menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

CPU Coolers ေတွ ဘယ်လို အလုပ်လုပ်လဲ


All in One Liquid Cooler တွေ အလုပ်ဘယ်လိုလုပ်လဲ 
====================== 
 
ကျွန်တော်ဒီနေ့မှာ Cooler တစ်ခု့အကြောင်းကို ပြောပြမှာပါ။ တစ်ခု့ဆိုတာထက် အမျိုးအစားတစ်မျိုးပေါ့။ Gaming Desktop ပဲဖြစ်ဖြစ် Workstation ပဲဖြစ်ဖြစ် တစ်နေကုန်ကြာကြာထိုင်သုံးတဲ့လူတွေက Performance ကိုမကျစေချင်ဖူးဆိုရင် Cooler ကောင်းကောင်းတပ်ပေးရပါတယ်။ Cooler တွေထဲမှာမှ Air cooling လေနဲ့ ရှိမယ် Liquid Cooling အရည်နဲ့ရှိမယ် ။ အရည်နဲ့ကျတော့ဗျာ ကိုယ့် CPU ကိုပိုပြီး ထိထိရောက်ရောက် Cooling ပေးနိုင်ပါလိမ့်မယ်။ Liquid Cooling မျိုးစုံထဲမှာမှ AIO cooling လို့ခေါ်ကြတဲ့ All in one cooler အကြောင်းကို ကျွန်တော်ဒီနေ့ပြောပြမှာပါ။ ပထမဆုံးရိုးရိုးရှင်းရှင်းအရင်ပြောရရင် AIO cooler တစ်ခု့မှာ ပိုက်လိုင်း၂လိုင်းပါမယ်။ Radiator ပါမယ်။ CPU ပေါ်မှာတပ်ဖို့ ခေါင်းပါမယ်။ fans တွေပါမယ်။ ကိုယ်လုပ်တဲ့အလုပ်အပေါ်ကိုမူတည်ပြီးတော CPU က အလုပ်အကြာကြီးလုပ်ရင် ပူလာမယ်။ AIO cooler ခေါင်းက အဲ့ Heat တွေကို Liquid ကနေတစ်ဆင့် ပိုက်လိုင်း တစ်ခု့ ကနေသယ်သွားမယ်။ ပြီးရင် Radiator ထဲကိုဖြတ်မယ်။ Radiator က ဘာလုပ်ပေးလဲဆိုတော့ သူထဲကဖြတ်သွားတဲ့ ပူနေတဲ့ liquid တွေကို Heat exchange လုပ်ပေးတယ်။ သဘောက ပန်ကာတွေနဲ့ မူတ်ပေးပြီးတော့ အေးအောင်ညှိပေးတယ်ပေါ့ဗျာ။ အဲ့ထဲမှာမှ Liquid တွေလဲအေးသွားရော နောက်ပိုက်လိုင်းတစ်ခု့ ကနေပြန်ထုတ်ပြီး AIO cooler ရဲ့ခေါင်းစီကို ပြန်သွားပါတယ်။ ပိုက်လိုင်းနှစ်ခု့က In နဲ့ Out ပေါ့ဗျာ။ ကိုယ်က တစ်နေကုန် CPU ကိုခိုင်းမှာ အသားကုန်ဗြင်းမှာဆိုရင် အနည်းဆုံး Fan ၂လုံးပါတဲ့ AIO cooler ကိုတော့ရွေးသင့်ပါတယ်။ Fan တစ်လုံးထဲပါတဲ့ကောင်က CPU ရဲ့ Stock Frequency လောက်ကိုပဲ နိုင်နိုင်နင်းနင်း Cooling ပေးနိုင်းမှာပါ။ ကိုယ်က CPU ကို Overclock လုပ်ချင်တယ် တစ်နေကုန်လဲ သုံးမှာ အလုပ်လုပ်မှာ ဂိမ်းဆော့ရင်း Streaming လဲလုပ်မှာဆိုရင်တော့ အနည်းဆုံး Fan နှစ်လုံးပါတဲ့ AIO cooler ကိုရွေးသင့်ပါတယ်။ သူက Case ထဲကိုဝင်တဲ့ လေကိုပဲ ပြန်မူတ်ပေးတာဆိုတော့ မြန်မာနိုင်ငံရဲ့ အပူချိန်ကိုလဲထည့်တွက်ရပါလိမ့်မယ်။ အပြင်မှာအပူချိန်က များနေရင်လဲ cooler ကောင်းကောင်းလေးသုံးထားတာတောင် စက်က ပူပါလိမ့်မယ်။ အကောင်းဆုံးကတော့ computer ခန်း ကို Air con တပ်ထားတာအကောင်းဆုံးပါပဲ။ AIO cooler က လက်ရှိ Gaming Desktop တွေမှာ pro တွေ Streamer တွေအတွက်မရှိမဖြစ်လို့ဖြစ်နေပါပြီ။ ကိုယ့် CPU ကိုယ် cooling ကောင်းကောင်းတပ်ပြီး သေသေချာချာဂရု့တစိုက်ချစ်ပေးကြပါလို့ ပြောချင်ပါတယ်။ မူရင်း... Eastern iT and Mobile .

No comments:

Post a Comment

မင်္ဂလာပါ..