကွေးတဲ့အကွေး အနည်းအများအလိုက် စာအုပ် အနည်းများ ချိန်ငြှိပါ..) စိတ်စောပြီး စာအုပ်အများကြီး မထပ်ထားစေလိုပါ..
ပြီးရင် အဲ့ဒီအတိုင်း ၄,၅ နာရီ(သို့) တစ်ညလုံးပစ်ထားလိုက်ပါ.. မနက်ရောက်တဲ့အခါ.. ကွေးနေတဲ့ မိမိiPad လေး အကောင်းပကတိပြန်ဖြစ်နေတာ တွေ့ရပါလိမ့်မယ်..
အားလုံးအဆင်ပြေနိုင်ကြပါစေ..
ZMC
No comments:
Post a Comment
မင်္ဂလာပါ..