menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

DDR3 VS DDR4 ဘာတွေကွာလဲ

 

ဖုန်းတွေ ကွန်ပျူတာတွေဝယ်တော့မယ်ဆို RAM ဘယ်လောက်ပါလဲဆိုတာမျိုး မေးဖူးကြမလ်ထင်ပါတလ်.......

RAM များမျာပါတဲ့ Device တွေက ယေဘူယျအားဖြင့် ဘာ Software တွေပဲဖြစ်ဖြစ်သုံးတဲ့အခါမှာ ပိုပြီး မြန်မြန်မြန်ဆန်ဆန် အသုံးပြုနိုင်ပါတလ်။

#Internet_Browser မှာ Tab တွေ အများကြီးတန်းစီဖွင့်သုံးတာမျိုး၊ တစ်ပြိုင်နက်တည်း #Software ၂ခု ၃ခု ပြိုင်ပီးသုံးချင်တယ်ဆိုရင်တော့ #Random_Access_Memory လို့ခေါ်တဲ့ RAM (Memory) ရဲ့ အခန်းဏ္ဍက တော်တော်လေးကို အရေးပါပါတယ်။

𝟮𝗚𝗕, 𝟰𝗚𝗕 စတဲ့ Capacity တွေကို အားလုံးလည်း သတိထားမိကြနိုင်ပေမယ့် #DDR3, #DDR4 စတဲ့ အသုံးပြုတဲ့နည်းပညာ ကွဲပြားသွားတာကို လူတော်တော်များများ မသိကြတာများပါတလ်....

(𝗗𝗼𝘂𝗯𝗹𝗲 𝗗𝗮𝘁𝗮 𝗥𝗮𝘁𝗲) 𝗗𝗗𝗥𝟯 ကတော့ RAM ဈေးကွက်ကို ဆယ်စုနှစ်တစ်စုကျော်ကြာအောင် လွှမ်းမိုးထားခဲ့နိုင်ပါတယ်။ DDR3 ကို 2007 မှာ စတင်ထုတ်လုပ်ရောင်းချခဲ့ပြီး #Intel ရဲ့ #6th နဲ့ #7th Generation တွေမှာသာ အဓိကထား သုံးခဲ့ပါတယ်။ မကြာခင်နှစ်အတွင်းမှာပဲ 𝗗𝗗𝗥𝟰 market ထဲဝင်လာတဲ့အခါ Older RAM Generation တွေထက် ထူးခြားပြီး သာလွန်တဲ့ #Quality တွေပါဝင်လာတော့ #𝗱𝗲𝗺𝗮𝗻𝗱 လဲများလာပါတယ်။

ဒါကြောင့် လူကြီးမင်းတို့ 8th Generation or later (ဒါမှမဟုတ်) #AMD_Ryzen_Processor တွေလိုမျိုး Laptop or PC တွေကို အသုံးပြုမယ်ဆိုရင်တော့ #DDR4_Memory ကို လိုအပ်မှာအသေအချာပါပဲ...

ဒါဆိုရင် DDR4 က DDR3 ထက် ဘာတွေပို အားသာလာလဲ ဆက်ရှင်းပြပေးပါ့အုန်းမလ်….

✅ DDR4 ဟာ DDR3 ထက် ဗို့အားနည်းနည်းနဲ့ အလုပ်လုပ်ပြီး 1.5_volts ကနေ 1.2 နဲ့ Run ပါတယ်။

✅ DDR3 နဲ့ DDR4 ကြားမှာ နောက်ထပ်ကွာခြားချက်တစ်ခုက #Speed ပါ။

DDR3 ရဲ့ Specifications က 800 MT/s (Million of Transfer per second) နဲ့ စပြီး 1600 အထိ ရှိပေမယ့် DDR4 ကတော့ အခုလက်ရှိစျေးကွက်မှာ 2133 ကနေ 2666 အထိရှိပါတယ်။

နောက်ထပ် ထင်ရှားတဲ့ Differences တွေကတော့...

1️⃣ Chip Densities

•••••••••••••••

DDR3 ရဲ့ Chip Densities 2GB လောက်ကနေ 8GB အထိရှိတဲ့အချိန်မှာ DDR4 က 4GB ကနေ 16GB အထိ လာပါတယ်။

ဒါကြောင့် DDR4 က DDR3 ထက် Size ပမာဏ ပိုကြီးပါတယ်။

2️⃣ Rates

•••••••

❗DDR4 ဟာ Data Rate 𝟭𝟲𝟬𝟬 𝗠𝗯/𝘀 𝘁𝗼 𝟯𝟮𝟬𝟬 𝗠𝗯/𝘀 လောက် run နိုင်ပြီး

❗DDR3 က DDR4 ရဲ့ Mb/s ထက်ဝက်လောက်ပဲ Operate လုပ်နိုင်လို့ DDR4 က Input ရော Output #Speed ပါ ပိုသွက်တဲ့ အားသာချက်တစ်ခုပါပဲ။

3️⃣ Voltage

••••••••

1.2 volts နဲ့ Run လို့ #Power_Memand_Memory ကို လျှော့ချပေးတဲ့ အားသာချက်ကို DDR4 မှာ တွေ့နိုင်ပါတယ်။

4️⃣ Voltage Standard

••••••••••••••••••••

DDR3 အထူးသဖြင့် (DDR3L) ရဲ့ အနိမ့်ဆုံး Voltage_Standard က 1.35 V ရှိနေပြီး DDR4 က 1.05 ဖြစ်တော့ Memory Power ကို #Reduce လုပ်တဲ့အခါ ပို #Effective ဖြစ်ပါတယ်။

+++++++++++++++

ယခုတင်ပြပေးထားသော အကြောင်းအရာသည်

#Synnex_Myanmar_Facebook_Page မှ ကူးယူဖော်ပြပေးထားခြင်းဖြစ်ပါတလ်...

No comments:

Post a Comment

မင်္ဂလာပါ..